နောက်ဆုံးသတင်း/ဆောင်းပါးများ

မိတ္ထီလာမြို့က ဖျက်ဆီးခံခဲ့ရတဲ့ ဗလီတွေ ပြင်ဆင်ခွင့်ရပြီ



8.9.2013

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မူတွေ အတွင်း မီးလောင် ဖျက်ဆီး ခံခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင် တွေရဲ့ ဗလီဝတ် ကျောင်းတွေကို သက်ဆိုင်ရာက ပြန်လည် ပြင်ဆင်ခွင့် ပြုလိုက် တယ်လို့ သိရ ပါတယ်။

မိတ္ထီလာ ခရိုင် အုပ်ချုပ်ရေး မှူးရုံးက အခုလို ပြန်လည် ပြင်ဆင်ခွင့် ပြုခဲ့တာ ဖြစ်တယ်လို့ မွတ်စလင် လူ့အဖွဲ့ အစည်း ခေါင်းဆောင် တရား လွှတ်တော် ရှေ့နေ ဦးအောင်သိန်းက RFA ကို ပြောပါတယ်။

"ဗလီ ခြောက်လုံးကို ခရိုင် အုပ်ချုပ် ရေးမှူးက လွန်ခဲ့တဲ့ သုံးရက်က ခေါ်ပြောတယ်။ တရားဝင် ဖွင့်ခွင့် ပေး တယ်၊ ပြင်ခွင့် ပေးတယ်၊ လာတားတဲ့ သူတွေရှိရင် သူ့ဆီကို လွှတ်လိုက်လို့ ပြောတယ်။ ရပ် ကွက် အုပ် ချုပ် ရေးမှူး တွေကို ခေါ်ပြောတယ်၊ သက်ဆိုင်ရာ ဂေါပကတွေကို ခေါ်ပြောတယ်"

အဲဒီ ဗလီခြောက်ခု ကတော့ ချမ်းအေး ဗလီ၊ တူရကီ ဗလီ၊ သုခဝတီ ဗလီ၊ ငြိမ်းချမ်းရေး ဗလီ၊ နန်းတော် ကုန်း ဗလီ နဲ့ သာယာကုန်း ဗလီတွေ ဖြစ်ပြီး နဂိုရ် မူလ အတိုင်း ပြန်လည် ပြင်ဆင်ခွင့် ပေး တယ်လို့ ဆိုပါ တယ်။

Comment ရေးရန်

Rohingya Exodus