နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်နဲ့ မွတ်စလင် ခေါင်းဆောင်တွေ ဆွေးနွေး ညှိနှိုင်းကြဖို့ ဗြိတိန် တိုက်တွန်း



17.12.2013

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ အကြားနှစ်ဘက် တင်းမာနေဆဲ အခြေ အနေတွေလျော့ ကျနိုင်ဖို့နဲ့ လူ့အသိုင်း အဝိုင်းနှစ်ခုကြား ပြန်လည် သင့်မြတ်ရေး အတွက် နှစ် ဖက်ခေါင်း ဆောင်တွေ ညှိနှိုင်းဆောင် ရွက်ရေးဟာ အဓိကကျ နေကြောင်း မြန်မာ နိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mr. Andrew Patrick က ဒီကနေ့ ပြောလိုက် ပါတယ်။

ရခိုင် ပြည်နယ် စစ်တွေ လေဆိပ်မှာ ဒီကနေ့ နေ့လည် ပိုင်းက ဒေသခံ သတင်းထောက် တွေနဲ့ တွေ့ဆုံပြီး သံ အ မတ် ကြီးက စကားပြန်က တစ်ဆင့် ပြောကြား လိုက်တာ ဖြစ်ပါတယ်။

“ပထမ အခြေခံ ကျတဲ့ အချက် ကတော့ ခေါင်းဆောင် မှုပိုင်း ဖြစ်ပါတယ်၊ ခေါင်းဆောင်တွေ အနေနဲ့ ဒီအဖွဲ့ အစည်း နှစ်ခု အကြားမှာ အတူ ပြန်လည် ယှဉ်တွဲ နေထိုင်ဖို့ ဆန္ဒရှိ ရပါမယ်၊ ဒုတိယ အချက် ကတော့ လွတ်လပ်စွာ သွားလာခွင့် လွတ်လပ်စွာ အလုပ် လုပ်ခွင့်တွေ ရှိရမှာ ဖြစ်ပါတယ်၊ ဒီလို နှစ်ဘက် အဖွဲ့ အစည်းတွေ အတူ တကွ ပူးပေါင်း ဆောင်ရွက် မှသာ ယုံကြည် မှုကို ပြန်လည် တည်ဆောက် နိုင် မှာ ဖြစ် ပါတယ်”

ဒါ့အပြင် ရခိုင် ပြည်နယ်ဟာ တခြား တိုင်းနဲ့ ပြည်နယ် တွေနဲ့ နှိုင်းစာရင် ဆင်းရဲ နိမ့်ကျတဲ့ အနေ အထားမှာ ရှိနေဆဲ ဖြစ်ပြီး ဒေသတွင်း ဖွံ့ဖြိုး တိုးတက် လာဖို့ ပဋိ ပက္ခတွေ ဖြေရှင်း နိုင်တဲ့ အပေါ်မှာ မူတည် နေတယ် လို့လည်း သံအမတ် ကြီးက ပြောပါတယ်။

ဒီခရီးစဉ်မှာ မြန်မာ နိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mr.Andrew Patrick အပြင် ကနေဒါ သံအမတ်ကြီး Mr. Mark McDowell လည်း ပါဝင် ခဲ့ပြီး ပြည်နယ် အစိုးရနဲ့ ဆွေးနွေး တာအပြင် စစ်တွေ၊ မြေပုံ မြို့ နယ် တွေက ဒုက္ခသည် စခန်း တွေကို လည်ပတ် ခဲ့သလို နိုင်ငံရေး ပါတီ ခေါင်းဆောင် တွေနဲ့ လူမှု အဖွဲ့ အ စည်းက တာဝန် ရှိသူ အတော် များများနဲ့ ဆွေးနွေး ခဲ့ကြ ပါတယ်။

ကနေဒါသံအမတ်ကြီး Mr. Mark McDowell ကရခိုင် တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ အကြား နှစ် ဖက် ဆက်ဆံရေးအေး စက်နေတာ ကိုတွေ့ရှိရ သလိုနှစ်ဘက် အသိုင်းအဝိုင်း ကြားကောလဟာ လတွေ ပြော ဆို နေတာ တွေလည်း တွေ့ရှိ ရကြောင်း သတင်းထောက် တွေကို ပြောခဲ့ ပါတယ်။

Comment ရေးရန်

Rohingya Exodus