နောက်ဆုံးသတင်း/ဆောင်းပါးများ

ပစ္စည်းသွားဝယ်သည့် ရိုဟင်ဂျာလူငယ် (၃) ဦးကို ရခိုင်အစွန်းရောက်များက ရက်စက်စွာသတ်ဖြတ်

MYARF
RB News
20.11.2017

မောင်​​တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ်​ ကညင်​တန်း (မြို့မ) ​ကျေးရွာမှ ရိုဟင်​ဂျာလူငယ်​ သုံးဦးသည်​ ​ဝေသာလီ- ရခိုင်​ရွာသားများ၏ ရက်​ရက်​စက်​စက်​ သတ်​ဖြတ်​ခြင်းကို ခံခဲ့ရ​ကြောင်း သတင်းရရှိပါသည်။ 

အဆိုပါ လူငယ်​သုံးဦးသည်​ သုံးမိုင်​ နယ်​ခြား​စောင့်​စခန်းရှိရာ ​ဝေသာလီ​ကျေးရွာသို့ မကြာခဏ ပစ္စည်းသွားဝယ်​ပြီး မြို့​ပေါ်၌ ပြန်​လည်​ရောင်းကာ မိသားစု စားဝတ်နေရေးအတွက်​ ​ရောင်းဝယ်​​ဖောက်​ကား​နေသူများ ဖြစ်​ကြသည်​။ ၎င်းတို့သည် နိုဝင်​ဘာလ (၁၆) ရက်​​နေ့တွင်​လည်း အဆိုပါ ​​ဝေသာလီ - ရခိုင်​ရွာသို့ ပစ္စည်းများ ဝယ်​ရန်​သွားခဲ့ရာ ည​နေအိမ်​ပြန်​လာခြင်း မရှိဘဲ ​သုံးရက်​တိတိ ​ပျောက်​ဆုံး​နေခဲ့သည်​။ 

နိုဝင်​ဘာလ (၁၉) ရက်​​နေ့၊ ​ဝေသာလီရွာ၏ အ​ရှေ့ဖက် မြို့သူကြီး​ကျေးရွာရှိ ​ချောင်းတစ်​ခုအနီးတွင်​ အ​လောင်းသုံး​လောင်း ရှိ​နေသည်​ဟု သတင်းထွက်​၍ မိသားစုဝင်​များက ​မောင်​​တောရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဦး​ဆောင်​​သော အဖွဲ့နှင့်​အတူ သွားကြည့်​မှ အသတ်ခံထားရကြောင်း သိရှိလာခဲ့​သည်​။ ၎င်းအ​လောင်းသုံး​လောင်းကို ယ​နေ့ နိုဝင်​ဘာလ (၂၀) ​ရက်နေ့တွင်​ အ​လောင်း​တွေ့ရှိသည့်​​နေရာ၌ပင်​ မြုပ်​နှံသဂြိုဟ်ခဲ့​ကြောင်း ဒေသခံများက RB News သို့ပြောသည်​။

မြှပ်နှံသဂြိုဟ်ပြီးနောက် မောင်​​တောရဲစခန်းမှ ရဲတပ်ဖွဲ့များက မိသားစုဝင်​များကို ​ခေါ်ယူ၍ စစ်​​ဆေးခဲ့သည်​။

ဒေသခံတစ်​ဦးက "အဲ့ဖက်​ကို လူ​တွေသိပ်​မသွားတတ်​ဘူး။ ဒီလူငယ်​​တွေက ​ရောင်းဝယ်​​ဖောက်​ကား​နေသူ​တွေဆိုတော့ သူတို့နဲ့ သိကျွမ်းရင်းနှီးတဲ့ ရခိုင်​​တွေကို အားကိုးပြီး သွားကြတာ။ ​ရောင်းဝယ်​သူအချင်းချင်း ယုံကြည်​လို့ ပစ္စည်း​တွေသွားဝယ်​တာ​လေ။ အဲ့မှာ အစွန်း​ရောက်​ ရခိုင်​အုပ်​စုနဲ့​တွေ့သွားတာ ဖြစ်​နိုင်​တယ်​။ သတ်​တာက​တော့ အ​တော်​ကို ရက်​ရက်​စက်​စက်​သတ်​ခဲ့တယ်​။ သုံးေ​ယာက်​စလုံးကို ​ကြိုးနဲ့ချည်​ထား​တယ်​။ ပြီး​တော့ လှည်းလှီးသတ်​ထား​တာတွေ့ရတယ်​။ ခေါင်း​ပေါ်နဲ့ တစ်​ကိုယ်​လုံးကို အက်​ဆစ်​​လောင်းထားတဲ့ အနေအထားတွေ့ရတယ်​။ တစ်​ကိုယ်​လုံး ကျွမ်း​နေတယ်​။ ​ခြေလက်​​တွေ​တောင်​ တစ်​စစီ ဖြတ်​လိုက်​တယ်​" ဟု ဆိုသည်။
ဝေသာလီ​ကျေးရွာသည်​ ​မောင်​​တောမြို့နယ်​မှ အ​ရှေ့ဖက်​ ၃ မိုင်​ခန့်​တွင်​တည်​ရှိပြီး ယင်းရွာ၏ အ​ရှေ့ဘက်​ကပ်​လျက်​ ​ကျေးရွာဖြစ်​သည့်​ မြို့သူကြီး​ကျေးရွာသည်​ ဩဂုတ်​လ (၂၇) ရက်​​နေ့တွင်​ မြန်​မာလက်​နက်​ကိုင်​တပ်​ဖွဲ့များနှင့်​ ​ဝေသာလီ​ရွာမှ ရခိုင်အစွန်းရောက်မျာ ပူးပေါင်း၍ မီးရှို့ခြင်းကို ခံခဲ့ရသည်။

အသတ်​ခံရသည့်​ လူငယ်​သုံးဦးမှာ -

၁။ အီဒီရိစ် (ဘ) မော်လ၀ီမာမတ်ကော်ဘိရ် - အသက် (၂၃) နှစ်
၂။ အာဘုလ်ဟိုက်​ရ် (ဘ) ဦးအာဘူလ်ဟာရှိမ်း - အသက် (၂၀) နှစ်
၃။ ဟာမိတ်ဟူစိန်း (ဘ) ဦးမာမတ်ဟူစိန်း - အသက် (၂၂) နှစ်​ တို့ဖြစ်​ကြပါသည်​။




Comment ရေးရန်

Rohingya Exodus