April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

နစကမှ သိမ်းခဲ့သည့် ပုဇွန်ကန် များကို နပခမှ ဆက်လက်၍ အကျိုးခံစားနေ

RB News
15.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်တွင် ၁၉၉၂ ခုနှစ်က နစက တည်ထောင်ပြီး ဒေသခံ ရိုဟင်ဂျာ များထံမှ အတင်း အဓမ္မ သိမ်းယူ ခဲ့သည့် ပုဇွန်ကန် များကို ဒေသခံ များသို့ ပြန် လည် ပေး အပ်ခြင်း မရှိဘဲ၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဆက်လက်၍ သိမ်းယူ ထားပြီး ရရှိသည့် အကျိုး များကို ခံစားလျက် ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ရခိုင် ပြည်နယ်၊ အမ်းမြို့နယ် အခြေစိုက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် (နပခ) မှ ဗိုလ်မှူးကြီး ၀င်းမင်းနိုင်၊ ဗိုလ်မှူး ကျော်ခိုင်ဦး၊ ယခင် နစက ဌာနချုပ်မှ နစက ကွပ်ကဲရေး မှူးဟောင်း ဗိုလ်မှူးကြီး အောင်နိုင်ဦးနှင့် အမှတ် (၄) ရဲတပ်ရင်း ကွပ်ကဲရေး အဖွဲ့ တို့သည် မောင်တော မြို့နယ်၊ ကျီးကန်းပြင်သို့ ဒီဇင်ဘာလ (၁၂) ရက်နေ့က ရောက်ရှိ ခဲ့သည်။ 

အဆိုပါ အဖွဲ့သည် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ဌာနချုပ် ခန်းမတွင် နစကပိုင် ပုဇွန်ကန် လုပ်ကိုင်သူ များကို ခေါ်ယူ တွေ့ဆုံ၍ နစက ကိုဖျက်သိမ်း လိုက်ပြီ ဖြစ်ကြောင်း၊ နစကပိုင် ပုဇွန်ကန် များကို မည်သည့် ဌာန အဖွဲ့ အစည်းကို ဗဟိုမှ ပေးမည်ကို ယခုထိ တိတိ ကျကျ မသိကြောင်း၊ ပုဇွန်ကန် ရာသီ ရောက် ပြီ ဖြစ်သဖြင့် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်၏ အမိန့် အရ လုပ်ငန်းရှင် ကိုယ်စားလှယ် အဟောင်း များကို အကျိုး အမြတ် ၁၀% တိုးပေးပြီး ဆက်လက် ငှားရမ်းရန် လာရောက်ခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။ 

ထို့နောက် နယ်မြေ (၃) ကို ဦးခင်မောင်သန်း အားလည်းကောင်း၊ နယ်မြေ (၄) ဦးဆော်လီ မုလ္လာ အားလည်းကောင်း၊ နယ်မြေ (၅) ကို ဦးအာယာစ် အားလည်းကောင်း၊ နယ်မြေ (၆) စခန်း (၁၄) ကို ဦးက မာလ် အားလည်းကောင်း၊ နယ်မြေ (၆) ကို ဦးဇကရီယာ (ကျီးကန်းပြင် အုပ်ချုပ် ရေးမှူး) အား လည်းကောင်း၊ နယ်မြေ (၇) ကိုဦးရဖီခ် အားလည်းကောင်း၊ စသည်ဖြင့် တစ်ဦးတည်း ကိုယ်စားလှယ် စနစ် ဖြင့် ဆက်လက် လုပ်ကိုင်ခွင့် ပေးလိုက်ပြီး ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် စာချုပ် ချုပ်မည်ဟု သိရှိ ရပါ သည်။ 

နစက အဖွဲ့သည် မောင်တော မြို့သို့ ၁၉၉၂ ခုနှစ်က ရောက်ရှိ အခြေစိုက် ခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာ များ၏ လယ်ယာမြေ၊ တောင်ယာမြေ၊ တောင်ကုန်း မြေနှင့် ပုဇွန်ကန် များကို အတင်း အဓမ္မ သိမ်းပိုက် ခဲ့ပြီး၊ ၎င်းတို့ ကိုယ်ကျိုး အတွက် အလွဲ သုံးစား ပြုလုပ် ခဲ့ရာ ယခု အခါ နပခမှ ဆက်လက် အကျိုး ခံစား မည် ဖြစ်သည်။ နစက ဖျက်သိမ်း ပြီးနောက် မူလ ပိုင်ရှင် များက ၎င်းတို့၏ လယ်ယာမြေ၊ ပုဇွန်ကန် များ ပြန် လည် ရရှိ လာမည်ဟု မျှော်လင့် ခဲ့သော်လည်း၊ ယခု အခါ မျှော်လင့်သည့် အတိုင်း ဖြစ်မလာဘဲ နစက ၏ နောက်ကွယ်တွင် နပခ ရှိပြီး၊ နပခမှ ဒေသခံ ရိုဟင်ဂျာ များ၏ လယ်ယာမြေ၊ အခြားမြေ များနှင့် ပုဇွန် ကန် များကို ပြန်လည် အပ်နှံခြင်း မပြုဘဲ တပ်မတော်၏ အကျိုး အတွက် တစ်ဦးတည်း ကိုယ်စား လှယ် စနစ်ဖြင့် အကျိုးတူ လုပ်ကိုင် သည်ဟု ဆိုကာ ငှားရမ်း နေသည်။ 

“ကျွန်တော်တို့ မိရိုးဖလာ လယ်ယာမြေ တွေနဲ့၊ အခြား မြေတွေ၊ ပုဇွန်ကန် တွေလုပ်ကိုင် လာခဲ့ ကြတာ၊ နစက က အတင်း အဓမ္မ သိမ်းလိုက်လို့ ကျွန်တော်တို့ရဲ့ စားဝတ် နေရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး နဲ့ အခြား အခြေခံ လူသား တွေရဲ့ လိုအပ်ချက် တွေမှာ နေ့စဉ် နစ်နာ လျက်ရှိပါတယ်။ 

ကျွန်တော်တို့ ဒေသခံ တွေရဲ့ လယ်ယာမြေနဲ့ အခြားမြေတွေ၊ ပုဇွန်ကန် တွေကို မတရား သိမ်းပိုက် ခဲ့တာ အခုဆိုရင် အနှစ် ၂၀ ကျော်ပြီ၊ အနှစ် ၂၀ ကျော် ကျွန်တော်တို့ရဲ့ ရပိုင်ခွင့် တွေကို နစက ကစားပြီးပြီ၊ အခု နစက ဖျက်လိုက်တော့ ကျွန်တော် တို့ရဲ့ ပိုင်ဆိုင်ခွင့် ပြန်မပေးတာ လူ့အခွင့် အရေး ချိုးဖောက် တာဘဲ ဖြစ် ပါ တယ်။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှု တွေကို နိုင်ငံတော် အစိုးရက အမြန်ဆုံး ပြန် လည် ပေး ပါလို့ တောင်း ဆို ပါတယ်” ဟု ၁၉၉၂ ခုနှစ်က ပုဇွန်ကန် သိမ်းခံ ရသူ တစ်ဦးမှ RB News သို့ ပြောပါသည်။ 


Comment ရေးရန်

Pages 22123456 »
Rohingya Exodus