မြစ်မခမီဒီယာမှ လုပ်ကြံရေးသားသည့် သတင်းကို ဒေသခံ ရိုဟင်ဂျာများ ပြင်းထန်စွာ ရှုတ်ချ
RB News
3.9.2013
မောင်တော ။ ။ မြစ်မခ မီဒီယာမှ ယနေ့ ရက်စွဲဖြင့် ရေးသားသော “ဘင်္ဂလားဒေ့ရှ် အစိုးရ လက်ခံ ပါ က မောင်တော ဒေသ ဧည့်နေ ဘဂါင်္လီ အချို့နေရပ် ပြန်ကြမည်” ဟု လုပ်ကြံ ရေးသားသည့် သတင်းကို မောင်တော မြို့ နယ်၊ အလယ်သံကျော် ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ များမှ ပြင်းထန်စွာ ရှုတ်ချကြောင်း RB News သို့ ပြောသည်။
လွန်ခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့ နေ့လည် ၁ နာရီ ခန့်တွင် အလယ်သံကျော် ကျေးရွာ အုပ် ချုပ် ရေးမှူးရုံး၌ ပြည်တွင်း မီဒီယာ သတင်း သမား အချို့နှင့် ဒေသခံ ရိုဟင်ဂျာများ တွေ့ဆုံ ခဲ့သည်။ ထို သို့ တွေ့ဆုံ ရာတွင် ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် ဒေသခံ ရိုဟင်ဂျာ ၁၀၀ ခန့် တက်ရောက် ခဲ့သည်။
“ပထမဆုံး ပြောလိုတာက ကျွန်တော် တို့ကို ဧည့်နေ ဘင်္ဂါလီလို့ သုံးတဲ့ ကိစ္စပါ။ ကျွန်တော် တို့က ဧည့်နေ လား၊ တိုင်း ရင်းသားလား ဆိုတာ ကျွန်တော်တို့ ရိုဟင်ဂျာ သမိုင်းက သက်သေ ရှိတယ်။ အစိုးရရဲ့ မူဝါ ဒ ကြောင့် ကျွန်တော်တို့ ယာယီ ကဒ်ပြား ကိုင်ထားရတာ။ ကျွန်တော်တို့ ကိုင်ခဲ့ဖူးတဲ့ အမျိုးသား မှတ်ပုံတင် ကဒ်ပြားကို ဒီနေ့ နိုင်ငံတော် သမ္မတ ဖြစ်နေတဲ့ ဦးသိန်းစိန်လည်း ကိုင်ခဲ့ဖူးတယ်။ အဲဒီတော့ မြစ်မခလို့ မီဒီ ယာ တစ်ခု ကျွန်တော် တို့ကို ဧည့်နေလို့ ခေါ်တာက သူတို့ကိုယ် သူတို့ အစိုးရများ ထင်နေ လားတော့ မသိ ဘူး။ အယ်ဒီတာချုပ် လုပ်နေတဲ့သူ ကတော့ ကျင့်ဝတ်ကို သေချာ သဘောပေါက် ပုံမရဘူး။ ဟိုရက်ပိုင်း ကလည်း မြိတ်မှာ တရားခံ တွေမိတယ် ဆိုပြီး လုပ်ကြံ သတင်း တင်တဲ့ မီဒီယာပါ” ဟု ဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ RB News သို့ပြောပါသည်။
မီဒီယာ သတင်း သမား များနှင့် တွေ့ဆုံ ပွဲသို့ မြစ်မခမှ ရေးသားသည့် သတင်းတွင် ပါဝင်သာ ဦးအဒူရောင်း ဆိုသူမှာ တက်ရောက် ခဲ့ခြင်း မရှိခဲ့ဘဲ လုပ်ကြံသည့် သတင်းသာ ဖြစ်ကြောင်း အဆိုပါ ဒေသခံမှ ဆက် လက် ပြောပါသည်။
“ကျွန်တော်တို့ ရွာက သေးသေး လေးပါ။ ဘယ်နေရာမှာ ဘာဖြစ်တယ် ဆိုတာ ကျွန်တော်တို့ အားလုံး သိ တယ်။ ဦးအဒူရောင်း ဆိုတဲ့လူက စိတ္တဇ ဝေဒနာရှင်ပါ။ သူ့မှာ စိတ္တဇ ဝေဒနာ ဖြစ်နေတာ ၂၀၀၈ ခုနှစ် က တည်း ကပါ။ သူက အချိန်ပြည့် ဈေးထဲမှာဘဲ နေတယ်။ ပြီးတော့ ကျွန်တော်တို့ ရွာမှာ တစ်ဖက် နိုင်ငံက ခိုး ၀င်လာတဲ့ သူ လုံးဝ (လုံးဝ) မရှိဘူး။ အဲဒီနေ့က တွေ့ဆုံပွဲမှာ ဦးအဒူရောင်း သွားလည်း မသွားဘူး။ ဒီလို လုပ်ကြံ ရေးသားဖို့ ရခိုင် လူမျိုး တစ်ယောက် ယောက်က အဲဒီ စိတ္တဇ ဝေဒနာ ရှင်ရဲ့ နာမည်ကို အသုံးပြုဖို့ တိုက်တွန်း ခဲ့တာဘဲ ဖြစ်မယ်။ ဦးအဒူရောင်းက စိတ္တဇ ဝေဒနာရှင် ဆိုတာ ကျွန်တော်တို့ တရွာလုံး သိ တယ်။ အဲဒီလို လုပ်ကြံ ရေးသား တာကို ကျွန်တော်တို့ အလယ်သံကျော် ဒေသခံ ရိုဟင်ဂျာ တွေ အား လုံး က ပြင်းထန်စွာ ရှုတ်ချ ပါတယ်” ဟု ဆိုပါသည်။
တွေ့ဆုံပွဲတွင် မီဒီယာ သတင်း သမား များက အာဏာပိုင် များငွေညှစ် ခြင်း ကိစ္စများကို မေးမြန်းရာ ဒေသခံ များက “အရင် နစက လောက် မဆိုးတော့ ပေမယ့် အခုထိတော့ ငွေညှစ်မှု တွေရှိနေတယ်” ဟု ဖြေကြား ခဲ့ ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ငွေညှစ်မှု နှင့် ပတ်သက်၍ မေးမြန်း ရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုယ် တိုင် တွေ့ဆုံပွဲတွင် ရှိနေ သဖြင့် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ကြောင်း သိရှိ ရပါသည်။
ထို့အပြင် မီဒီယာ သတင်း သမားများက ပြည်ပရှိ ရိုဟင်ဂျာ အရေး လှုပ်ရှားသူ များနှင့် စပ်လျဉ်း သည့် မေး ခွန်းများ မေးမြန်း ခဲ့ကြောင်း သိရှိ ရသည်။ အကယ်၍ ဘင်္ဂါလီ လူမျိုး အမည်ဖြင့် နိုင်ငံသား အပြည့်အ၀ ရလျှင် ယူမည်လား ဟုမေးမြန်းရာတွင် ဒေသခံ ရိုဟင်ဂျာ များက “အိမ်ထဲ ကနေ အိမ်ပြင် ထွက်ဖို့ မပေး ရင်တောင် ကျွန်တော် တို့ရဲ့ မူရင်း လူမျိုး အမည် ရိုဟင်ဂျာ လူမျိုး မရရင် လုံးဝ လက်မခံ နိုင်ဘူး” ဟု ဖြေ ကြား ခဲ့သည်။
ဒေသခံ တစ်ဦးက “ကျွန်တော် တို့ကို အစိုးရ နိုင်ငံသား ပေးသည် ဖြစ်စေ၊ မပေးသည် ဖြစ်စေ၊ ကျွန်တော် တို့က ဒီနိုင်ငံမှာ ဘိုးစဉ် ဘောင်ဆက် နေလာတာ။ အစိုးရ ကိုယ်တိုင်က ကျွန်တော်တို့ရဲ့ ရိုဟင်ဂျာ သမိုင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သမိုင်း ပညာရှင် တွေရှေ့မှာ စကားစစ် ထိုးဖို့ မ၀ံ့ရဲဘူး။ ယနေ့ ရခိုင်ပြည် လို့ ခေါ် တဲ့ အာရ်ကာန်က ကျွန်တော် တို့ရဲ့ မြေ။ ကျွန်တော်တို့ ဒီမှာ မွေးတယ်။ ကျွန်တော်တို့ ဘိုးဘွား ဘီဘင် ဒီမှာ မွေးတယ်။ ဒီနေရာက ကျွန်တော် တို့ရဲ့ မူရင်း ဌာနေဘဲ။ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုကို အခြေခံ ပြီး၊ လုပ်ကြံပြီး ဘယ်လောက် ရေးရေး၊ အမှန်တရား ဆိုတာတော့ ဘယ်တော့မှ ဖုံးကွယ်လို့ ရတာ မဟုတ် ဘူး။ မြန်မာ နိုင်ငံမှာ လွတ်လပ်ရေး ရပြီး ပါလီမန် ဒီမိုကရေစီ ခေတ်မှာ ရိုဟင်ဂျာက မြန်မာ နိုင်ငံရဲ့ တရား ၀င် တိုင်းရင်းသားဖြစ်ခဲ့တယ်။ သမ္မတဦးသိန်းစိန် ကိုယ်တိုင် ဘယ်လောက်လိမ်လိမ်ဒီသမိုင်းက ဘယ်တော့ မှ ဖျောက်လို့ ရမယ့် သမိုင်းတော့ မဟုတ်ဘူး။” ဟု ပြောပါသည်။
မြစ်မခ မီဒီယာမှ လုပ်ကြံရေးသား သည့်သတင်းကို အောက်တွင် ဖတ်ရှု နိုင်ပါသည်။ (လင့်ခ် ။ ။ http://bit.ly/17wIBmL)