နောက်ဆုံးသတင်း/ဆောင်းပါးများ

လုံထိန်းများက ရိုဟင်ဂျာကို ရိုက်နှက်၍ နားရွက်ဖြတ်၊ အသက်စိုးရိမ်ရ

RB News
7.11.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်မှ အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသား တစ်ဦးကို လုံထိန်း သုံးဦးက လူမဆန်စွာ ရိုက်နှက်မှုကြောင့် အသက် အန္တရာယ် စိုးရိမ် ရသည့် အခြေအနေ သို့ရောက် ရှိ နေကြောင်း သတင်း ရရှိပါသည်။

ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက် အထက် တန်း ကျောင်း ခွဲ အမှတ် (၁) ဂိတ်တွင် လုံခြုံရေး တာဝန် ယူထားသော လုံထိန်း ရဲတပ်ဖွဲ့ဝင် သုံးဦးက ၎င်းတို့နှင့် ကိုက်တစ်ရာ ခန့်အကွာတွင် ရှိသော နေအိမ်သို့ ၀င်ရောက်၍ ဦးနူရူဟောက် (ဘ) ဦးအိုစီရာမန်ကို အကြမ်းဖက်၍ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

လူမဆန်သည့် လုံထိန်း သုံးဦးက ဦးနူရူဟောက်ကို အကြောင်းမဲ့ ရိုက်နှက်ခြင်း ဖြစ်ပြီး၊ လူမဆန်စွာ ရိုက်နှက် မှုကြောင့် ဦးနူရူဟောက်၏ နားရွက် တစ်ဖက်ပြတ်သွားပြီး၊ ယောက်ျား အင်္ဂါမှ ဆီး အိတ် ပေါက် ပြီး သွေးများစီး ခဲ့ခြင်းကြောင့် မိသားစု ၀င်များနှင့် ဆွေမျိုးများက မောင်တော မြို့နယ် ရဲစခန်း သို့ ပို့ဆောင် ခဲ့ပြီး ထိုမှ တဆင့် မောင်တော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် လိုက်ကြောင်း သိရှိ ရပါသည်။

ဖြစ်စဉ် အသေးစိတ်ကို ဒေသခံ များက ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လုံထိန်း တပ်ရင်း မှူး များထံသို့ ချက်ချင်း တိုင်ကြား ခဲ့သော်လည်း အဆိုပါ အာဏာပိုင် များက ပြစ်မှု ကျူးလွန်သည့် လုံထိန်း ရဲတပ်ဖွဲ့ဝင် သုံးဦးကို အရေးယူ ဆောင်ရွက်ခြင်း မရှိသေးသည့် အပြင်၊ မေးမြန်းခြင်းပင် မပြုလုပ်ကြောင်း သိရှိ ရပါသည်။ 

ဦးနူရူဟောက်ကို မောင်တော ဆေးရုံသို့ ပို့ဆောင် လိုက်သော်လည်း မောင်တော ဆေးရုံရှိ ဆရာဝန် များနှင့် သူနာပြု ၀န်ထမ်းများက ဘာသာရေး၊ လူမျိုးရေး ခွဲခြား ဆက်ဆံခြင်းများ ပြုလုပ်သည့် အ တွက် ဒေ သခံ များက စိုးရိမ်လျက် ရှိသည်။ ယောက်ျား အင်္ဂါမှ ဆီးအိတ် ပေါက်သွားခြင်းမှာ အသက် အန္တရာယ် အတွက် လွန်စွာ စိုးရိမ်ဖွယ်ရ ဖြစ်သည်ဟု ဒေသခံ များမှ ပြောပါသည်။ 

မောင်တော မြို့နယ်ရှိ နေရာ အနှံ့ အပြားတွင် လုံခြုံရေး တာဝန် ယူထားသည့် လုံထိန်းများက လမ်းသွား လမ်းလာ ရိုဟင်ဂျာ များခေါ်၍ အကြောင်းမဲ့ရိုက်နှက်ခြင်း၊၎င်းတို့တာဝန်ယူထားသည့်နေရာနှင့် နီးသော နေ အိမ် များမှ ရိုဟင်ဂျာ များကိုလည်း ၀င်ရောက်၍ အကြမ်းဖက် ခြင်းမျိုး မကြာခ ဏ ပြု လုပ် လေ့ရှိသည်။


Comment ရေးရန်

Rohingya Exodus