နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ ပြဿနာကို သုံးပွင့်ဆိုင်ဖြေရှင်းဖို့ UNDP ခေါင်းဆောင် ပြောကြား

(ဓါတ်ပုံ - ဦးသာအေး Facebook)

14.8.2013

မြန်မာ နိုင်ငံက ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းဖို့ အတွက် ရိုဟင်ဂျာ လူမျိုးတွေ၊ ရခိုင် လူမျိုး တွေနဲ့ အစိုးရ အာဏာပိုင်တွေ ပူးပေါင်း ဖြေရှင်းမှ အာင်မြင်မှာ ဖြစ်တယ်လို့ ဝါရှင်တန် ဒီစီ ရောက် ရှိ နေ တဲ့ ပြည်ထောင် စု အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဥက္ကဌ ကပြောဆို လိုက်ပါ တယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖိတ်ကြားတဲ့ နိုင်ငံတကာ ခေါင်းဆောင်များ လေ့လာရေး အစီ အစဉ်နဲ့ ရောက်ရှိ နေတဲ့ မြန်မာ ကိုယ်စား လှယ် အဖွဲ့မှာ ပါဝင်သူ ရိုဟင်ဂျာ ခေါင်းဆောင် ဦးအဘူတာဟေရ် က အာဖက်အေ ရုံးချုပ်ကို ဒီကနေ့ လာရောက် လည်ပတ်စဉ် အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင်သူက ရိုဟင်ဂျာ မရှိဖူး ဆိုပြီး ငြင်းပယ် နေလို့ မဖြစ်နိုင် ကြောင်းလည်း ပြောဆို ပါတယ်။

"ရိုဟင်ဂျာ တွေက မြန်မာ့ သမိုင်း မှာကော ကမ္ဘာ့ သမိုင်း မှာကော မြန်မာ့ လွတ်လပ်ရေး ရပြီး နောက်ပိုင်း တိုင်းရင်းသား အဖြစ် ရှိခဲ့တာကို ကျွန်တော်တို့ ပြန်လည် ဖော်ထုတ်ဖို့ လိုတယ်။ ၁၉၈၂ နိုင်ငံသား ဥပဒေ အ ရ ရိုဟင်ဂျာကို နိုင်ငံသား မဟုတ်ဘူး ဆိုတာကို လုံးဝ ငြင်းဆိုလို့ မရပါဘူး"

အမေရိကန် ပြည်ထောင်စုရဲ့ မတူ ကွဲပြားတဲ့ လူမျိုး ပေါင်းစုံ အတူ ယှဉ်တွဲ နေထိုင်ရေး ကဏ္ဍကို လေ့ လာ ဖို့ ရောက်ရှိ နေတဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့မှာ ပါဝင်သူ နောက်တစ်ဦး ကတော့ စစ်ကိုင်း တောင်ရိုး ရှိ နိုင်ငံ တကာ ဗုဒ္ဓဘာသာ သင်ကြားရေး ဌာနက အရှင် ဦးသုန္ဒရ ဖြစ်ပါတယ်။

ဆရာတော်က မြန်မာပြည်မှာ လူမျိုးရေး ဘာသာရေး ပြဿနာတွေ ဖြေရှင်းရေး အတွက် နိုင်ငံသား တွေရဲ့ အသိဥာဏ် ပညာ တိုးတက်ရေးဟာ အဓိက လိုအပ်ချက် ပဲလို့ မိန့်ကြား ပါတယ်။

"အမေရိကန် အစိုးရကနေ ဦးဇင်းတို့ နိုင်ငံက ဘာသာရေး ခေါင်းဆောင် တွေကို ခေါ်ပြီး၊သူတို့ နိုင်ငံမှာ လည်းပဲ ဒီလို ဘာသာ ပေါင်းစုံ နေကြသော် လည်းပဲ ငြိမ်းငြိမ်း ချမ်းချမ်း ရှိတယ် ဆိုတာ သိစေတဲ့ သဘော ပါ။ ဒီလိုမျိုး ဖြစ်ရပ် တွေဟာ ဒါတွေဟာ အခြေခံ အားဖြင့် ပညာရဲ့ အားနည်း မှုလို့ ယူဆတယ်။ပညာရေးကို အားစိုက် လိုက်မယ် ဆိုရင် ဒီလို အနေအထား တွေဟာ တဖြည်းဖြည်း ပျောက်ကွယ် သွားမယ်လို့ ဦးဇင်း ယူဆတယ်"

အခုလာရောက်တဲ့မြန်မာ ကိုယ်စားလှယ် အဖွဲ့မှာ ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန် စတဲ့ ဘာ သာ ပေါင်း စုံ ချစ်ကြည် ညီညွှတ်ရေး အတွက် ဆောင်ရွက် နေသူ ၈ ဦး ပါဝင် ပါတယ်။

ဤဒီအဖွဲ့ဟာအမေရိကန်ပြည်ထောင်စုမှာသုံးပတ်ကြာ နေထိုင်ပြီး ဝါရှင်တန် ဒီစီ၊ ဘော်စတွန်၊ န ယူး အော် လင်းစ်နဲ့ လော့စ် အိန်ဂျယ်လစ် မြို့တွေကို သွားရောက် လေ့လာမှာ ဖြစ်ပါတယ်။

Comment ရေးရန်

Rohingya Exodus