နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ လူမျိုးများထံမှသာ ဆိုင်ကယ် ဘီးခွန် ကောက်ခံလျက်ရှိ

RB News
20.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်တွင် ရိုဟင်ဂျာ လူမျိုး များထံမှသာ ဆိုင်ကယ် ဘီး ခွန် ကောက်ခံ လျက်ရှိပြီး၊ ဘီးခွန်ကို ဓါးပြများ သဖွယ် လုယက်သည့် ပုံစံမျိုးဖြင့် အနိုင်ကျင့် ကောက်ခံ လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

မောင်တော မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ဘီးခွန် ကောက်ခံခွင့် လိုင်စင်ကို ဦးကျော်စောမှ နှစ်စဉ် ရ ယူခဲ့ရာ၊ ယခုနှစ် တွင်လည်း ၎င်းမှ ရယူ ခဲ့သည်။ ဦးကျော်စောသည် ဆိုင်ကယ် ဘီးခွန် ကောက်ခံရန် အတွက် မောင်တော မြို့ရှိ ရခိုင် လူမျိုး လူဆိုး၊ လူမိုက် များကို စုဆောင်းပြီး၊ (၃) မိုင်၊ မြို့မ ကညင်တန်း ခ ရိုင် အုပ်ချုပ် ရေးမှူး ရုံးရှေ့နှင့် ရွှေဇား တံတား တို့တွင် အုပ်စုလိုက် ထားရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။ 

အဆိုပါ လူမိုက် အုပ်စု များသည် (၃) မိုင်၊ မြို့မ ကညင်တန်းနှင့် ရွှေဇား တံတား တို့ကို ဖြတ်သန်း သွား လာသော ဆိုင်ကယ်များကို တား၍ စီးနင်း လာသူ များကို ရင့်သီးရိုင်းပျစွာ ဆက်ဆံ၍ ဆိုင်ကယ် တစ်စီး လျှင် ဘီးခွန်ဟု ဆိုကာ ငွေကျပ် တစ်သောင်း ရှစ်ထောင် အထိ ဓါးပြများ သဖွယ် လုယက်သည့် ပုံစံ မျိုး ဖြင့် ကောက်ခံ လျက်ရှိကြောင်း သိရှိ ရပါသည်။ 

ထိုကဲ့သို့ ဆိုင်ကယ် ဘီးခွန် ကောက်ခံခြင်းကို ရိုဟင်ဂျာ လူမျိုး များထံမှသာ ပြုလုပ်ပြီး၊ ရခိုင် လူမျိုးနှင့် အခြားသော ဗုဒ္ဓဘာသာ ၀င်များမှာ ဘီးခွန်လည်း ပေးရန် မလိုသည့် အပြင် ဆိုင်ကယ် လိုင်စင် ပင် ပြု လုပ် ရန် မလိုအပ် ကြောင်း ဒေသခံ များမှ ပြောပါသည်။ ရခိုင် ပြည်နယ်ရှိ အခြား မြို့နယ် များတွင် ဆိုင် ကယ် ဘီးခွန်မှာ ၃၀၀၀ ကျပ်သာ ဖြစ်သော်လည်း မောင်တော မြို့နယ်တွင် ဦးကျော်စောနှင့် မြို့နယ် စည် ပင် သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ ရိုဟင်ဂျာ လူမျိုးများကို သီးသန့် ယုတ်မာ နေခြင်း ဖြစ်သည်ဟု ဆို  သည်။ 

ဦးကျော်စောသည်ယခင်ထောက်လှမ်းရေး (၁၈) တွင်တာဝန်ထမ်းဆောင် ခဲ့ပြီး၊ မောင်တော မြို့မှ ကျောင်း ဆရာမ တစ်ဦးနှင့် အိမ်ထောင် ကျပြီး၊ မောင်တော မြို့တွင် အခြေစိုက် နေထိုင် သူ ဖြစ် သည်။ မောင်တော မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ ယခု ပြည်နယ် စည်ပင် သာယာရေး ၀န်ကြီး ဦးမြအောင်မှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဘဲ၊ လွန်ခဲ့သည့် ရက်ပိုင်းက မောင်တော မြို့သို့ လာရောက် ခဲ့သော်လည်း ဘီးခွန် ကိစ္စကို ဆောင်ရွက် ပေးခဲ့ခြင်း မရှိကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus