မောင်တော အထက ကျောင်းခွဲတွင် စာမသင်သောကြောင့် ကျောင်းသားများ ပညာရေး နစ်နာနေ
RB News
8.9.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အခြေခံ ပညာ အထက်တန်း ကျောင်းခွဲ အမှတ် (၁) တွင် ကျောင်းဖွင့်သည့် အချိန်မှ စ၍ စာမသင် သောကြောင့် ကျောင်းသား / သူများ ပညာရေး နစ်နာလျက် ရှိကြောင်း ဒေသခံများမှ ပြောပါသည်။
မောင်တော မြို့နယ်ရှိ အ.ထ.က ကျောင်းခွဲ (၁) သည် သူငယ်တန်းမှ န၀မတန်းထိ ပညာ သင်ကြား နိုင် သည့် ကျောင်းဖြစ်သည်။ မူလတန်းတွင် ကျောင်းသား / သူ ၉၀ ရာခိုင်နှုန်း ကျော်မှာ ရိုဟင်ဂျာ လူမျိုး များ ဖြစ်ပြီး၊ အလယ်တန်းနှင့် အထက်တန်းတွင် ၇၀ ရာခိုင်နှုန်း ရိုဟင်ဂျာ လူမျိုး ကျောင်းသား / သူ များ ဖြစ်၍ ကျန်သည့် ၃၀ ရာခိုင်နှုန်း ခန့်မှာ ရခိုင် လူမျိုး ကျောင်းသား / သူများ ဖြစ်သည်။ စာသင်ကြားရန် ခန့်အပ် ထားသည့် ဆရာ/မ များမှာ ၉၉ ရာခိုင်နှုန်း ရခိုင်လူမျိုး ဖြစ်ပြီး၊ ကျန်သည့် တစ်ရာခိုင်နှုန်းမှာ ရိုဟင်ဂျာ ဆ ရာမ များဖြစ်သည်။ ယခု အချိန်ထိ ကျောင်းအုပ်ကြီး ဟူ၍ မရှိသေးဘဲ၊ အုပ်ချုပ်ရေး မရှိသော ကျောင်း တစ်ကျောင်း ဖြစ်သည်။
“ကျောင်းဖွင့်တဲ့ နေ့ကစပြီး အခု အချိန်ထိ မူလတန်း ကလေး တွေကို စာသင်တာ လည်းမရှိဘူး၊ ဆရာ မ တွေက တနေကုန် ထိုင်ပြီး အချင်းချင်း စကားပြော နေကြတယ်။ ကျောင်းခေါ်ကြိမ် စာရင်းသွင်းဖို့ နာ မည်လည်း မခေါ်ဘူး။ ကလေး တွေကို ဘာမှလည်း မပြောဘူး။ စာသင်ခန်း တွေနဲ့ ဆရာ/မ တွေနဲ့ မပတ် သက် သလို နေတယ်။ အလယ်တန်းနဲ့ အထက်တန်း မှာတော့ စာနည်းနည်း ပါးပါး သင်တယ်။ အခု လို ဖြစ်နေတာကို သက်ဆိုင်ရာ အာဏာပိုင် တွေကို တင်ပြတော့လည်း သူတို့ ပြောပေးမယ် လို့ သာ ပြော တယ်။ ဘာမှ ပြောင်းလဲ မလာဘူး။ နိုင်ငံတော် သမ္မတရဲ့ မိန့်ခွန်း မှာတော့ ပညာရေး မြှင့် တင် ပေး ရ မယ်လို့ ပြောတယ်။ တကယ့် လက်တွေ့ မှာတော့ ပညာရေးက တနေ့ထက် တနေ့ နိမ့်ကျ လာတယ်။ အ ချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းနဲ့ ပညာ သင်ချင် ပေမယ့် ပညာသင် ပေးမယ့်သူ မရှိရင် ဘယ်လို သင်ကြမလဲ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထို့အပြင် ကျေးရွာ အစွန် အဖျား များတွင် ရခိုင် လူမျိုး ဆရာ/မ များ မသွားနိုင်ဟု ဆိုကာ နိုင်ငံတော် အစိုး ရ မှ ရိုဟင်ဂျာ ဆရာ/မ ခန့်ထား မည်ဟု ဆို၍ အလုပ် လျှောက်လွှာများ ခေါ်ယူပြီး ဆရာ/မ ၄၀၀ ကျော် ခန့်ထား ခဲ့သည်။ ဆရာ/မ များ၏ လစာကို နိုင်ငံတော် အစိုးရမှ တစ်ဝက် ပေးပြီး၊ အန်ဂျီအို များနှင့် ကုလ သမဂ္ဂ အဖွဲ့ အစည်းများမှ တစ်ဝက် ပေးမည်ဟု ပြောဆို ခဲ့သော်လည်း၊ ယခု အခါ ရခိုင် ပြည်နယ် အစိုးရမှ လစာ တစ်ဝက် ပေးမည် မဟုတ်ကြောင်း ပြောဆိုသည်ဟု သိရှိ ရသည်။ မိမိတို့၏ နေထိုင် စားသောက်ရေး ကို လူတိုင်း ဖြေရှင်း ရသည့် အတွက် လစာ မရသည့် ဆရာ/မ များအနေဖြင့် ကျောင်းသား/သူ များကို ပညာ သင်ကြား ပေးနိုင်ရန် ခက်ခဲ လျက်ရှိသည်။
ယမန်နှစ် ကစ၍ စစ်တွေ တက္ကသိုလ်တွင် ပညာသင်ကြား နေသော ကျောင်းသား/သူ များမှာ ဆက်လက်၍ ပညာသင်ကြား ခွင့် မရတော့ဘဲ၊ ၂၀၁၂ ခုနှစ် တက္ကသိုလ် ၀င်တန်း အောင်မြင်သည့် ကျောင်းသား/သူများ၊ ၂၀၁၃ ခုနှစ် တက္ကသိုလ် ၀င်တန်း အောင်မြင်သည့် ကျောင်းသား / သူများမှာလည်း အနာဂတ်မဲ့ လျက်ရှိ သည်။
“ကျွန်တော်တို့ရဲ့ အနာဂတ် မရှိသလို ဖြစ်နေပြီ။ ကျွန်တော်တို့ ပညာသင်ခွင့် ရချင်တယ်။ နိုင်ငံတော် အစိုးရ အနေနဲ့ ကျွန်တော်တို့ကို တက္ကသိုလ် ပညာ ဆက်လက် သင်နိုင်ဖို့ အခွင့်အရေး တစ်ရပ် ပေးစေချင်တယ်။ အဲဒီလို အခွင့်အရေး တစ်ရပ် ပေးမယ် ဆိုရင် ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ မိဘ တွေက အတိုင်းထက် အလွန် ၀မ်းသာမှာပါ။” ဟု တက္ကသိုလ် ကျောင်းသား တစ်ဦးက RB News သို့ပြောပါသည်။
တက္ကသိုလ် ၀င်တန်း အောင်မြင် ထားသည့် ကျောင်းသား / သူများ၊ တက္ကသိုလ် ပညာ သင်ကြား နေ သည့် ကျောင်း သား / သူများမှာ နိုင်ငံတကာရှိ တက္ကသိုလ်၊ ကောလိပ် များတွင် ပညာသင်ဆု များလျှောက် ထား နိုင်ရန် အခွင့် အလမ်း များစွာ ရှိသော်လည်း၊ နိုင်ငံတော် အစိုးရမှ သွားလာခွင့် ကန့်သတ် ထားသော်ကြောင့် ကျောင်းသား / သူများမှာ နိုင်ငံတကာတွင် ပညာသင်ရန် အိပ်မက်ပင် မက်၍ မရသည့် အပြင်၊ ပြည်တွင်းတွင် သင်ကြားခွင့် ရခဲ့သော တက္ကသိုလ် ပညာရေး ကိုလည်း အကြမ်းဖက်မှု ဖြစ်ပွား ခဲ့ သည် ကို အကြောင်း ပြ၍ နိုင်ငံတော်မှ လူငယ် များ၏ အနာဂတ်ကို ရိုက်ချိုး ဖျက်ဆီး နေသ ကဲ့ သို့ ဖြစ်နေ သည်။ ဒေသခံ များက နိုင်ငံတော် အစိုးရ အနေဖြင့် အပြောနှင့် အလုပ် ညီစေရန် တက္က သိုလ် ကျောင်း သား / သူများ ဆက်လက် ပညာသင်ကြား နိုင်ရန် စီစဉ် ပေးသင့်သည်ဟု ဆိုသည်။