နောက်ဆုံးသတင်း/ဆောင်းပါးများ

ဟိုလိုကော့စ် ပြတိုက်တွင် ရိုဟင်ဂျာ ရုပ်ပုံများ ခင်းကျင်း ပြသ

(ဓါတ်ပုံ - Greg Constantine)

O'Laie Manzu
RB News
7.11.2013

အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီ မှာရှိတဲ့ ဟိုလိုကော့စ် ပြတိုက်ရဲ့ အပြင်ပိုင်း နံရံတွေမှာ အကြမ်းဖက်ခြင်း ခံနေရတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေရဲ့ ဓါတ်ပုံ တွေကို ခင်းကျင်း ပြသ နေပါတယ်။ ဟို လိုကော့စ် ပြတိုက်ဟာ ဒုတိယ ကမ္ဘာစစ် ကာလ အတွင်း နာဇီ ဂျာမဏီမှ ဂျူး ခြောက်သန်းခန့် စုပြုံ သတ် ဖြတ် ခဲ့တဲ့ မှတ်တမ်း တွေကို ခင်ကျင်း ပြသတဲ့ သမိုင်းဝင် ပြတိုက် ဖြစ်ပါတယ်။ ဒီပြတိုက်ဟာ အမေ ရိ ကန် ပြည်ထောင်စု အစိုးရက ထောက်ပံ့ ပေးနေတဲ့ ပြတိုက်ကြီးလည်း ဖြစ်ပါတယ်။

ဟိုလိုကော့စ် လို့ခေါ်တဲ့ ဂျူးတွေကို စုပြုံ သတ်ဖြတ်တဲ့ ဖြစ်ရပ် ကြီးဟာ ကမ္ဘာ့ သမိုင်းမှာ အကျဉ်းတန် တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပြီး နောက်ထပ် ဒီလို ဖြစ်ရပ်မျိုးတွေ ထပ်မံ မဖြစ်ရအောင် ဟို လိုကော့စ် ပြ တိုက်ကြီး က မီးမှောင်းထိုး ပေးလေ့ ရှိပါတယ်။ ဥပမာ ဘောစနီးယား၊ ရဝါန်းဒါးနဲ့ ဆူဒန် မှာ ဖြစ်ပွား ခဲ့တဲ့ လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု ရုပ်ပုံ တွေကိုလည်း ကမ္ဘာက သိအောင် ခင်းကျင်း ပြသ ခဲ့ဖူး ပါတယ်။ ယခု အခါ မှာတော့ မြန်မာနိုင်ငံ အနောက်ဖက် အခြမ်းမှာ ရှိတဲ့ ရိုဟင်ဂျာ လူမျိုး တွေကို အကြမ်းဖက် တိုက် ခိုက် နေ တာ ဟာ လူမျိုးတုန်း သတ်ဖြတ်မှု အသွင်ကူးပြောင်း သွားမှာကို စိုးရိမ်ပြီး ဟန့်တား သတိပေးတဲ့ သဘောနဲ့ အခုလို ပြသနေတာ ဖြစ်တယ်လို့ အေပီ သတင်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။

ပြတိုက်မှာ ခင်းကျင်း ပြသနေတဲ့ ဓါတ်ပုံတွေ ကတော့ အင်ဒီယားနား နယ်ဖွား ဓါတ်ပုံ ဆရာ ဂရေခ့် ကောစ တန်တင်း ကိုယ်တိုင် အကြမ်းဖက် ဒေသ တွေဆီ သွားရောက် ရိုက်ကူး ခဲ့တဲ့ ပုံရိပ် တွေ ဘဲ ဖြစ်ပါ တယ်။ ကောစတန်တင်းဟာ မြန်မာ - ဘင်္ဂလား နယ်စပ်မှာ ခုနှစ် နှစ်ခန့် အချိန်ပေးပြီး ဓါတ်ပုံတွေ ရိုက်ကူး လာခဲ့သူ ဖြစ်ပါတယ်။

“မြန်မာ နိုင်ငံမှာ အံ့မခန်းနိုင် လောက်အောင် ဖွံ့ဖြိုး တိုးတက်မှု တွေလုပ်ဆောင်ဖို့ ပြောဆို နေကြတဲ့ အ ချိန် ဖြစ်တဲ့ အတွက် လူတွေက နိုင်ငံ အနှံ့မှာ ဖြစ်ပွား နေတဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်း မှု ဖြစ် စဉ် တွေ ကိုဘဲ အာရုံစိုက် နေကြပြီး ဒီလို ဝမ်းနည်း ကြေကွဲ ဖွယ်ရာ ဖြစ်ရပ် တွေက အမှောင်ထု ထဲမှာ ဖုံး အုပ် နေတာ ကတော့ တော်တော် စိတ်ပျက် စရာ ကောင်းပါတယ်” လို့ ကောစတန်တင်း ကပြော ပါ တယ်။

ကောစတန်တင်းဟာ နိုင်ငံမဲ့ ဖြစ်နေရသူ တွေကို ကမ္ဘာလှည့် မှတ်တမ်းတင် နေခဲ့ပါတယ်။ မလေးရှား၊ နီပေါ၊ သီရီလင်္ကာ၊ ကန်ယာ၊ အိုင်ဗရီကောစ်၊ ကူဝိတ်နဲ့ ဒိုမိနီကန် ရီပတ်ပလစ် နိုင်ငံတွေ မှာလည်း အလား သဏ္ဍာန် တူတဲ့ အဖြစ်အပျက် တွေကို မှတ်တမ်းတင် ခဲ့ပေမယ့် ရိုဟင်ဂျာ တွေရဲ့ အခြေ အနေ ကတော့ အဆိုးရွားဆုံး ပါဘဲလို့ သူက ဆိုပါတယ်။

“အခုဆိုရင် စစ်တွေမြို့မှာ မွတ်စလင်တွေ လုံးဝ မရှိတော့ သလို ခံစား ရတာ ကတော့ စိတ်မချမ်းမြေ့ စ ရာဘဲ။ မွတ်စလင် တွေရဲ့ ဘုရား ဝတ်ပြုဖို့ နိုးဆော်သံ လည်းမကြားရ တော့ဘူး။ ဗလီကျောင်း တွေ ကလည်း ပျက်ဆီး ကုန်ပြီ။ လုံးဝ မပျက်ဆီးတဲ့ ဗလီတွေ ဆိုရင်လည်း မြန်မာ စစ်တပ်က ဗလီတွေ ထဲမှာ ဝင်နေ နေကြတယ်။” လို့ မတ်လ က စစ်တွေကို သွားလာ ခဲ့တဲ့ အတွေ့ အကြုံကို ကောစတန်တင်း ကပြော ပြ ပါ တယ်။ ပြောင်းရွေ့ နေရာချ ထားပေးတဲ့ စခန်းတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေ ကလည်း အား ကိုး ရာမဲ့ ဖြစ်နေတာကို တွေ့ခဲ့ ရတယ်လို့ ပြောပါတယ်။

“မြန်မာ နိုင်ငံမှာ လူမျိုးတုန်း သတ်ဖြတ်နေ ပါတယ်လို့ ကျနော်တို့ ပြောတာ မဟုတ်ပါဘူး။ … ဒါပေမယ့် ဒီလို ဖြစ်ရပ်တွေ နောင်အနာဂါတ်မှာ တစ်ခြား လူတွေ မကြုံတွေ့ ရအောင် ကျနော်တို့ တက်နိုင်တဲ့ ဖက် ကနေ ကြိုးစား ကာကွယ်ချင် လို့ဘဲ ဖြစ်ပါတယ်။” လို့ ဟိုလိုကော့စ် ပြတိုက်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကာကွယ်ရေး ဌာန ဒါရိုက်တာ မိုက်ကယ် အဘ္ဘရာမိုဝဇ် ကပြောပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ကျူးလွန် နေတဲ့ အကြမ်းဖက်မှု တွေကတော့ လူမျိုးတုန်း သတ်ဖြတ်မှု (Genocide) မဟုတ်ဘူးလို့ အများစု ကသုံးသပ် နေကြ ပေမယ့်၊ ဒီကျူးလွန်မှု တွေဟာ လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်း (Crime Against Humanity) ဖြစ်ကြောင်း ကိုတော့ ကမ္ဘာ့ ပညာရှင် အများက လက်ခံ ထားကြ ပါတယ်။ ရိုဟင်ဂျာ လူမျိုး တွေကို သူတို့ရဲ့မွေးရပ် ဇာတိမြေမှ ထွက်ပြေး ပြောင်းရွေ့သွားရအောင် ဦးနေ ဝင်း ခေတ်ကတည်းက နည်းမျိုးစုံနဲ့ နှင်ထုတ် နေတာ ဖြစ်တဲ့ အတွက် ယေဘုယျ အားဖြင့် လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု (Ethnic Cleansing) လို့လည်း အများစုက လက်ခံထား ကြပါတယ်။ရခိုင်လူမျိုး တွဟာ ရိုဟင်ဂျာ မွတ်စလင်တွေ မနေနိုင် လောက်အောင် ဇွဲကြီးကြီးနဲ့ ကြိုးပမ်း လုပ်ဆောင် နေပေမယ့် ရိုဟင်ဂျာတွေဖို့ကတော့ ပြေးစရာ မြေမရှိဘူး ဖြစ်နေ ပါတယ်။ ဒါကြောင့် ပြောင်းရွေ့ ထွက် မပြေး နိုင်တော့ တဲ့ အဆုံးမှာ ချောင်ပိတ် နေမိတဲ့ ရိုဟင်ဂျာ တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု တွေနဲ့ ရင် ဆိုင် ရ မှာကတော့ ကမ္ဘာ ပညာရှင်တွေက စိုးရိမ်နေ ကြပါတယ်။ ဒီကြားထဲ မကြာခဏ ဆိုသလို ရိုဟင် ဂျာတွေ ထွက်ပြေး ကြရင်း လှေမှောက် သေဆုံး ကြရတဲ့ သတင်း တွေကြောင့် စိုးရိမ်စရာ တွေပိုမို ကြီးထွား လာနေ ပါတယ်။

Comment ရေးရန်

Rohingya Exodus