နောက်ဆုံးသတင်း/ဆောင်းပါးများ

၅၆၄ တပ်ရင်းမှ ရိုဟင်ဂျာ များကို အတင်းအဓမ္မ ခိုင်းစေမှုများ ပြုလုပ်နေ

ဇေယျာသူ
RB News
31.12.2013

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် အမှတ် ၅၆၄ တပ်ရင်းမှ ဒေသခံ ရိုဟင်ဂျာ များကို အတင်း အဓမ္မ လုပ်အား ခိုင်းစေမှု များပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ဘူးသီးတောင် မြို့နယ် အခြေစိုက် အမှတ် ၅၆၄ တပ်ရင်းမှ ဗိုလ်ကြီး အောင်ထွေးသည် ဖောင်တော်ပြင်၊ ခြင်းသမား၊ ဒါးပိုင်ဆရာ၊ မီး/ဈေး၊ ပုလဲတောင်၊ မော်နူရွာ၊ မီး/ဈေး ရွာသစ် တို့တွင် အုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူး များနှင့် ပူးပေါင်း၍ ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့ တို့တွင် အသက် ၁၀ နှစ်မှ ၆၀ နှစ်ကြားရှိ ဒေသခံ ရိုဟင်ဂျာ များကို အတင်း အဓမ္မ ခေါ်ယူ၍ လုပ်အားပေး ခိုင်းခြင်းများ ပြုလုပ် လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့ များတွင် အနည်းဆုံး လူ ၁၀ ဦးမှ ၅၀ ဦးအထိ သွားရပြီး၊ စပါး ရိတ်ခိုင်းခြင်း၊ မြေတူးလမ်း များဖောက်လုပ် ခိုင်းခြင်း၊ အ၀တ်လျှော် ခိုင်းခြင်းများ ပြုလုပ် ခိုင်းကြောင်း သိရှိ ရပါသည်။ 

အကယ်၍ တောင်းခံသည့် လူဦးရေ အရေ အတွက် အတိုင်း မသွားနိုင်ပါက ရွာသား များမှ လူတစ်ဦးစာ အတွက် ငွေကျပ် ၃၀၀၀ မှ ၆၀၀၀ အထိ ဒဏ်ငွေ အဖြစ် ပေးဆောင် ရကြောင်း သိရှိ ရသည်။ 

ထိုကဲ့သို့ အတင်း အဓမ္မ ခိုင်းစေမှု များကို တပ်မမှူး၊ ဗျူဟာမှူးနှင့် မြို့နယ် အုပ်ချုပ် ရေးမှူး များကို အကြိမ်ကြိမ် တိုင်တန်း ခဲ့သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း ဒေသခံ များက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus