သနားစရာ လွှတ်တော် ကိုယ်စားလှယ်များ
(ဓါတ်ပုံ - AP) |
ကြင်မင်းဆွေ
RB News
4.9.2013
လွှတ်တော် ကိုယ်စားလှယ် ဟူသည် ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ၎င်းတို့ကို ပြည်သူ များက မိမိတို့၏ အသည်းထဲက မဲပြားများဖြင့် ရွေးချယ် တင်မြောက် ရသည်။ မိမိတို့ မဲဆန္ဒရှင် ပြည်သူများအတွက် လိုအပ်၊ သင့်တော်၊ လျှောက်ပတ်၍ ဖက်စုံ ဒေါင့်စုံ နှင့်ကိုက်ညီသော ဥပဒေ များကို သဘောချင်း မျှ၊ ဓေါင် ချင်းညှိ၍ ဆွေးနွေး တိုင်ပင် ပြဌာန်း ရခြင်းသည် ပင်လျှင် ထိုသို့သော ကိုယ်စားလှယ် တော်ကြီးများ၏ အဓိ က တာဝန်ပင် ဖြစ်သည်။
မြန်မာ နိုင်ငံတွင် လွှတ်တော် ၃-ရပ် ရှိသည်။ ထိုလွှတ်တော် များအတွက် ကိုယ်စားလှယ် တော်ကြီးများကို “ပြည်သူ့ ထံမှပြည်သူ့ ထံသို့” ဆိုသည့် ဒီမိုကရေစီ အနှစ်သာရနှင့်အညီပြည်သူတို့က ရွေးချယ် တင်မြောက် လိုက်ပါပြီ၊ လွှတ်တော် တို့မှာ လည်း နေသားတကျ ပေါ်လာ ပါပြီ၊ ဥပဒေ အချို့ကို အတော် အသင့် ပင် ပြ ဌာန်း နိုင် ခဲ့ပါပြီ၊ ဆိုလိုသည်မှာ ဒီမိုကရေစီ စက်ယန္တရား ကြီးသည် စတင် စက်နိုး လိုက်နိုင်ပြီ ဟု ဆိုလိုခြင်း ပင်၊ စက်ယန္တရားကြီး စတင် နိုးလိုက်သည်နှင့် စက်ထဲရှိ အစိတ် အပိုင်း အားလုံးသည် သူ့အစီ အမံနှင့် စတင်လှုပ်ရှား လာရသည်။ ထိုသို့ မဟုတ်လျှင် စက်ယန္တရား ကြီးသည် ချိုးယွင်း နေသည် ဟုဆိုနိုင် သည်။
ယ္ခုအခါ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ လွှတ်တော် စက်ယန္တရား ကြီးတွင်လည်း၊ ၎င်း၏ အစိတ်အပိုင်း အားလုံး လှုပ်ရှား နေသည်ကို တွေ့မြင် ရခြင်း မရှိပါ။ စက်ချိုးယွင်း နေသည် အလားဖြစ်နေ၍ တော့နင်း၊ တော့နင်း သွားနေ ရပါသည်။ လွှတ်တော် ထဲရှိ ကိုယ်စားလှယ် အများစုမှာ လှုပ်ရှား နေသော်လည်း တစ်ချို့မှာမူ မလှုပ်ရှားဘဲ နေနေသည်ကို တီဗွီ ဖန်သားပေါ်တွင် နေ့တဓူဝါး တွေ့နေရ ပါသည်။ တလောတုန်းက လွှတ်တော် ဥက္ကဌမှ အတင်း ပြောရသည် ဟူ၍ပင် ရေဒီယို သတင်းမှ ၀မ်းနည်း စရာကြား ခဲ့ရပါသည်။
၎င်းတို့သည် တပ်မတော်သား ကိုယ်စားလှယ် များဖြစ်သည်။ ၎င်းတို့၏ ဇတ်မြစ်ကို လေ့လာကြည့် ပါက၊ ၎င်းတို့သည် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီ တပ်မတော်သား တို့၏ ဆန္ဒ သဘောထားနှင့် ရွေးကောက် တင်မြှောက်ခြင်း မဟုတ်၊ သက်တမ်းမဲ့၊ တာဝရ ခန့်ထားခြင်း၊ ရွေးထားခြင်း ခံရသော ကာကွယ်ရေး ဦးစီး ချုပ်၏ ခေါင်းခေါက် ရွေးချယ် ထားသော တပ်မတော်သား များသာဖြစ်သည်။ ၎င်းသူ တို့သည် ကန့်သတ်မှု အဖုံဖုံကြားတွင် မြေစာပင် ဖြစ်နေကြသူ များသာ ဖြစ်သည်။
စာရေးသူ အနေဖြင့် ကန့်သတ်ချက် ၃-ရပ်ကို တွေ့မြင် ပါသည်။ ဥာဏ်ကြီးများ စဉ်းစားခြင်းဖြင့် ထိုထက် မကသော ကန့်သတ် ချက်များ ဖေါ်ထုတ် နိုင်မည်ဟု ရိုးသားစွာဖြင့် ယုံကြည်ပါသည်။ စာရေးသူ မြင်တွေ့ သော ကန့်သတ်ချက် များမှ - - ၁။ အမိန့် အာဏာဖြင့် ကန့်သတ်ခြင်း၊ ၂။ နေရာ ထိုင်ခင်းဖြင့် ကန့် သတ် ခြင်း နှင့် ၃။ ၀တ်စား ဆင်ယင်မှုဖြင့် ကန့်သတ်ခြင်း တို့ဖြစ်သည်။
၁။ အမိန့် အာဏာဖြင့် ကန့်သတ်ခြင်း။ ။ ကာကွယ်ရေး ဦးစီးချုပ်မှ ရွေးချယ် သောကြောင့် သူ၏ အမိန့် အာဏာ၊ သူ၏ သဘောထားကို မလွန်ဆန် နိုင်၍၊ မပြောရဲ၊ မဆိုရဲ၊ ဆန္ဒမဖေါ်ရဲ၊ မလုပ်ရဲ၊ မကိုင်ရဲ ဖြစ် သည်။ ချိုင့်ထဲမှ သာလိကာ ငှက်အား မည်သို့ စောင့်ရှောက် ပြုစုစေကာမူ ငှက်အခွင့် အရေး ဆုံးရှုံး စမြဲပင် မဟုတ်ပါလော။
၂။ နေရာ ထိုင်ခင်းဖြင့် ကန့်သတ်ခြင်း။ ။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တို့သည် အထက် အမိန့်နှင့် အညီ တနေရာ တည်းတွင် ထိုင်နေ ခြင်းလား၊ သူတို့ သဘောနှင့်ပင် သူတို့ ထိုင်နေခြင်း လားမ သိ၊ တစ်နေရာ တည်းတွင် ထိုင်နေသည် ကိုတွေ့ရှိ နိုင်သည်။ ထိုသို့ဖြင့် သူတို့သည် လွှတ်လပ်မှု ကင်းမဲ့၏။ တခြား ကိုယ်စားလှယ် တို့နှင့်ဟန်ပန် အမူအရာဖြင့် လည်းကောင်း၊ တီးတိုး ပြောဆိုခြင်းဖြင့် လည်းကောင်း၊ မည်သူမျှ အဆက်အသွယ် မပြုနိုင်၊ တစ်ဦးကို တစ်ဦး အားနာ ၍လား၊ ခြောက်နေ၍လား မသိ၊ ရုပ်သေး စင်ပေါ် တင်ထားသော ရုပ်သေး ရုပ်ပမာ ငြိမ်သက်စွာ ထိုင်နေ ရပါသည်။
၃။ ၀တ်စား ဆင်ယင်မှုဖြင့် ကန့်သတ်ခြင်း။ ။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တို့သည် တစ်ခြား ကိုယ်စားလှယ် များနှင့်မတူဘဲ မိမိတို့၏ တပ်မတော် ၀တ်စုံကို ဆင်မြန်း ထားရသည်။ ၎င်းတို့ သည်၊ ငါသည် တပ်မတော်သား ဖြစ်သည်၊ အရပ်သား အတွက် ပြောရမလား မပြောရဲ၊ မဆိုရဲ ဘ၀ဖြင့် အချိန် ကုန်လွန် နေသည်ကို တွေ့ရသည်။
တပ်မတော်သား တို့သည်လည်း၊ ပုထုစဉ် လူသားများဖြစ်ကြသည်။ သူတို့မှာ လွှတ်လပ်စွာ ဆန္ဒ ထုတ်ဖေါ်၊ လှုပ်ရှား သွားလာမှု များရှိသင့်သည်။ မဟုတ်လျှင် လူ့အခွင့် အရေး ချိုးဖေါက် ခံနေရသော ဒုက္ခသည် ဘ၀ ရောက်သွား ပါမည်။ ရောက်လည်း ရောက်နေသည်မှာ လွှတ်တော် ပေါ်ပေါက် ခါစကပင် သနားစ ရာ တွေ့မြင် နေရသည်။
အဆို တစ်ရပ်ကို ဆွေးနွေး ချိန်တွင် အမိန့်မရ၍ မဆွေးနွေးရ၊ အမိန့်ခံ၍ ခွင့်ပြုချိန်တွင် အဆိုကပြီး သွားပြန် သည်။ သို့နှင့် သူတို့ ခမျာ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော် အကြား မြေစာပင် ဖြစ်နေ ရသည်။
“ရောဂါရှိက၊ ဆေးရှိသည်” အတိုင်း ၎င်းကန့်သတ် ချက်ကို အောက်ပါ အတိုင်း ဖြေရှင်းနိုင် ပါသည်။
၁။ ကာကွယ်ရေး ဦးစီးချုပ်မှ တိုက်ရိုက် မရွေးဘဲ တပ်မတော်သား အတွင်း လွှတ်လပ်စွာ အရွေးခံ ပိုင်ခွင့်၊ လွှတ်လပ်စွာ ရွေးချယ် ပိုင်ခွင့် ပေးလိုက် ပါက တပ်မတော်သား များက မိမိတို့၏ ကိုယ်စားလှယ် များကို ဒီမို ကရေစီ ကျင့်စဉ်နှင့် အညီ ရွေးကောက် တင်မြှောက် ပါက ဦးစီချုပ်၏ အနှောင် အဖွဲ့လွှတ်တော် မြောက် သွားပြီး လွှတ်လပ်စွာ ပြောရဲ ဆိုရဲလာမည်။
၂။ နေရာ ထိုင်ခင်းကို အမည် နာမပါ အက္ခရာစဉ် အလိုက် နေရာချ ပေးပါက တစုတစည်း တည်း မနေ ရ ဘဲ ပြန့်ကြဲ သွားမည်။ လွှတ်လပ် သွားမည်။
၃။ ၀တ်စား ဆင်ယင်မှုအား မိမိတို့၏ ရိုးရာ ယဉ်ကျေးမှုနှင့် အညီ ရိုးရာ ၀တ်စုံကို ၀တ်ဆင်ခွင့် ပေးခြင်းဖြင့် စစ်ဝတ်စုံ ပျောက်ကင်း သွားပြီး လွှတ်လပ် ပွင့်လင်း လာမည်။
အထက်ပါ အတိုင်း ပြင်ဆင် ကုစားမှုကို အချိန်မီ ဆောင်ရွက် နိုင်ပါမှ မြန်မာ့ ဒီမိုကရေစီ စက်ယန္တရား ကြီး သည် အရှိန်ရလာပြီး ရှေသို့ တက်လှမ်း နိုင်မည် ဖြစ်ကြောင်း တင်ပြလိုက် ရပါသည်။