နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗလီများတွင် ၀တ်ပြုခွင့်ကို တောင်းဆိုသော်လည်း ပြည်နယ် ၀န်ကြီးချုပ်က ခွင့်မပေး နိုင်ခဲ့

RB News
25.9.2013

မောင်တော ။ ။ စက်တင်ဘာလ (၂၂) ရက်နေ့တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင် တင်နှင့် ပြည် နယ် စည်ပင် ၀န်ကြီး ဦးမြအောင် တို့အဖွဲ့ မောင်တော မြို့သို့ ကွင်းဆင်း လေ့လာ၍ ဒေသခံ များနှင့် တွေ့ ဆုံ ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် နှင့်အဖွဲ့သည် ကျီးကန်းပြင်ရှိ မကဖ ရုံးချုပ်သို့ သွားရောက်၍ လုံထိန်း တပ်ရင်း အဖွဲ့၊ နကဖ အဖွဲ့ များနှင့် တွေ့ဆုံ၍ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေး ကိစ္စများ ဆွေးနွေး ခဲ့ကြောင်း သိရှိ ရပါသည်။ ထိုမှ အပြန်တွင် မောင်နှမ ကျေးရွာ သို့ဝင်၍ ပါမောက္ခ ချုပ် မော်လာနာအလ်ဟာဂ်ျဦးဆယာဒုလ်အာမီးန်နှင့်ရင်းရင်း နှီးနှီး တွေ့ဆုံ နှုတ်ဆက် ခဲ့ သည်။ မောင်တော မြို့တွင်လည်း ရပ်ကွက် / ကျေးရွာ ၅ ခုစီမှ ရပ်မိ ရပ်ဖ ၅ ဦးစီ၊ ဘာသာရေး ဆရာ (မော်လ၀ီ)  ၅ ဦးစီ ခေါ် ယူ ၍ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရှိ ရပါသည်။ တွေ့ဆုံ ဆွေးနွေး ရာတွင် ဒေသ တွင်း တည်ငြိမ် အေး ချမ်းရေးနှင့် ပြည်သူ လူထု နှစ်ဦး နှစ်ဖက် တို့၏ ကောင်းကျိုးနှင့် ဆုံးရှုံးမှု များကို ဆွေးနွေးပြီး၊ ၀န်ကြီးချုပ် ဦးလှမောင်တင်မှ အစည်းအဝေးသို့ တက်ရောက် လာသူများမှပြန်လည်ဆွေးနွေးရန် ဖိတ်ခေါ် ရာ၊ ကျောင်း အုပ် ဆရာ ကြီး ဟောင်း တစ် ဦးက မောင်တော မြို့တွင် ပုဒ်မ ၁၄၄ ထုတ်ထား သည်မှာ တစ်နှစ်ကျော် ရှိနေပြီး၊ ၅ ဦးထက် ပိုမစု ရသည့် ဥပဒေကြောင့် ယခု အချိန်ထိ ဗလီ ၀တ်ကျောင်းတော် များနှင့် ဘာ သာရေး ကျောင်းများ ပိတ်ထား ရကြောင်း၊ ဒေသခံ များမှ ဥပဒေ ကိုလေးစား လိုက်နာ ရသဖြင့် ဗ လီ ၀တ်ကျောင်းတော် တွင် ဘုရား ၀တ်ပြု ခွင့်နှင့် ဘာသာရေး ပညာ သင်ကြား သော ကျောင်းသားများ သင် ကြားခွင့် ဆုံးရှုံး နေရကြောင်း၊ ပြည်နယ် ၀န်ကြီးချုပ် အနေဖြင့် လေးလေး နက်နက် စဉ်းစား ၍ ပြန်လည် ခွင့်ပြု ပေးရန် ပန်ကြား ကြောင်း ပြောကြား ခဲ့သည်။ 

ထို့နောက် တက္ကသိုလ် ကျောင်းသား တစ်ဦးက မောင်တော မြို့တွင် တက္ကသိုလ် ကျောင်းသား / သူ ၃၀၀ ခန့်ရှိပြီး ပညာ သင်ကြားခွင့် ဆုံးရှုံး နေသည်မှာ တစ်နှစ်ကျော် နှစ်နှစ် နီးပါး ရှိနေပြီ ဖြစ်ကြောင်း၊ ကျောင်း သား / သူ များပညာ သင်ကြားခွင့် ဆုံးရှုံး နေသည်မှာ ကြီးမားသော ဆုံးရှုံးမှု တစ်ခု ဖြစ်၍ ပြည်နယ် ၀န်ကြီး ချုပ် အနေဖြင့် တက္ကသိုလ် ကျောင်းသား / သူများ ပြန်လည် ပညာ သင်ကြားရေး အတွက် အထူး အလေး ထား၍ စီစဉ် ပေးပါရန် ပန်ကြား ကြောင်း ပြောဆို ခဲ့သည်။ 

ဝန်ကြီးချုပ် ဦးလှမောင်တင်က ကျောင်းအုပ် ဆရာကြီး ဟောင်း၏ တောင်းဆိုမှုကို မဖြေကြားမှီ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် တီးတိုး တိုင်ပင် ပြီးနောက် ပုဒ်မ ၁၄၄ အရ ယခင်လို ဗလီ များ တွင် ဖတ်ခွင့် ရမည် မဟုတ်ကြောင်း၊ ဥပဒေ ပယ်ဖျက် မှသာ ဖတ်ခွင့် ရမည် ဖြစ်ကြောင်း ဖြေကြား ခဲ့ သည်။ ဒေသခံ တစ်ဦးက “ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး ကိုယ်တိုင်က ကျွန်တော် တို့ကို ဘာ သာရေး လွတ်လပ်ခွင့် မပေးချင်လို့ ၀န်ကြီးချုပ်ကို ဥပဒေ ပယ်ဖျက် ပေးဖို့ မတောင်းဆို တာပါ။ အဲ ဒါကြောင့် ဦးလှမောင်တင်က ဥပဒေ ပယ်ဖျက်မှ အရင်လို ဗလီ ၀တ်ကျောင်းတော်မှာ ဖတ်ခွင့် ရမယ် လို့ ပြောသွားတာ။ တကယ်တော့ ဥပဒေ ဆိုတာက သူတို့ရဲ့ ဆုံးဖြတ်ချက် ပါဘဲ။” ဟု RB News သို့ ပြော ပါ သည်။ 

တက္ကသိုလ် ကျောင်းသား၏ ပန်ကြားချက် နှင့်ပတ်သက်၍ မောင်တော မြို့မှ တက္ကသိုလ် ကျောင်းသား / သူ များ တက္ကသိုလ် ပညာ မကြာမှီ ပြန်လည် သင်ကြား နိုင်လိမ့်မည်ဟု ဖြေကြား ခဲ့ပြီး၊ အချိန်ကာလ မည် မျှ ကြာမည်ကို ပြောကြား သွားခြင်း မရှိခဲ့ဟု သိရှိ ရပါသည်။ 

စက်တင်ဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ရခိုင် လူမျိုး ရပ်မိ ရပ်ဖ များနှင့် သီးခြား တွေ့ဆုံ ခဲ့သည်။ ထို့နောက် ညနေ ၅ နာရီတွင် ဘူးသီးတောင် မြို့သို့ ထွက်ခွာ သွားပြီး၊ ဘူးသီးတောင် မြို့တွင် ဌာနဆိုင်ရာ ၀န်ထမ်း များနှင့် တွေ့ဆုံ ခဲ့သော်လည်း၊ ဒေသခံ ပြည်သူ များနှင့် တွေ့ဆုံ ခဲ့ခြင်း မရှိ ခဲ့ကြောင်း သိရှိ ရသည်။ ဦးလှမောင်တင်၏ ခရီးစဉ်တွင် စစ်တွေမြို့မှ ကြွယ်ဝ ချမ်းသာသည့် ရခိုင် ကုန်သည် ၁၅ ဦး အတူ ပါလာ ခဲ့ပြီး၊ မောင်တော မြို့ဘုန်းကြီး ကျောင်းတွင် ရခိုင် ရပ်မိ ရပ်ဖ များနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ 

မြန်မာနိုင်ငံ အ၀န်းတွင် ကုရ်ဘာနီအီးဒ် ကျင်းပရန်ညှိနှိုင်း စည်းဝေးလျက် ရှိသော်လည်း ဘူး သီးတောင်နှင့် မောင်တော မြို့များတွင်ဝတ်ပြုခွင့်၊ ဘာသာရေး သင်ကြားခွင့် ပိတ်ပင် ထားခဲ့ ရသ ဖြင့် ဒေသခံ ရိုဟင်ဂျာ မွတ်စလင် များမှာ ယခုနှစ်လည်းကုရ်ဘာနီအီးဒ်ပြုလုပ် ရမည် မ ဟုတ်သောကြောင့် လွန်စွာ ပူဆွေး သောက ရောက်လျက် ရှိကြောင်း၊ ၀န်ကြီးချုပ် ဦးလှမောင်တင်၏ ခရီးစဉ်တွင် ထုတ်ပြန် ထားသော ဥပဒေကို ရုပ်သိမ်း ပေးမည်ဟု မျှော်လင့် ခဲ့သော် လည်း ဖြစ် မ လာကြောင်း ဒေသခံ များမှ RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus