နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲများက ကြိမ်ချောင်း၌ ဈေးသွား ဈေးလာ များထံမှ အကြောင်းမဲ့ ငွေညှစ်လျက်ရှိ

Sindi Khan
RB News
25.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ လောင်းဒုံ ကျေးရွာ အုပ်စု၊ ဆင်သေရွာရှိ အမှတ် (၂) ရဲကင်း စခန်းမှ ရဲများသည် ကြိမ်ချောင်း ဈေးသို့ ဈေးဝယ်ရန် သွားလာသူ များကို ခြိမ်းခြောက်၍ ငွေညှစ် လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ်၊ ကြိမ်ချောင်း ရဲစခန်း ယာယီ တာဝန်ခံ ဒုရဲအုပ် အေးကျော်ညွန့်၏ လက်အောက်ခံ ရဲ ကင်း စခန်း ဖြစ်သည့် လောင်းဒုံ ကျေးရွာ အုပ်စု၊ ဆင်သေရွာရှိ အမှတ် (၂) ရဲကင်း စခန်းမှ ရဲများသည် ဇန်န၀ါရီလ (၂၂) ရက်နေ့ မွန်းလွှဲ (၂) နာရီ အချိန်မှ စ၍ ကြိမ်ချောင်း ဈေးသို့ ဈေးဝယ်ရန် သွားလာသူ များ ကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သိရှိ ရပါသည်။ 

ရဲကင်းစခန်းရှေ့မှဖြတ်သွားဖြတ်လာသည့်ရိုဟင်ဂျာလူမျိုး တိုင်းက ရဲကင်း စခန်းသို့ ငွေကျပ် ၂၀၀ စီပေးနေ ရပြီး၊ ငွေကြေး ပေးရခြင်း အတွက် မေးမြန်းသူ များကို ကိုယ်ထိ လက်ရောက် စော်ကား၍ ရိုက်နှက်ခြင်း များပြုလုပ် လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ အဆိုပါ ရဲများသည် အလုပ် အကိုင် ရှိသည့် လူငယ် များကို အဓိက ပစ်မှတ် ထား၍ ငွေညှစ် လျက်ရှိသည်။ လူငယ် အများစုမှာ အလုပ် လက်မဲ့ ဖြစ်နေပြီး၊ အလုပ် အကိုင် ရှိသည့် လူငယ် များကို ယခုကဲ့သို့ ပစ်မှတ် ထား၍ ငွေ ညှစ် နေ ခြင်းကြောင့် ဒေသခံများ အလွန် စိတ်ပျက် လျက်ရှိသည်။ 

ယာယီ ကဒ်ပြား၊ ထောက်ခံစာ များကို ဖြတ်သွား ဖြတ်လာသူ များထံမှ စစ်ဆေးပြီး၊ ယာယီ ကဒ်ပြား ဓါတ်ပုံ မပေါ်၊ ဟောင်းနေသည်ဟု အကြောင်း အမျိုးမျိုး ပြ၍ ငွေညှစ် လျက်ရှိကြောင်း သိရှိရပါသည်။ ယခု ရက် ပိုင်း အတွင်း ငွေညှစ် ခံရသူ များမှာ --

(၁) ရရှီဒုလ္လာ (ဘ) ဦးဇဖာရ် အာမတ် (အသက် ၂၅ နှစ်) (ပေးခဲ့ရသည့် ငွေ ကျပ် ၁၃၀၀၀)
(၂) မာမတ်ယာယာ (ဘ) ဦးဆွေယာဒ် အာမတ် (အသက် ၂၈ နှစ်) (ပေးခဲ့ရသည့် ငွေ ကျပ် ၁၃၀၀၀)
(၃) မိုဟာမတ် ယူနုစ် (ဘ) ဦးနဇီရ်ဟူစိန်း (အသက် ၃၀ နှစ်) အောက်ပြူးမရွာမှ (ပေးခဲ့ရသည့် ငွေ ကျပ် ၇၅၀၀)
(၄) ဘေလာလ် (ဘ) ဦးဖရီဒုလ္လာ (အသက် ၂၂ နှစ်) အောက်ပြူးမရွာမှ (ပေးခဲ့ရသည့် ငွေ ကျပ် ၇၅၀၀) -- တို့ဖြစ်ပါသည်။


Comment ရေးရန်

Rohingya Exodus