နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးမှ အနိုင်ကျင့် ငွေညှစ်လျက်ရှိ

RB News
26.9.2013

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အုပ်စု၊ ဖရုံချောင်း ကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သည် ဒေသခံ ရိုဟင်ဂျာ များကို အနိုင်ကျင့်၍ ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၁၂) ရက်နေ့တွင် ဖရုံချောင်း ကျေးရွာ ဒေသခံ ဖြစ်သူ ဦးရီဇူခန်း (ဘ) ဦးမာမတ် ၀ါရီစ် ၏ နေအိမ်သို့ ညီမ ဖြစ်သူ တစ်ဦး အလည်ရာတွင် ဦးရီဇူခန်းအား ဦးသန်းကျော်နှင့် ဌာန ဆိုင်ရာ များ၏ တ ပည့် ဖြစ်သူ ဦးစံလင်းနှင့် အပေါင်း အပါ များလာရောက်၍ ဖမ်းဆီး သွားခဲ့သည်။ ထို့နောက် ဦးရီဇူခန်း ထံမှ ငွေကျပ် သုံးသိန်း ယူပြီး ပြန်လည် လွှတ်ပေး ခဲ့သည်။ ထိုကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်မှု များကို အာဏာပိုင် များကို တိုင်ကြား သော်လည်း အရေးယူ ခြင်း မရှိဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ထို့အပြင် စက်တင်ဘာလ (၂၀) ရက်နေ့ ညဥ့်နက် သန်းခေါင်ယံ ၂ နာရီ ခွဲ အချိန်တွင် အဆိုပါ ဦးရီဇူခန်း ၏ နေအိမ်သို့ လာရောက်၍ မိခင် ဖြစ်သူ ဒေါ်ဖေရူဇာ (ဘ) ဦးအလီမုလ္လာ နှင့် ညီမ ဖြစ်သူ မအာယေရှာ (ဘ) ဦးမာမတ် ၀ါရီစ် တို့ကို ကြိုးဖြင့် ချည်နှောင်၍ ရိုက်နှက်ပြီး၊ ညီမဖြစ်သူ ကို မုဒိန်းကျင့်၍ ကြိုးစား ခဲ့ကြောင်း သိရှိ ရပါသည်။ ဦးရီဇူခန်းမှ ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းသည့် အခါ ပတ်ဝန်း ကျင်မှ ရွာသားများ ရောက်ရှိ လာပြီး အကြံ အစည် အထ မမြောက် ခဲ့သော်လည်း၊ နောက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းကျော်၏ တပည့်နှင့် အပေါင်း အပါများက အာဏာပိုင် များထံ သွား၍ ၎င်းတို့အား သတ်ရန် ကြံစည်သည်ဟု မဟုတ် မမှန် အစီရင်ခံခဲ့သည်။ ထို့နောက် စစ်သားများ၊ လုံထိန်းများနှင့် စရဖ များ ရောက်ရှိ လာပြီး ရွာသား များကို ခြိမ်းခြောက် သောကြောင့် ရွာသား အချို့ ရွာမှ တိမ်းရှောင် သွား ခဲ့ ရကြောင်း သတင်း ရရှိပါသည်။ 

ပရုံချောင်းရွာ သည် ဘူးသီးတောင် မြို့မှ ဝေးလံ ခေါင်ပါး သည့်နေရာ တွင် ရှိသဖြင့် ဒေသခံ များအနေဖြင့် မီဒီယာ များသို့ သတင်းပို့ရန် မလွယ်ကူဘဲ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းကျော်နှင့် အပေါင်း အပါများ၏ ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်း များကို နေ့စဉ်နှင့် အမျှ ခံစားနေ ရသည်ဟု ဆိုသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သည် သြဂုတ်လ အတွင်း ကျေးရွာမှ ဒေသခံ ၁၅ ဦးထံမှ အကြောင်း မဲ့ ငွေညှစ်ခဲ့ပြီး၊ ယခု လတွင်လည်း အောက်ဖော်ပြ ပါ ဒေသခံ များထံမှ ငွေညှစ် ခဲ့ကြောင်း ဒေ သခံ တစ်ဦး မှ RB News သို့ ပြောပါသည်။ 

(၁) ဦးမိုဟာမတ် အာယုပ် (ဘ) ဦးနူရ် ဟူစိန်း (ပေးရသည့် ငွေ ၆၀၀၀၀ ကျပ်)
(၂) ဒေါ်ခတီဂျာ (ဘ) ဦးနူရ် အဟမတ် (ပေးရသည့် ငွေ ၅၅၀၀၀ ကျပ်)
(၃) ဦးဆွေယာဒ် အဟမတ် (ဘ) ဦးမုစ်တာ အဟမတ် (ပေးရသည့် ငွေ ၅၀၀၀၀ ကျပ်)
(၄) ဦးဒွေလာ (ဘ) ဦးခွီလားမျာ (ပေးရသည့် ငွေ ၆၀၀၀၀ ကျပ်)
(၅) ဦးဒိလ် မာမတ် (ဘ) ဦးနူရ် အဟမတ် (ပေးရသည့် ငွေ ၆၀၀၀၀ ကျပ်)
(၆) ဦးမိုဟာမတ် စလင်း (ဘ) ဦးအာမီးရ် ဟာကီးမ် (ပေးရသည့် ငွေ ၅၀၀၀၀ ကျပ်) 
(၇) ဦးမာမတ်ဒုလ္လာ (ဘ) ဦးရှော်ဖီ ဟူစိန်း (ပေးရသည့် ငွေ ၅၅၀၀၀ ကျပ်)


Comment ရေးရန်

Rohingya Exodus