ဘုန်းကြီးကျောင်းမှ အမှိုက်များ မီးရှို့ပြီး မီးသတ်ကားခေါ် ဗီဒီယိုရိုက်
RB News
26.11.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း အတွင်းရှိ အမှိုက် များကို မီးရှို့ပြီးနောက် မီးသတ် ကားခေါ်၍ ဗီဒီယို မှတ်တမ်းတင် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ ညနေ ၅ နာရီတွင် မောင်တော မြို့နယ်၊ မြို့မ ကညင်တန်းမှ အလယ်သံကျော်သို့ အထွက် ကား လမ်းဘေးရှိ ဘင်္ဂလား ကျောင်းတိုက် အနောက်ဖက်တွင် ပုံထားသော အမှိုက်များ သစ်ကိုင်းခြောက် များ ကို ဒေသ ဆိုင်ရာ အာဏာပိုင် များနှင့် ရခိုင် လူမျိုးများက မီးရှို့ခဲ့သည်။ ထို့နောက် မီးသတ်ကား ခေါ်၍ မီး သတ်ခိုင်းပြီး မီးရှို့သည့် အချိန်မှ စ၍ မီးသတ် ပြီးသည် အထိ ဗီဒီယိုရိုက် မှတ်တမ်းတင် ခဲ့ကြောင်း ဒေ သ ခံ တစ်ဦးက RB News သို့ ပြောပါသည်။
ဘင်္ဂလား ကျောင်းတိုက်ကို ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့် အာဏာရှိစဉ် အခါက ဆောက် လုပ် ပေး ခဲ့ ခြင်း ဖြစ်ပြီး၊ အဆိုပါ ဘုန်းကြီးကျောင်းတွင် ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှ ဘင်္ဂလီ ဘုန်းကြီး များသာ ကျောင်း ထိုင်ကြ ကြောင်း သိရှိ ရသည်။
ယခု ကဲ့သို့ အမှိုက် မီးရှို့ခြင်းကို အာဏာပိုင်များ ကိုယ်တိုင် လာရောက် ကြီးကြပ်ပြီး၊ မီးသတ်ကား ခေါ် ဗီဒီယို ရိုက်မှတ်တမ်း တင်ခြင်းမှာ ဘုန်းကြီးကျောင်းကို ဒေသခံ ရိုဟင်ဂျာ မွတ်စလင် များက မီးရှို့သည့် သဖွယ် မှတ်တမ်းများ ပြုလုပ်၍ နိုင်ငံတကာနှင့် ရခိုင် ပြည်နယ်ရှိ လူနည်းစု မွတ်စလင်များ နေထိုင်သည့် မြို့နယ် များတွင် ၀ါဒဖြန့် လုပ်ကြံရန်သာ ဖြစ်နိုင်သည်ဟု ဒေသခံ များက ဆိုသည်။
ထို့အပြင် လွန်ခဲ့သည့် စနေနေ့ညက ရခိုင် အစွန်းရောက်များမှ မောင်တော မြို့နယ် စည်ပင်သာ ယာဈေးကို မီးရှို့ခဲ့သည့် အပြင်၊ ရှေးဟောင်း ဗလီ တစ်လုံးကိုလည်း မီးရှို့ ဖျက်ဆီး၍ ဆူပူမှု၊ အဓိကရုဏ်း များဖန်တီးရန် ကြိုးစား ခဲ့သည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် လှုံ့ဆော်ရန် ယခုကဲ့သို့ လုပ်ကြံ ဇတ် တစ်ခုကို ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောပါသည်။
ဒေသခံ များက ရိုက်ကူး သွားသော ဗီဒီယို မှတ်တမ်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ် လာမည့် အခြေ အနေ ကို စိုးရိမ် ပူပန်လျက် ရှိကြောင်း သိရှိ ရပါသည်။