နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ လူငယ် တစ်ဦးကို မဟုတ်မမှန် စွပ်စွဲ ဖမ်းဆီး၍ SB အောင်ကျော်ဇင်မှ ငွေ ၅ သိန်း တောင်းနေ

RB News
26.8.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ အခြေစိုက် SB ဌာနမှ ရဲ တစ်ဦး ဖြစ်သူ အောင်ကျော်ဇင်သည် အလယ်သံကျော် ဈေးသွား ဈေးပြန် များကို မဟုတ်မမှန် စွပ်စွဲ ၍ ငွေ ညှစ်ခြင်း များမကြာခဏ ပြုလုပ်လျက်ရှိရာ ယနေ့လည်း ဥဒေါင်း ရွာမှ ရိုဟင်ဂျာ လူငယ် တစ်ဦးကို ဖမ်း ဆီး ၍ ငွေ ၅ သိန်း တောင်းခံ နေကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ညနေ ၄ နာရီတွင် မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ ဈေးမှ ဈေးဝယ်၍ ပြန်လာသော ဥဒေါင်းရွာမှ ရိုဟင်ဂျာ လူငယ် မောင်နာဆူး (ဘ) ဦးကာလာမျာ (အသက် ၂၃ နှစ်) ကို ဘင်္ဂလား ဒေ့ရှ်မှ လက်ကိုင်ဖုန်း ကိုင်ဆောင် ထားသည်ဟု မဟုတ် မမှန် စွပ်စွဲ၍ ဖမ်းဆီး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။ 

SB အောင်ကျော်ဇင်သည် ယခု ကဲ့သို့ ဈေးသွား ဈေးလာ များကို ဖမ်းဆီး၍ ငွေညှစ်ခြင်း ကို ပြုလုပ် နေ သည်မှာ လပေါင်း များစွာ ရှိနေပြီ ဖြစ်သည်။ ယခု ဖမ်းဆီး ခံရသော မောင်နာဆူး ထံမှ ငွေကျပ် ၅ သိန်း တောင်းခံလျက် ရှိကြောင်း မိသားစုဝင် များနှင့် နီးစပ်သူ များမှ တဆင့် သိရှိ ရပါသည်။ 

အလယ်သံကျော် အနီးတ၀ှက်ရှိ ရိုဟင်ဂျာ များမှာ အောင်ကျော်ဇင်၏ ဒုက္ခပေး မှုများကို မကြာခဏ ခံနေ ရ သောကြောင့် အဆင့်မြင့် အာဏာပိုင် များကို တိုင်ကြား သော်လည်း ယခု အချိန်ထိ အရေး ယူ ဆောင် ရွက် ပေးခြင်း မရှိဘဲ၊ ယခု ကဲ့သို့ နည်းမျိုးစုံဖြင့် ဖမ်းဆီး၍ ငွေညှစ်ရန် နိုင်ငံတော် အစိုးရ ကိုယ်တိုင် လွှတ်ပေး ထားသည်ဟု ဒေသခံ အများစုက ထင်မြင် ယူဆ နေကြသည်။ 

အောင်ကျော်ဇင်သည် ထိုကဲ့သို့ မဟုတ် မမှန် စွပ်စွဲ၍ ငွေညှစ်ရုံ သာမက လူကုန်ကူးမှု လုပ်ငန်းတွင်လည်း အဓိက ပါဝင် နေသူ တစ်ဦး ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus