ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ ရဲများကို ငွေညှစ်ရန် ညွန်ကြားထားဟု ဒေသခံများပြော
သီဟ
RB News
3.9.2013
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ဒေသခံ ရိုဟင်ဂျာ များကို နည်း လမ်း ပေါင်း စုံဖြင့် ဖမ်းဆီး၍ ငွေညှစ်ရန် ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေမှ ညွန်ကြား ထားကြောင်း ဘူးသီးတောင် မြို့နယ် ဒေသခံ ရိုဟင်ဂျာ များက ပြောပါသည်။
ဘူးသီးတောင် မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက တဖက် နိုင်ငံက တရားမ၀င် လူများ ၀င်ရောက် လာသည်ဟု ကောလဟလ သတင်းများ ဖြန့်ပြီး ရဲတပ်ဖွဲ့ဝင် များကို တစ်အိမ် တက်ဆင်း နေ့စဉ် ဧည့်စာရင်း စစ်ခိုင်း နေသည်ဟု သိရှိ ရပါသည်။ ဧည့်စာရင်း စစ်ရာတွင် လူတစ်ဦး မရှိပါက တဖက် နိုင်ငံ တွင် သင် တန်း သွားတက် နေတာလားဟု ပြောဆိုပြီး နေအိမ်ရှိ လူကို ဖမ်းဆီး၍ စခန်းရောက်လျှင် ရိုက်နှက်၍ ငွေကျပ် ၂ သိန်းမှ ၃ သိန်းထိ ယူပြီး ပြန်လည် လွှတ်ပေးခြင်းများ နေ့စဉ် ရက်ဆက် ပြု လုပ် လျက် ရှိကြောင်း သတင်း ရရှိပါသည်။ ရဲများမှ တောင်းသည့် ငွေကြေး မပေး နိုင်သူ များကို မဟုတ်မမှန် သည့် ပုဒ်မများ တပ်၍ တရားစွဲခြင်း များပြုလုပ် လျက်ရှိသည်။
ထို့အပြင် ဘူးသီးတောင် ဈေးကြီးသို့ နယ်ဘက်မှ ဈေးလာဝယ် သူများကို ရွာထွက် လက်မှတ် မပြနိုင် လျှင် ငွေကျပ် ၁ သိန်းမှ ၂ သိန်းထိ ယူလျက် ရှိကြောင်း သိရပါသည်။ ဒေသခံ တစ်ဦးက “အရင်က နစက ရဲ့ဓါးပြ တာဝန်ကို အခု ရဲတွေက လုပ်နေတယ်။ သူတို့လည်း တရားဝင် ဓါးပြ လိုင်စင် ရထား သူ တွေဖြစ်နေ ပြီ” ဟု RB News သို့ပြောပါသည်။ ယခုကဲ့သို့ ရဲများမှ ပြုလုပ် နေခြင်း များမှာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦး သန်းရွှေ၏ ညွန်ကြားချက် ကြောင့်ဖြစ်ကြောင်း ဒေသခံ အများစုက ဆိုသည်။
မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၏ ဗဟို အလုပ်အမှုဆောင် တစ်ဦး ဖြစ်ပြီး၊ RNDP မှ လစာ ယူနေသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံ များက ဆိုသည်။ အုပ်ချုပ်ရေးမှူး ရာထူးမှ အငြိမ်းစား ယူပြီးပါက လွှတ်တော် အမတ် နေရာ အတွက် ၀င်ရောက် အရွေး ချယ် ခံ မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။
ဘူးသီးတောင် မြို့နယ် ရဲစခန်းမှ နာမည်ဆိုး ဖြင့်ကျော်ကြား သော ဒုရဲအုပ် မြတ်ထွေးမှာ ယခင်က သင် တန်းသွားတက်နေခဲ့ပြီး၊ ယခုပြန်ရောက်သည့် အချိန်မှ စ၍ ဘူးသီးတောင် မြို့နယ်တွင် ဖမ်းဆီး ညှင်း ပန်း ငွေညှစ်မှု များ ပိုမို များပြား လာကြောင်း ဒေသခံ များမှ ပြောပါသည်။ ဒုရဲအုပ် မြတ်ထွေးသည် ၂၀၀၇ ခုနှစ်က ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်၍ သတ်ပစ် ခဲ့သော်လည်း နိုင်ငံတော် အစိုးရမှ အရေး ယူခြင်း တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ဘူးသီးတောင် မြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။
ယခု ရက်ပိုင်း အတွင်း ငွေညှစ် ခံရသူ များမှာ --
(၁) ဦးနူရူရ် အဟမတ် (ဘ) ဦးရှာကဲရ် (ရွာမ မှ - ပေးခဲ့ရသည့်ငွေ ၁ သိန်း ၅ သောင်း)
(၂) ဦးဟာရွန်ရရှီဒ် (ရွာမ မှ - ပေးခဲ့ရသည့်ငွေ ၁ သိန်း ၅ သောင်း)
(၃) ဦးဂနီ (ရွာမ မှ - ပေးခဲ့ရသည့်ငွေ ၅ သောင်း)
(၄) ဦးအာယုပ်ခါန် (ဘ) ဦးဆီဒိတ် (ရွာမ မှ - ပေးခဲ့ရသည့်ငွေ ၁၀ သိန်း)
(၅) ဦးလောတ်ဖူလ် ဟာကီးမ် (၇ ရပ်ကွက်မှ - ပေးခဲ့ရသည့်ငွေ ၁ သိန်း)
(၆) ဦးဟာရှင်မ် (၇ ရပ်ကွက်မှ - ပေးခဲ့ရသည့်ငွေ ၆ သောင်း)
(၇) ဦးရှာကဲရ် (၇ ရပ်ကွက်မှ - ပေးခဲ့ရသည့်ငွေ ၈ သောင်း)