သူတို့မီဒီယာ၏ မျက်နှာဖုံးများကို ခွာချကြည့်ခြင်း (၁)
ယျာတင် (ရိုဟင်းသား)
RB News
5.8.2017
သူတို့မီဒီယာ၏ မျက်နှာဖုံးများကို ခွာချကြည့်ခြင်း (၁)
(သို့မဟုတ်)
(သို့မဟုတ်)
BBC သတင်းထောက်၊ Narinjara အယ်ဒီတာ ခိုင်မြဲကျော်၏ မျက်နှာဖုံးကို ခွာချကြည့်ခြင်း
အချိန်က မွန်းလွဲ ၂ နာရီ ၁၅ မိနစ်။
"ဟဲလို ... ကိုခိုင်မြဲကျော် .... ကျနော် ကိုင်းကြီးက စိန်လှမောင်ပါ ... ကျနော်တို့ရွာရဲ့ အရှေ့ဖက် တောထဲက မြိုတစ်ချို့ အသတ်ခံရတယ်ဗျာ ... "
"အို ...ဟုတ်လား ... ဘယ်သူတွေ ဘာကြောင့် သတ်တာလဲ ... ဘယ်နှစ်ယောက်အသတ်ခံရလဲ ... ဘင်္ဂလီတွေက သတ်တာလား ... ရှင်းရှင်းပြောပြလေ ... ကိုစိန်လှမောင်"

Narinjara သတင်းဌာနရဲ့ အယ်ဒီတာလည်းဖြစ် ရခိုင်ဆိုင်ရာ BBC မြန်မာပိုင်းရဲ့ သတင်းထောက်လည်းဖြစ်သူ ခိုင်မြဲကျော်က သတင်းသမားပီပီ ဖြစ်စဉ်ကို သိချင်စိတ်ပြင်းစွာနှင့် အသေးစိတ် မေးချလိုက်သည်။ ထိုအခါ စိန်လှမောင်က သက်ပြင်းတစ်ခုကို လေးလေးပင့်ပင့် ချပြီးနောက် -
"ဘင်္ဂလီတွေ မဟုတ်ဘူးဗျာ ... ဘယ်လိုပြောရမှန်းတောင်မသိဘူး ...အချင်းချင်း ဖြစ်တာဗျာ ... ကိုင်းကြီးက WY ဂိုဏ်း လုပ်ချလိုက်တာလေ ... ဒီမူးယစ်ရာဇာတွေကြောင့် တစ်ရွာလုံးခံရမလိုပဲဗျာ ..."
စိန်လှမောင်၏ စကားထဲ၌ စိုးရိမ်ပူပင်သောကကို အဝေးကနေ ခိုင်မြဲကျော် မြင်နေရသည်။
"ကိုစိန်လှမောင်... ဒီထက်နဲနဲ ရှင်းအောင်ပြောပြပါလား ... ပြဿနာ ဖြစ်တဲ့အချိန် ... အကြောင်းရင်း ... ဘယ်နှစ်ယောက်အသတ်ခံရ ... အလောင်းကို ဘယ်မှာတွေ့ ... စသဖြင့်ပေါ့ ... "

"ကိုခိုင်မြဲကျော်ရေ ... သတင်းပျံ့နေတာက ၁၁ နာရီနောက်ပိုင်းမှာပဲ ... သိသိချင်း စုံစမ်းကြည့်တာ အခု ၂ နာရီလောက်မှပဲ သတင်းအတိအကျရတာလေ ...ဟို ရွှေမောင်တို့အဖွဲ့က လုပ်ချလိုက်တာဗျာ .. (ရွှေမောင်ဆိုတာ WY နှင့် ထိုင်းမှာ အဖမ်းခံရပြီး ထိုင်းအစိုးရက မြန်မာဖက် လွှဲပြောင်းပေး၊ လွန်ခဲ့သော ၆ လခန့်မှ ထောင်က လွတ်မြောက်လာသူ) ... သူတို့အဖွဲ့က ဘူးသီးတောင်ကနေ တစ်လခန့်အရင်က အဲ့တောင်ကြားလမ်းကတဆင့် WYတွေ သယ်လာတာ ... ဟိုမြိုတွေက ဝိုင်းဓားပြတိုက်တယ်... အကြိမ်ကြိမ် ပြန်တောင်းတယ်... မပေးဘူး... ဒီတော့ သတ်ဖို့အကွက်စောင့်နေတာ ဒီနေ့မှာ သီးခြားတွေ့လို့ ရှင်းလိုက်တာလေ ... အခုသူတို့အဖွဲ့လည်း ပျောက်နေတယ် ... ဟိုမှာ အသတ်ခံရတာက ၈ ယောက်လို့ ပြောသံကြားနေတာပဲ ... မနက်စောစော ရှင်းလိုက်တာ ရှိမယ်... တော်တော် လူကြားမကောင်းဘူးဗျာ ... အချင်းချင်း ဒီလိုလုပ်လိုက်တာ ဖြစ်ရပ်မှန်ကိုသာ တခြားလူတွေ သိရင် တကယ် လှောင်စရာဖြစ်မှာပေါ့ဗျာ ..."
စိန်လှမောင်က စိတ်မရှည်တရှည်နှင့် အကြောင်းစုံ ရှင်းပြလိုက်လျှင် ခိုင်မြဲကျော်တစ်ယောက် ငြိမ်နေရင်း စဉ်းစားခန်း ဝင်နေမိသည်။ အတန်ကြာမှ-

"ကိုစိန်လှမောင် ... ဒီအဖွဲ့သတ်တယ်လို့ အစိုးရက လူတွေ အစအန တွေ့လိုက်လား ... အစိုးရက ဘာသံပေးနေကြလဲ"
ခိုင်မြဲကျော်က အေးအေးဆေးဆေး မေးလိုက်လျှင်-
"ဘယ်သူမှ မမြင်လိုက်ဘူး ကိုခိုင်မြဲကျော်... ကျနော်က သတင်းကြားကြားချင်း လိုက်စုံစမ်းကြည့်တော့ ... သူတို့ဘော်ဒါတစ်ယောက်က ကျနော့်ကို အဖြစ်မှန်ပြောပြတာ ... သာမန်လူတွေတောင် အဖြစ်မှန် သေချာမသိသေးဘူး ... တစ်ခုခု လုပ်ပါဦး ကိုခိုင်မြဲကျော်ရာ... "

စိန်လှမောင်က ပြဿနာ၏ ဖြစ်ရပ်အမှန်ကို သေချာ ပြောပြလိုက်သည်။
"ကိုစိန်လှမောင်... ဒါဆို အဆင်ပြေပြီ ... ကုလားဖက် ထိုးချလိုက်မယ်လေ ... အခု ဖုန်းကိုချလိုက်ပြီး ပြန်ခေါ်မယ် ... ကုလားတွေ လာသတ်တယ်လို့သာ ပြောပြ ... record မှာ မှတ်တမ်းရှိအောင်"

ပြောပြီးနောက် ခိုင်မြဲကျော်က ဖုန်းကို ချလိုက်သည်။ ခဏအကြာမှ ပြန်ခေါ်လိုက်၏။ ပြီးလျှင် အစကနေ ပြန်မေးသည့်ပုံစံဖြင့် စကားပြောလာသည်။
"ဟဲလို ... ကျနော် BBC သတင်းဌာနက ခိုင်မြဲကျော်ပါ ...ကိုင်းကြီး (မြို) ရွာသားတွေ အသတ်ခံရတယ် သတင်းကြားလို့ ... အသေးစိတ်ခဏ ပြောပြနိုင်မလား... ကိုစိန်လှမောင်..."

"အော် ... ဟုတ်ကဲ့ ... ကုလားဆိုး အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်သတ်လိုက်တာပါ ... အလောင်းတွေ ၈ နာရီမှာ တွေ့တယ် ... အမျိုးသမီးတွေလည်း ပါတယ် ... အာဏာပိုင်နဲ့ ဒေသခံရခိုင်တွေက အလောင်းတွေ သွားယူနေကြပြီ ... ၈ ယောက်လို့ ကြားနေရတယ် ..."
ပြောပြီး ဖုန်းချလိုက်သည်။ ပြီးလျှင် ခိုင်မြဲကျော်က ခဏအကြာ ဖုန်းထပ်ခေါ်လာ၏။
"ကိုစိန်လှမောင် ... record အဆင်ပြေပြီ ... ဘယ်က မေးမေး အဲ့လိုပဲဖြေနော် ...ကောင်းပြီဗျာ ... သတင်း ခပ်မြန်မြန် ရေးတင်လိုက်ဦးမယ် ... နောက်ဆက်တွဲလည်း စောင့်ကြည့်ပါ..."
×××
တစ်နာရီလောက်အကြာတွင် Narinjara သတင်း၌ "အကြမ်းဖက်သမားများ သတ်ဖြတ်၍ ကိုင်းကြီးမြို့ရွာမှ အရပ်သား ရှစ်ဦးသေဆုံး" ခေါင်းစီးဖြင့် သတင်းတက်လာသည်။ သတင်းကိုယ်ထဲတွင်လည်း "မြိုမိသားစု ၈ ဦးအား မူဆလင် အကြမ်းဖက်သမားများမှ ယနေ့နံနက် ၈ နာရီက သေနတ်ဖြင့် ပစ်လိုက်သည်ဟု သတင်းရရှိပါသည်" ဆိုပြီး မဖြစ်ဖြစ်အောင် ထည့်ရေးပေးလိုက်သည်။
ပြီးနောက် Narinjara မှာ ရေးတင်သည့် အရေးအသားကို နည်းနည်းပါးပါး ပြင်ဆင်ပြီးလျှင် BBC မြန်မာပိုင်း Mail ကို လှမ်းပို့လိုက်သည်။ ခဏကြာသော် ... BBC မြန်မာပိုင်းကလည်း ခိုင်မြဲကျော်ပို့လာသည့် အတိုင်း သတင်းရေးတင်လိုက်လေ၏။

××
ခိုင်မြဲကျော်နှင့် စိန်လှမောင်တို့ နှစ်ယောက် သတင်းများ၏ အောက်တွင် ဘုမသိဘာမသိသော စာဖတ်ပရိသတ်များ၏ Comment များကို ဖတ်ပြီး အကျေနပ်ကြီး ကျေနပ်နေသည့် ပုံစံဖြင့် တိတ်တဆိတ် ပြုံးမိနေတော့သည်။

အနိုင်ပိုင်းသည့် အပြုံးများ၏ မျက်နှာဖုံးအောက်တွက် ပြောမဆုံးသည့် ယုတ်မာမှုများ ကိန်းဝပ်နေသည်ကို စာဖတ်ပရိသတ်များ သိရှိခွင့်ရခဲ့ရင် .....။
ယျာတင် (ရိုဟင်းသား)
ယျာတင် (ရိုဟင်းသား)