နောက်ဆုံးသတင်း/ဆောင်းပါးများ

ကတိတော်ရ နယ်မြေ

ဌေးလွင်ဦး
RB News
20.12.2013

ရိုဟင်ဂျာ အရေးနဲ့ မြန်မာ မွတ်ဆလင် အရေးကို ကျွန်တော် တို့နဲ့ ညှိမှ ရမယ်။

ရာဇ၀တ် ကောင်တွေဟာ ရိုဟင်ဂျာ ဆိုတာ ရှိပါတယ် ဆိုတာ သူတို့ ကိုယ်တိုင် မျက်လုံးနဲ့ ဖတ်ပြီးတာ အခါခါ အကြိမ်ကြိမ် ရှိနေ ပါပြီ။ ဒါဟာ သဘာဝပါ။ သူ တို့ကမရှိပါဘူးပြောလိုက်- တစ်ဘက်က သက်သေ ပြလိုက်၊ အဲ့ဒီ သက်သေ ပြ ချက် ကို တန်ပြန် ဆန့်ကျင်ဘို့-၊ သူတို့ ဖတ်ကို ဖတ်နေ ရတယ်။ သူတို့ မျက် လုံးနဲ့ ကြည့်ကို ကြည့်နေ ရတယ်။ မဖတ်ချင် မမြင်ချင်လည်း မြင်နေ ရတယ်။ ဆိုတာ ကလေးတောင် သိနေတဲ့ ကိစ္စပါ။

ဒါပေမယ့် ရိုဟင်ဂျာ မရှိပါဘူးလို့ တစ်စိုက် မတ်မတ် ငြင်းနေရတာလဲ-။ စာ သင် ကျောင်းတွေ၊ ကောလိပ်တွေ၊ တက္ကသိုလ် တွေမှာ ရိုဟင်ဂျာ ကလေးတွေ ကျောင်းသွား အပ်ရင်- ရိုဟင်ဂျာ လူမျိုး နာမည်ကို မထည့်ပါနဲ့-၊ ဒီကိစ္စ က သိမ်မွေ့ လွန်းတယ်- အခြား နာမည် တစ်ခုခုကို ထည့်ပါ ဆိုပြီး အပျော့ နည်းသုံး ငြင်းစေဘို့ ဘာလို့ လေ့ကျင့် ပေးထား တာလဲ---။ ဆိုတာ တွေက ကျွန်တော် တို့မှာ အဖြေတွေ ရှိပါတယ်။

ဦးသိန်းစိန် အစိုးရဟာ မွတ်ဆလင် မျိုးတုံး သုတ်သင် မှုကို စနစ် တကျ တာဝန်ယူ ဆောင်ရွက်ဘို့ ဆက်လက် ထမ်းဆောင် ခဲ့တဲ့ အစိုးရ တစ်ရပ် ဖြစ်ပါတယ်။ ၂၀၁၀ ဂီရိ မုန်းတိုင်း ရခိုင်ကို သင့်စဉ်က သူ့ရဲ့ ရခိုင်ခရီးစဉ်မှာ-မုန်တိုင်းသင့်လူထုကိုပြောတဲ့အားပေး စကားမှာကိုက-မင်းတို့မှာ ဒီမုန်တိုင်းထက် ကြောက် ဘို့ ကောင်းတဲ့ အန္တရာယ်က ကုလား တွေပဲလို့ တရားဝင် ပြောခဲ့ တာပါ။

သူတို့ကရခိုင်ဒေသကမွတ်ဆလင်များကိုအကြမ်းနည်းနဲ့အပြုတ်ရှင်းဘို့ကြိုးစားလိုက်တာမအောင် မြင်တော့ အနုနည်းနဲ့- လူ့အခွင့် အရေးကို ပြပြီး ဒီလူ တွေကို နိုင်ငံသား မှတ်ပုံတင် ကဒ်တွေ ထုတ်ပေး လိုက်မယ်။ အဲ့ဒီမှာ ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကို လုံးဝ မသုံးဘဲ အခြား နာမည် တစ်ခုကို သုံးပေး မယ်-၊ ဒီလို လုပ်လိုက် ရင် မွန်းကြပ် နေတဲ့ လူထု ကလည်း နိုင်ငံသား ရပြီ ဆိုတဲ့ ထွက်ပေါက် တစ်ခုနဲ့ စိတ် သက် သွားမယ်။ ကမ္ဘာ မှာလည်း သူ့တို့ ဘက်က လူ့အခွင့် အရေးကို လုပ်ဆောင် ပေးတဲ့ အစိုးရ အဖြစ် မျက်နှာယူ လိုက် မယ်။

ပြီးတော့ စီးပွားရေး အားဖြင့် မွန်းကြပ်အောင် ခွဲခြား စီစဉ် ထားမယ်-၊ လူတွေက စီးပွားရေး မွန်းကြပ် လာရင် နိုင်ငံ ခြားကို ထွက်ချင် လာမယ်။ နိုင်ငံသား ကဒ် ကိုင်ထားတာ ဆိုတော့ ပါ့စ်ပို့တ် အလွယ် တစ်ကူ ထုတ်ပေး လိုက်မယ်။ ပြီးမှ သွားလေရော့ လဟယ်-----။ ဆိုတဲ့ မူကို ကျင့်သုံး လိုက်မယ်ပေါ့။ 

မှတ်ပုံတင် ကိုင်ထားတဲ့ လူတွေက ရိုဟင်ဂျာ အမည်နဲ့ မဟုတ်ဘူး။ ဒီတော့ မြန်မာ ပြည်မှာ ရိုဟင်ဂျာ မရှိ ဘူးပေါ့။ မြန်မာမှာ ရိုဟင်ဂျာ မရှိလို့ ပြည်ပရောက် ရိုဟင်ဂျာ ဆိုသူ တွေကို မြန်မာ ပြည်က ပြန်လည် လက် ခံ စရာ မလိုဘူး ဆိုတဲ့--။ ဘုန်းကြီး ကျောင်းသား ဉာဏ်မျိုး လောက်နဲ့ စီစဉ် နေတာပါ။

အကယ်၍သာ ရိုဟင်ဂျာ ဆိုတဲ့ နာမည်နဲ့ လူတစ်ချို့ကို လက်ခံ လိုက်ရင်တောင်- ဒီနာမည် ရှိနေ သ၍ ဒီ လူတွေ ရှိနေမယ် ဆိုတာကို သူတို့ ကြောက်လန့် နေခြင်း ဖြစ်ပါတယ်။ ဒါဟာ လူမျိုး တစ်မျိုးကို မုန်းတဲ့ အခြေ ခံစိတ် ဆိုတာထက် ဘာသာ တစ်ခုကို မုန်းတဲ့ အခြေခံ စိတ်ကြောင့် အတင်းခံ ငြင်းနေ ခြင်း ဖြစ် ပါ တယ်။

ဒီအတွက် သူတို့ဟာ ကမ္ဘာ့ဖိအား ဒဏ်ကို မခံနိုင်တဲ့အဆုံးပြည်တွင်းကရိုဟင်ဂျာ လူ မျိုး ခေါင်းဆောင် တွေ ကို ပြန်ပေး ဆွဲတဲ့ နည်းကို ကျင့်သုံးပြီး- အခြား နာမည် တစ်ခုခုနဲ့ အတင်း လက်ခံ ခိုင်းမယ့် အနေ အထား ထိ ရှိနေပါ တယ်။- ဒါတွေကို ကျွန်တော်တို့ ပြည်ပ လှုပ်ရှား သူများက ကြိုသိ ပြီးသားပါ။ ဒါကြောင့် ရိုဟင်ဂျာ အရေး၊ မြန်မာ မွတ်ဆလင် အရေးမှာ- ပြည်တွင်းက ခေါင်းဆောင် တွေဟာ ကျွန်တော် တို့ထက် ဉာဏ်ပညာ ကြီးသူများ၊ အနစ် နာခံသူများ၊ စေတနာများ သူများ ရှိနေ ပေမယ့်-၊ သူတို့ကို ပြန်ပေးဆွဲ အ တင်းလက်မှတ်ထိုးခိုင်းရင်လည်းကမ္ဘာ့ဖိအားနဲ့အရေး ယူမှုများ လျှော့ပါး မသွား ရလေအောင် သော့ချက်ကို ကျွန်တော်တို့ ကိုင်ထား ခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်းတဲ့ အတိုင်း တစ်ပြား မလျှော့ ပေး ရ မယ်။

ကျွန်တော်တို့ ခဏခဏ ပြောပါတယ်။ ပြသနာ တွေဟာ ကျွန်တော် တို့က စခြင်း မဟုတ်။ ကျွန်တော်တို့ မွတ်ဆလင် များကို လူမျိုးတုန်း သတ်ဖြတ်ခြင်း၊ ဆက်လက် ကြံစည်ခြင်း၊ သာသနာ တစ်ခုကို အပျောက် ရိုက်ဘို့ ကြံစည် ခြင်း၊ အစ္စလာမ် သာသနာ ၀င်တွေ တိုင်းပြည်က စွန့်ပြေး သွားစေ ရန် ဖြတ်လေးဖြတ် ဖြတ် ခြင်း- ဒါတွေကို လက်ရှိ အစိုးရက အကွက်ချ စီစဉ် ခဲ့တဲ့ အတွက် ကျွန်တော် တို့ဘက်က တစ်ခုချင်းကို ကာကွယ် တော်လှန် ရခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော် တို့ဟာ အာဏာ မလုဘူး၊ ခွဲထွက်ရေး မတောင်း ဘူး၊- မြန်မာ တစ်နိုင်ငံလုံး တန်းတူ ညီမျှ အခွင့် အရေးပဲ တရား မျှတစွာ တောင်းဆိုတယ်။ အဲ့ဒီမှာ ရာဇ ၀တ် ကောင်တွေကို အရေး ယူခြင်း ဆိုတာလည်း ပါဝင်ပါတယ်။ အရေး ယူခြင်း ဆိုတာ လက်စား ချေခြင်း မဟုတ်ပါ။

(၁) ရိုဟင်ဂျာ ပြသနာမှာ ရိုဟင်ဂျာ တွေကို ရိုဟင်ဂျာ အဖြစ် အသိ အမှတ် မပြုဘဲ ငြင်းပါယ် နေသ၍၊ ဥပါယ် တမည် ပြုနေသ၍- အဲ့ဒီ ပြဿနာ အတွက် စီစဉ်ထားတဲ့ အရေးယူ မှုများကို လျှော့ပေါ့ ပေးမည် မဟုတ်။ 

(၂) မြန်မာပြည်မှ မွတ်ဆလင် များအပေါ် ဖြတ်လေးဖြတ် စီမံချက် ချထားခြင်းကို အပြီးတိုင် ရုပ် သိမ်း ပေး ခြင်း မရှိ သ၍- အဲ့ဒီ ကိစ္စကို တန်ပြန်ဘို့ စီစဉ် ထားတဲ့ အရေး ယူမှု များကို လျှော့ပေါ့ ပေးမည် မဟုတ်။

(၃) လူသား မျိုးတုံး သတ်ဖြတ် ကျူးလွန် မှုအား ၀န်မခံ မချင်း၊ ပါဝင် ပတ်သက်သူ များအား ဖမ်းဆီး အရေးမှု မပြု မချင်း- မြန်မာပြည် အတွက်စီစဉ်ထားသည့် ပြင်းထန် စေမည့် ပြင်ဆင် နေမှုကို အ ရှိန်လျှော့ မည် မဟုတ်။

ဤသို့ ကျွန်တော် တို့၏ အရေး ယူမှု များကြောင့် ပြည်တွင်းနေ မွတ်ဆလင် တို့အား ပိုမို ဖိနှိပ် လျှင် ပြည် တွင်းနေ မွတ်ဆလင်များ အတွက် လုံခြုံ စိတ်ချ ရစေမယ့် ကတိတော်ရ နယ်မြေ (promise land) ကို အ လွန် လျှင်မြန် သော နှုန်းဖြင့် အကောင် အထည် ဖေါ်သွားရန် အသင့်ရှိ နေပါတယ်။ တိုင်းပြည်မှ ခွဲထွက် ခြင်း ပြစ်မှုကို ကျူးလွန် ရန်မလိုတဲ့ ကမ္ဘာ့ ဥပဒေ စိုးမိုးတဲ့ လူမျိုးစုံ ဘာသာစုံ ခိုလှုံနိုင်တဲ့ နယ်မြေ ကွက်များ ဖန်တီး သွားမှာ ဖြစ်တယ်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Rohingya Exodus