နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ နှင့် ကမန်လူမျိုး များအား တိုင်းပြည်မှ နှင်ထုတ် နေမှုအား ချက်ချင်း ရပ်တန့်ရန် တောင်းဆိုခြင်း




ထုတ်ပြန်ကြေငြာချက် ၁၁/၂၀၁၃ 
(၂၀၁၃ ခု နိုဝင်ဘာလ ၇ ရက်)

ရိုဟင်ဂျာ နှင့် ကမန် လူမျိုးများအား တိုင်းပြည်မှ နှင်ထုတ် နေမှုအား ချက်ချင်း ရပ် တန့် ရန် တောင်း ဆိုခြင်း

၂၀၁၃ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လှေနစ် သေဆုံး ရသူ များနှင့် ဒုက္ခသည် စခန်းအား ၀င်ရောက် စီးနင်း တိုက်ခိုက် ခံခဲ့ရသည့် ရိုဟင်ဂျာနှင့် ကမန် မိသားစု များနှင့် ထပ်တူ ကျွန်ုပ်တို့ Civil Rights Movement (တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့) မှ ၀မ်းနည်း ကြေကွဲ မိပါသည်။

ဤကိစ္စများ ဆက်လက် ဖြစ်ပေါ် ခြင်းသည် ၂၀၁၃ ခု စက်တင်ဘာလ UN လုံခြုံရေး ကောင်စီတွင် ဤကိစ္စ များ ဆက်မဖြစ်စေ ရပါဟု ကတိ ပေးထားသော မြန်မာ အစိုးရ အနေဖြင့် လုံးဝ တာဝန်ရှိ နေသည်။ အလားတူပင် ရိုဟင်ဂျာ၊ ကမန်နှင့် မြန်မာနိုင်ငံ ဇာတိ အစ္စလာမ် သာသနာဝင် တို့အား ဥပဒေမဲ့-၊ သတ်ဖြတ်၊ ခြောက်လှန့်မောင်း ထုတ်နေခြင်းအား ဖေါ်ထုတ် အရေးယူခြင်း မရှိသည့် အတွက် ဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌ တာဝန်ကို ယူထားသည့် ဒေါ်အောင်ဆန်း စုကြည် တွင်လည်း တာဝန် မကင်းဟု ကျွန်ုပ်တို့ Civil Rights Movement မှ သတ်မှတ်သည်။

ဆင်တပ်မော် (ပေါက်တော) ဒုက္ခသည် စခန်းတွင် ခိုလှုံနေသော ဒုက္ခသည် အများစုမှာ ကျောက်ဖြူ ဒေသ ခံ မွတ်ဆလင်များ ဖြစ်၍ အများစုမှာ အစိုးရမှ တိုင်းရင်းသား အဖြစ် သတ်မှတ်ပြီး ကမန် လူမျိုးစု များ ဖြစ် သဖြင့် ၎င်းတို့အား တိုင်းပြည်တွင် မနေထိုင် ရဲစေရန် အစုလိုက် အပြုံလိုက် သတ်ဖြတ် မောင်း ထုတ် ခြင်း၊ ခြောက်လှန့် မောင်းထုတ်ခြင်း တို့သည် အစ္စလာမ် သာသနာကို ကိုးကွယ် သည့် လူမျိုး များအား သီး သန့် မောင်းထုတ်ခြင်း ဖြစ် ပြီး မြန်မာ နိုင်ငံတွင် ဘာသာ တရား တစ်ခုအား အပျောက် ရိုက်ရန် ကြံ စည် ခြင်းလည်း ဖြစ်သည်။

တိုင်းပြည်တွင် ဘေးကင်း လုံခြုံမှု မရှိသည့် အတွက် အသက်လု ထွက်ပြေး ရသည့် ပင်လယ် သမုဒ္ဒရာ ထဲမှ ကမ်း မမြင် လမ်းမမြင် ဒုက္ခသည် များ၏ ဘ၀များနှင့် ပတ်သက်၍ ဖြစ်ပျက် သမျှ အားလုံးကို မြန်မာ အစိုးရမှ တာဝန်ယူ ဖြေရှင်း ပေးရမည် ဖြစ်သည်။

ဤသို့- လူမျိုးတုံး သုတ်သင်မှု၊ ဘာသာ တရား တစ်ခုအား အပျောက် ရှင်းရန် ကြံစည်မှု တို့အား ချွင်းချက် မရှိ ရပ်တန်းက ရပ်ရန် ကျွန်ုပ်တို့ Civil Rights Movement မှ တောင်းဆို လိုက်ပြီး။ ထိုသို့ မောင်းထုတ် ရာတွင် ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့သော လူအုပ်စု၊ နောက်ခံ အဖွဲ့ အစည်း တို့အား ချက်ချင်း လက်ငင်း ဖမ်းဆီးပေး ရန် ဦးသိန်းစိန် အစိုးရအား တောင်းဆို လိုက်သည်။ ဥပဒေမဲ့ သတ်ဖြတ် အနိုင် ကျင့် နေသည့် ရာဇ၀တ်ကောင် တို့ အား ဥပဒေ အရ အရေးမယူ ပေးနိုင်လျှင် မိမိ ရယူ ထားသည့် တရား ဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌ ရာထူးမှ နှတ်ထွက် ပေးရန်လည်း ဒေါ်အောင်ဆန်း စုကြည် အား တောင်းဆို လိုက်သည်။


မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့် အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့

Comment ရေးရန်

Rohingya Exodus