နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့၌ ရဲများမှ ငွေလုယက်၍ ပြန်တောင်းသူအား ဖမ်းဆီးပြီး ငွေညှစ်

RB News
7.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၌ ဧည့်စာရင်း စစ်သည့် ရဲများမှ ငွေလု ယက် ရာ ငွေပြန်တောင်းသူ အားဖမ်းဆီး၍ ထပ်မံ၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၃) ရက်နေ့ ည ၁၁ နာရီကျော်တွင် မောင်တော မြို့နယ်၊ အမှတ် (၂) ရပ်ကွက် (ဖယာဇီရွာ) သို့ ရဲ၊ လုံထိန်းများနှင့် ရခိုင်လူမျိုးများ ၀င်ရောက်၍ ဧည့်စာရင်း စစ်ခဲ့သည်။ ဧည့်စာရင်း စစ် သည်ဟု ခေါင်းစဉ် တပ်ပြီး နေအိမ်များသို့ ၀င်၍ တွေ့သည့် ပစ္စည်းများ၊ ငွေများကို တရားဝင် လိုင်စင်ရ ဓါးပြ သဖွယ် လုယက် လျက်ရှိသည်။ ထိုနေ့ညတွင် ဦးဒိလ်မာမတ် (ဘ) ဦးမိုဟာမတ် ဆီဒိတ် ၏နေအိမ်ကို ၀င်ရောက်ပြီး ရဲများက ဘီဒိုထဲမှ ငွေကျပ် တစ်သိန်း သုံးသောင်း ယူခဲ့သည်။ ငွေယူပြီး ထွက်အသွားတွင် ဦးဒိလ်မာမတ်က ငွေများကို ပြန်တောင်းရာ ၎င်းအား ထိုနေရာတွင်ပင် ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွား ခဲ့သည်။ 

“ဧည့်စာရင်း ခေါင်းစဉ် တပ်ပြီး ဓါးပြတိုက် နေတာပါ။ အိမ်တွေထဲ ၀င်ပြီး မျက်စိရှေ့ တွေ့တဲ့ ပစ္စည်း တွေကို ယူတယ်။ ပိုက်ဆံတွေ့ရင် ပိုက်ဆံ ယူတယ်။ ဦးဒိလ်မာမတ်က သူ့ပိုက်ဆံ တစ်သိန်းသုံးသောင်း ကို ပြန်တောင်း   တော့ အဲဒီနေရာမှာဘဲ ရိုက်နှက်ပြီး ဖမ်းသွားတယ်။” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုသို့ ဖမ်းဆီး သွားပြီးနောက် ရဲများ လုယက် သွားသည့် ငွေကျပ် တစ်သိန်း သုံးသောင်း ပြန်မပေးသည့် အပြင် ဦးဒိလ်မာမတ်က ၎င်းအချုပ်ခန်း ထဲမှ လွတ်မြောက်ရေး အတွက် ငွေကျပ် နှစ်သိန်း ပေးခဲ့ရသည်။ 

“ဖမ်းသွား ပြီးတော့ ရဲတွေက သူတို့ လုသွားတဲ့ ငွေ တစ်သိန်း သုံးသောင်း ပြန်မပေးတဲ့ အပြင် အချုပ်ခန်း ထဲ က လွှတ်ဖို့ အတွက် ငွေ နှစ်သိန်း ပေးခဲ့ရတယ်” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောပါသည်။

မောင်တော မြို့နယ်တွင် လွန်ခဲ့သည့် လမှ စ၍ ဧည့်စာရင်း ခေါင်းစဉ် တပ်၍ အစုလိုက် အပြုံလိုက် ဖမ်းဆီး မှု များဆက်တိုက် ပြုလုပ် လျက်ရှိသည်။ ဖမ်းဆီး ခံရသူများမှ ပြစ်မှု ကျူးလွန်ထားသူ များမ ဟုတ် သော် လည်း ရဲနှင့် လုံထိန်းများမှ ငွေညှစ်ရန် ဖမ်းဆီး နေခြင်းသာ ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus