နောက်ဆုံးသတင်း/ဆောင်းပါးများ

ဟန်ရေးပြနေမှုများ

ဌေးလွင်ဦး
RB News
20.10.2013

မတရား သဖြင့် စနစ်တကျ သမိုင်းဖျောက် စွပ်စွဲခံ ရတာ၊ လူမျိုးတုံး သုတ် သင် ဘို့ ကြံစည် ခံရတာ၊ အကြမ်းဖက် တိုက်ခိုက်သူ များကို အစိုးရ ကိုယ်တိုင် သို့မဟုတ် အစိုးရ အတွင်းက ထိပ်တန်း အရာရှိများ ကိုယ်တိုင် ကြိုးကိုင် အ ကွက်ချ ပေးခဲ့တာ၊ သူတို့ ကိုယ်တိုင် လေးစား အားထားမိ ခဲ့တဲ့ နိုင်ငံရေး သ မား ဆိုသူများ ကိုယ်တိုင်က အပြင်းစား အမျိုးရေး ၀ါဒီများ အသွင် ကို ဆောင် လာ ခဲ့တာ များကြောင့် မြန်မာနိုင်ငံ အတွင်းက အစ္စလာမ် သာသနာ ၀င် တွေ ဟာ စိုးရိမ် ထိတ်လန့်မှု များနဲ့ ရပ်တည်နေ ခဲ့ရပါတယ်။

အခု အခါ မှာလည်း သန်းခေါင် စာရင်း ဆိုတဲ့ ခြိမ်းခြောက်မှုက သူတို့ အပေါ်မှာ မတရား သဖြင့် ကျင့်သုံး ခံ ရမလား လို့ စိုးရိမ်စိတ် များကို ဖြစ်တည် စေတဲ့ အပြင်- မြန်မာနိုင်ငံ အတွင်း ဗုံးခွဲမှု များကိုလည်း သူ တို့ ခေါင်းပေါ် ထိုးကျ လာ မလားလို့ သံသယ စိတ်တွေ ပိုနေခဲ့ပါတယ်။

မြန်မာ မွတ်ဆလင် အွမ္မတ် အနေနဲ့ ဒီကိစ္စ တွေကို ထည့်ပြီး စဉ်းစား နေဘို့ မလိုတော့ပါ။ ဒါတွေဟာ ရာဇ ၀တ် ကောင် အမျိုးသားရေး ၀ါဒီတို့ရဲ့ လှည့်ကွက် များသာ ဖြစ်ပါတယ်။ တနည်း အားဖြင့် ပွဲပြီးသွား ခဲ့ပါပြီ။ ရာဇ၀တ် ကောင်တို့ရဲ့ လည်ပင်းမှာ ကြိုးကွင်း စွပ်ထား ပြီးပါပြီ။ ဒါကို ဦးသိန်းစိန် အစိုးရ ကိုယ်တိုင်လည်း အသိ ပေးခံ ရပြီးပါ ပြီ။ အခုအခြေ အနေမှာ ဦးသိန်းစိန် အစိုးရ ဘက်မှ မွတ်ဆလင် များနဲ့ ပတ်သက်ပြီး ဆက်လက်ပြီး ဇွတ်မိုက်ရဲဘို့ မဖြစ်နိုင် တော့ပါ။ သူတို့ကိုယ်တိုင် UN ပေါ်မှာ ကမ္ဘာ့ ခုံရုံး ကိစ္စ ကို နောက် ဆုံး အနေနဲ့ ခွင့်လွှတ် ပေးဘို့ ပူပူနွေးနွေး တောင်းပန်ခဲ့ ရပါတယ်။ ကျွန်တော်တို့ ဘက်က အလ ကား အသားတင် လိုက်လျှော ပေးခဲ့ခြင်း မဟုတ်ပါ။

ရိုဟင်ဂျာ အပါအ၀င် မြန်မာနိုင်ငံ အတွင်းရှိ အစ္စလာမ် သာသနာ ၀င်များကို နိုင်ငံတကာ စံချိန် စံညွှန်း ဥပဒေနဲ့ အညီ နိုင်ငံသား၊ တိုင်းရင်းသား ပေးရပါမယ်။ ဒါကြောင့် အခုပြော နေကြတဲ့ သန်းခေါင် စာရင်း ဆို တာ မွတ်ဆလင် တွေကို နိုင်ငံသား အဖြစ်က ပါယ်ဖျက်ဘို့ လုပ်ခွင့်ကို မရှိတော့ပါ။ ရိုဟင်ဂျာ အပါအ၀င် မည်သည့် လူမျိုးရဲ့ မျိုးရိုး အမည် နာမကိုမှ ဖျောက်ဖျက် ခွင့်လည်း မရှိပါ။ အစ္စလာမ် သာသနာ ၀င်များနဲ့ အခြားသော လူနည်းစု သာသနာ ၀င်များ အပေါ် ဦးတည် တိုက်ခိုက် နေခြင်း များကို လုံးဝ ချွင်းချက် မရှိ ချက်ချင်း ရပ်တန့်အောင် လုပ်ပေး ရပါမယ်။ ဖြစ်ပျက် ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှု ကြံစည် မှုများ အတွင်း ပါဝင် ပတ်သက် ခဲ့တဲ့ ရာဇ၀တ် ကောင်များကို အရေးယူ ပေးရ ပါမယ်။ လူမျိုးရေး မုန်းတီး မှုကို ဦးတည် ပြီး ရေးသား ခဲ့တဲ့ ကလောင် ရှင်များ၊ ဟော ပြောခဲ့တဲ့ လှုံ့ဆော် သူများ အားလုံးကို အရေးယူ ပေးရ ပါမယ်။

မြန်မာ အာဏာပိုင်များနဲ့ အမျိုးသားရေး ၀ါဒီတွေဟာ ကတိကို ဗြောင်လိမ် တတ်တယ်၊ ကမ္ဘာ့ အလယ်မှာ အရှက် မရှိ ကတိ ဖျက်တတ်တယ် ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ ဒါပေမယ့် သူတို့ လည်ပင်းကို ကြိုး ကွင်း မစွပ်နိုင် သေးချိန်မှာသာ သူတို့အနေနဲ့ ဗြောင်လိမ် ရဲပေမယ့်- အခုတော့ သူတို့ လည်ပင်းကို ကြိုး ကွင်း စွပ်ထား ပြီဆိုတာ သူတို့ ကိုယ်တိုင် သိပြီးချိန် ဖြစ်နေပါပြီ။

မျက်ကန်း အမျိုးသားရေး ၀ါဒီတွေကို မလွှန်ဆန် နိုင်လို့ သူတို့ ဆက်မိုက် ရင်လည်း သူတို့ နာမယ်၊ မျက် ကန်း အမျိုးသားရေး ၀ါဒီများနဲ့ ရာဇ၀တ်မှု ကျူးလွန် ခဲ့သူ များကို အရေး မယူဘဲ မသိဟန်လွှဲ အမှု ဖျောက် ဖျက် ပေးရင်လည်း သူတို့နာမယ်။ သူတို့ ဘာဆက် လုပ်မလဲ ကျွန်တော်တို့ မျက်ခြေ ပြတ် ခံခြင်း လုံး ၀ မရှိ ပါ။

ဗုံးကွဲနေတဲ့ ကိစ္စများက သူတို့ရဲ့ အခြား အကြောင်း အရာ တစ်ခုခုကို သူတို့ ကစား နေခြင်းသာ ဖြစ်တယ်။ ဒီကိစ္စ မှာ ကျွန်တော်တို့ မွတ်ဆလင်တွေ မပါဝင်ဘူး ဆိုတာ သူတို့ ကိုယ်တိုင် သိတယ်။ (ကြိုးကွင်းကို ကိုင် ထား သူက သူတို့ကို သုတ်သင်ဘို့ ဗုံးခွဲနေဘို့ မလိုတော့ပါ။) ကမ္ဘာ့ ထောက်လှမ်းရေး များလည်း သိတယ်။ UN ကိုယ်တိုင် လည်း သိတယ်။ နောက်ဆုံး ရပ်ကွက်သူ ရပ်ကွက်သားများ ကိုယ်တိုင်လည်း သိ တယ်။ 

ဒီလို သိနေတဲ့ ကြားကပဲ မကြာခဏ လိမ်ညာပြီး မွတ်ဆလင်တွေ အပေါ်မှာ ခေါင်းပုံ ချမလားလို့ စိုး ရိမ်စိတ်များ မွတ်လဆင်တွေမှာ ခံစားနေရတာ ကိုလည်း ကမ္ဘာ့ အသိုင်း အ၀ိုင်းက သိနေ ပါတယ်။ တစ် ကယ် လို့များအာဏာပိုင်များကမျက်လုံးစုံမှိတ် ထိုးချမယ် ဆိုရင်--၊ အဲ့ဒီ အစိုးရလောက် ဉာဏ်ပညာ နည်းပါးမှုနဲ့ ကောက်ကျစ် စဉ်းလဲ မှုကို ကျွန်တော်တို့ ရပ်ကြည့် နေမှာ မဟုတ်တော့ပါ။ UN ပေါ်မှာ ပေး ထားတဲ့ ကတိက၀တ်ကို သူတို့ဘက်က စတင် ဖေါက်ဖျက် တယ်လို့ သတ်မှတ် လိုက်မှာ ဖြစ်ပါတယ်။ အဲ့ဒီ အခါ နောက်တစ်ကြိမ် မေတ္တာရပ်ခံခြင်း ဆိုတာကို လက်ခံဘို့လည်း မရှိတော့ပါ။

လောလောဆယ် ဆက်တိုက် ဖြစ်နေတဲ့ ဦးတည် တိုက်ခိုက်မှုကို ရပ်တန့် ပေးခြင်း အပေါ် ကျွန်တော် တို့ ဘက်က အသိ အမှတ် ပြုသလို-၊ ရာဇ၀တ်မှုမှာ ပါဝင် ပတ်သက်သူ များကို အရေးယူဘို့ အချိန်ကာလ တစ်ခု လိုအပ်မယ် ဆိုတာကိုလည်း နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် အစ္စလာမ် သာသနာဝင် တို့ရဲ့ စိတ်ဓါတ် ရေးရာ စိုးရိမ်ထိတ် လန့်မှုများ ဖြစ်အောင် ဆက်လက် ဖန်တီး နေတဲ့ အောက်ခြေ အုပ်ချုပ်ရေး ၀န်ထမ်း များကို အလျှင် အမြန် အရေး ယူပေးဘို့တော့ လိုအပ် ပါတယ်။ အနည်းဆုံး ဟန်ရေးပြနေ သူများကို အပိုး ကျိုးအောင် လုပ်ဆောင် ပေးဘို့ လိုအပ်တယ် ပါတယ်။

မြန်မာ မွတ်ဆလင် အွမ္မတ် ထဲက အုပ်စုလိုက် ခေါင်းဆောင်များ အနေနဲ့လည်း ကိုယ်တော် မြတ်ကြီး လမ်းပြပေး ခဲ့တဲ့ အတိုင်း ဟိုဒိုင်ဗီယာ စာချုပ် သဘော တရားနဲ့ မိမိဘက်က အောင်မြင်မှု တွေကို လက် ကိုင် ရရှိလာတဲ့ အခါ ဆက်မမိုက်တော့ သူများ အတွက် အတိတ်က အပြစ်တွေကို ခွင့်လွှတ် ပေး လိုက်မှု၊ သင်ပုန်းချေ ပေးလိုက်မှု တွေကို မိမိတို့ရဲ့ အွမ္မတ် သားတွေ အကြား နားဝင် အောင်ထိ တရားချ နည်းပြဘို့ အကြံ ပေးလို ပါတယ်။ ကျွန်တော် တို့ လိုလားတဲ့ တန်းတူညီမျှ အခွင့် အရေးကို ကျွန်တော်တို့ ရရင် လုံလောက် ပါပြီ။

ကျွန်တော် တို့ရဲ့ တရားဥပဒေ ဘောင်ထဲက ဆင်နွှဲခဲ့တဲ့ တော်လှန်ရေးဟာ အောင်မြင် သွားခဲ့ပြီလို့ မြန်မာ မွတ်ဆလင် အွမ္မတ်ကို အသိပေးရင်း---၊ အနာဂါတ် ပြန်လည် တည်ဆောက် ရေးများ အတွက်သာ ဦးတည် စဉ်းစားပါလို့ သတိဖေါ်ပေး လိုပါတယ်။


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Rohingya Exodus