နောက်ဆုံးသတင်း/ဆောင်းပါးများ

တော်လှန်ရေးရဲ့ သဘော (၃)

ဌေးလွင်ဦး
RB News
28.1.2014

လူမွေး ဖြိုခွဲခြင်းနှင့် ထောင်ချောက် ဆင်ခြင်း တော်လှန်ရေးကို ထိခိုက် စေမယ့် အဓိက သော့ချက်က- တော်လှန် နေတဲ့ အုပ်စုတွင်း လူမွေး ဖြိုခွဲခြင်း ဖြစ်ပါ တယ်။ ဒီအခြေ အနေမှာ ဖြစ်နိုင်ခြေ အရှိဆုံး အခြေခံ အချက် များက- (၁) ရန်သူဟာ စိတ်ဓါတ် ရေးရာ ခြိမ်းခြောက် ပြီးသား လူတစ်စုကို အထူး အခွင့် အရေး ပေးပြီး ရန်သူ့ အလိုကျ လူထုကို စည်းရုံး စေခြင်း သို့မဟုတ် ကမ္ဘာ အသိုင်း အ၀ိုင်းကို လိမ်ခိုင်း ခြင်းမျိုး ဖြစ်တတ် ပါတယ်။ 

တနည်း အားဖြင့် ဖြစ်တည် လာတဲ့ လက်သပ်မွေး လူတစ်စုဟာ သာမန် လူထုက ယုံကြည် အားထား လောက်တဲ့ စကားလုံး တွေကို ပြောမယ် ဟောမယ်- လူထုကို စည်းရုံး ပါမယ်။ (ဗုဒ္ဓ ဘာသာများ အတွက် သင်္ကန်းဝတ် ဘုန်းကြီး များကို မွေးသလို မွတ်ဆလင်များ အတွက် လည်း မွတ်ဆလင် ဆရာတော် ကြီးများကို မွေးထုတ်မှာ ဖြစ်ပါတယ်။ အလားတူ ကရင် အတွက် ကရင် လူမျိုး၊ ရခိုင် အတွက် ရခိုင် လူမျိုး၊ ကမန် အတွက် ကမန် လူမျိုး၊ -----တွေကို မွေးထုတ်မှာ ဖြစ်ပါတယ်။) 

အဲ့ဒီ လက်သပ်မွေး ခေါင်းဆောင် ဆိုသူ များက လူထုရဲ့ ယုံကြည်မှုကို ရရှိစေဘို့ တစ်ခါ တစ်ရံမှာ အစိုးရကို ဆန့်ကျင်တဲ့ စကားလုံး များကို အကြီး အကျယ် ပြောဆို ပေးမှာလည်း သေချာ ပါတယ်။ အဲ့ဒီလို လူတစ်ယောက် လူထု ကြားမှာ သြဇာကြီး လာပြီ ဆိုမှ အမှန် တစ်ကယ် တော်လှန်ရေး လုပ်ဆောင် နေတဲ့ သူများကို လူထု ဘက်က အယုံ အကြည် လျှော့လာအောင် ဖန်တီးတော့မှာ ဖြစ်တယ်။ (ဒီလို ထောက်ပြလို့ လူထု ဘက်က အချို့သော စစ်မှန်တဲ့ ခေါင်းဆောင်တွေ ကိုလည်း အစိုးရလူ ဖြစ်တယ်လို့ သံသယ ဖြစ်နိုင် ပါသေးတယ်-၊ ဒါကို ခွဲခြား တတ်စေဘို့-၊ လူတစ်ယောက်ဟာ အလုပ် တစ်ခုကို တစ်ကယ်ပဲ တစ်စိုက် မတ်မတ် လုပ်သလား-၊ သူလုပ်တာမှာ ကိုယ့်ဖိနှိပ်ခံ လူထုအတွက် ရာနှုန်း ဘယ်လောက် ပါသလဲ-၊ ရန်သူ အလိုကျ ဘယ်လောက် ယိမ်းသလဲ ဆိုတာနဲ့ တွက်ရ ပါတယ်။) 

ဒီမှာ ထောင်ချောက် ဆင်တဲ့ အကွက် ကိုလည်း မနင်း မိအောင် ဆင်ခြင် ရပြန် ပါတယ်- ရန်သူ (ဖိနှိပ်သူ)ဟာ အခြား တစ်ဘက်မှာ ထောင်ချောက် ဆင်တဲ့ ပညာကို မဖြစ် မနေ သုံးလေ့ ရှိပါတယ်။ ဥပမာ-၊ ၈၈ အရေး အခင်း ကြီးပြီးစ- စစ်တပ်က အာဏာ သိမ်းလိုက်တော့-၊ စစ်တပ် ဆိုတာ မိမိရဲ့ ရန်သူကို လက်နက် ကိုင်တာ ကိုပဲ မြင်ချင် တယ်-၊ ဒါမှ သူ (စစ်တပ်)က စစ်တိုက် စရာ ပြိုင်ဘက် ရှိသွားမယ်-။ တစ်ဘက်ကို အပြတ် ချေမှုန်း လို့ရမယ်လို့ တွက်ပြီး သားပါ။ 

(ကျောင်းသားတွေ- လူထုတွေ တောခို သွားရင်- (က) တောခိုစ ၆လ ၁ နှစ်မှာ လက်နက် ရှာဘို့ ခက်ခဲ နေမယ်၊ လက်နက် ၀ယ်စရာ ရံပုံငွေ ရှာဘို့ ခက်ခဲ နေမယ်၊ သင်တန်း ပေးဘို့ နေရာ ခက်ခဲ နေမယ်-၊- ဒီလို အချိန်မျိုးမှာ လက်နက် ရှိပြီး အင်အား ရှိပြီး မိမိ စစ်တပ်ဘက်က အပြတ် ချေမှုန်း ပစ်နိုင်တယ် လို့ တွက်ပြီး ဖြစ်နေ ပါတယ်။ (ခ) ၆ လ ၁ နှစ် ကြာသွားပြီး ကျန်တဲ့ လူများက တပ်ဖြစ်လာတယ် ထားဦး-၊ အဲ့ဒီ ဖြစ်လာတဲ့ တပ်ဆို တာ သူပုန် ဖြစ်နေပြီ-၊ အစိုးရလောက် အင်အား မကောင်း နိုင်ဘူး ဒီတော့ သူပုန်ကို နှိမ်နှင်း နေရလို့ ဆိုတဲ့ အကြောင်း ပြချက်နဲ့ စစ်အစိုးရကို အသက် ဆက်ထားလို့ ရသလို၊ ပြည်တွင်း နိုင်ငံရေး သမား တွေကိုလည်း သူပုန်နဲ့ ဆက်သွယ်မှု၊ ဘာမှု၊ ညာမှု အားလုံး တံဆိပ်တပ် နှိပ်ကွပ် နိုင်ကြောင်း ကြိုတင် တွက်ပြီး ရှိနေတယ်။ ဒီထက် အနုစိပ်တဲ့ အကွက် ဆင်ထားမှု တွေက စစ်အစိုးရ ဘက်မှာ ရှိနေပါ သေးတယ်- (နောက်နောင် အသေး စိတ် တင်ပြပါမယ်)။ 

ဒီအကွက် တွေကို ဆင်ထားပြီး ဖြစ်တဲ့ စစ်တပ်ဟာ အာဏာ သိမ်းစမှာ လူထုကို ဒေါသ ပုန်ထအောင် ပစ်ခတ် ဖမ်းဆီး နှိပ်ကွပ်ပြ ပါတော့တယ်-၊ အခြား တစ်ဘက်မှာ မခံ မရပ်နိုင် ဖြစ်နေတဲ့ လူတွေကို တောထဲကို မောင်းထဲ့မယ့် ထောင်ချောက်ဆင် လူတွေ ကိုလည်း မွေးထားပြီး ဖြစ်ပါတယ်။ အဲ့ဒီ လက်သပ်မွေး လူတွေက- သွေးဆူ နေတဲ့ လူငယ် လူလတ်ပိုင်းကို -- မင်းတို့ တောမခို သေးဘူးလား၊ မင်းကို ဖမ်းတော့မယ် ကြားတယ်-၊ ငါတော့ လစ်ပြီ- ဆိုကာ မြှောက်ပေး သွားတယ်။  

ပြီးတော့ သူက အခြား မြို့နယ်က သူ့အမျိုး အိမ်မှာ သွားအိပ် နေလိုက်တယ်။ မြှောက်ပေး ခဲ့ရတဲ့ လူငယ် လူလတ် ထဲမှာ ရိုးရိုး သားသား မခံစိတ် ဖြစ်သူတွေ ရှိပြီး- အိမ်မှာ နေရင်လည်း ဖမ်းခံ ရမှာကြောက်၊ တောထဲကို သွားလိုက်ရင် တောစပ်မှာ စစ်တပ်ကို ပြန်ပစ်မယ့် လက်နက်က အဆင်သင့် ရှိနေ သလိုလို ခံစားကာ- နီးရာ သူငယ်ချင်း တွေစု တောခိုကြ ပါတော့တယ်။ အချို့ လူတွေ ဆိုရင် မြှောက်ပေး သူတွေက လမ်းစားရိတ်တောင် ပေးလိုက် ပါသေးတယ်။ 

ဒီလိုနဲ့ မြန်မာပြည် ပတ်လည်မှာ ၈၈ အတွင်း ဆန္ဒပြ ခဲ့သူပေါင်း သိန်းနဲ့ချီပြီ တောထဲကို ရောက်လာ ခဲ့တော့တယ်။ လူပေါင်း များစွာ အတွက် ရိက္ခာမရှိ၊ ဆေးမရှိ၊ လက်နက် မရှိ၊ နေစရာ နေရာမရှိ-၊ ထမင်းငတ်၊ ငှက်ဖျားမိ၊ သေကြေ ပြန်ပြေးရသူ သုံးပုံနှစ်ပုံ ဖြစ်သွား လေရော။ ပြန်ပြေးရ သူက ဘာမှ ဆက်မလုပ်တော့ ပါဘူးလို့ ၀န်ခံရသူ ထက် ၀က်ကျော်-၊ ၀န်မခံ သူကိုလည်း သူပုန်မှုနဲ့ ထောင်ထဲထည့်-၊ အစိုးရရဲ့ အကွက်ထဲ အကုန်ဝင် ကုန်ပါ တော့တယ်။- 

လက်ရှိ မြန်မာ မွတ်ဆလင် ကိစ္စမှာလည်း အစိုးရဘက်က ဒီအကွက်ကို ဆင်ခဲ့ပါတယ်။ မခံမ ရပ်နိုင် ဖြစ်သူ တွေကို လက်နက်ကိုင် စေဘို့ လမ်းကြောင်း ပေးတာ- လမ်းဖွင့် ပေးတာ နည်းလမ်း မျိုးစုံပါ။ လက်နက်ကိုင် ဘို့ရာ စိတ်ကူးတိုင်း မဖြစ်နိုင် သလို-၊ တစ်ယောက် တစ်လေက လက်နက်ကိုင် လိုက်မိ တာနဲ့ အကြမ်းဖက် ဆိုင်းဘုတ် ကပ်ဘို့ကိုလည်း အဆင် သင့်ရေး ကော်သုတ်ပြီး စောင့်နေ ပြီးသားပါ။ မခံမရပ် နိုင်တွေ ထဲမှာ ဖိနှိပ်ခံ ရမှုကြောင့် ရိုးရိုး သားသား ဖြူဖြူ စင်စင် စိတ်နဲ့ လက်နက်ကိုင် တော်လှန် လိုသူများ ရှိသလို-၊ အစိုးရ လက်သပ်မွေး များက ခွဲမယ်၊ ဖြဲမယ် မြှောက်ပေးသူ တွေလည်း ရှိနေ ပါတယ်။ 

တစ်ချို့ အကြီး အကျယ်တွေ လျှောက်ပြောပြီး လူငယ်တွေကို မြှောက်ပေး နေကာ သူတို့ ကိုယ်တိုင်က မြန်မာ ပြည်ထဲကို ထွက်ချည် ၀င်ချည် လုပ်နေသူ တွေလည်း ရှိနေပါတယ်။ ဒါတွေကို မြန်မာ မွတ်ဆလင် လူထုက လိမ်မာ ပါးနပ်ဘို့ လိုပါမယ်။ အစိုးရ ဆင်တဲ့ အကွက် ထဲကို ၀င်မိတာနဲ့ အကြမ်းဖက် တံဆိပ်တပ် ခံရပြီး မြန်မာ ပြည်မှာ မွတ်ဆလင် ဆိုတာ ပျောက်ပြီ ဆိုတဲ့ အသိကို အမြဲ ဆင်ခြင် နေဘို့ လိုအပ် ပါမယ်။ ရန်သူက ဟ ပေးတဲ့ အကွက်ထဲကို ၀င်အောင်သွင်း နေသူများကို လူထုဘက်က ဆင်ခြင် စေလို ပါတယ်။ 

(ဆက်လက် ဖတ်ပါရန်) 

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး) 
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ 
Civil Rights Movement

Comment ရေးရန်

Rohingya Exodus