နောက်ဆုံးသတင်း/ဆောင်းပါးများ

လုံထိန်း ဒုတပ်ရင်းမှူး၏ အမိန့်အရ ဒေသခံ များထံမှ ငွေညှစ်နေ

RB News
7.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက် ပြုစု ကျေးရွာတွင် အမှတ် ၂ လုံထိန်း တပ်ရင်း ဒုတပ်ရင်းမှူး ရဲထူးလှိုင်၏ အမိန့်အရ ဒေသခံ များထံ မှ ငွေ ညှစ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်း၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက် ပြုစု ကျေးရွာနေ ဦးမာမတ် အာ မီးန် (ဘ) ဦးနာဇိရ် ဟူစိန်းနှင့် ဦးအီဗြာဟိမ်း (ဘ) ဦးဘာသာမျာ တို့သည် အမှတ် ၂ လုံထိန်း (ယခင် နစက အမှတ် ၄ နယ်မြေ) တပ်ရင်း ဒုတပ်ရင်းမှူး ရဲထူးလှိုင်၏ အမိန့်အရ ဇန်န၀ါရီလ (၁) ရက်နေ့မှ စ၍ ငွေ ညှစ် လျက် ရှိကြောင်း ဒေသခံ များက RB News သို့ ပြောပါသည်။ 

ဇန်န၀ါရီလ (၁) ရက်နေ့မှ စ၍ ငွေညှစ် ခံရသူ များမှာ -

(၁) ဦးအီစ္စမိုင် (ဘ) ဦးဒိလ်မာမတ် (ပေးရသည့်ငွေ ကျပ် တစ်သိန်း)
(၂) ဦးရှောမ်ရှုဟူးဒါး (ဘ) ဦးဇာဂိရ်ဟူစိန်း (ပေးရသည့်ငွေ ကျပ် ၅ သောင်း)
(၃) ဦးအာဘူတာလက် (ဘ) ဦးဖော်ကိရ်အာမတ် (ပေးရသည့်ငွေ ကျပ် တစ်သိန်း)
(၄) ဦးဆီရာဇ် (ဘ) ဦးအုမာရ်ဟမ်ဇာ (ပေးရသည့်ငွေ ကျပ် ၅ သောင်း)
(၅) ဦးမာမတ်ကမာလ် (ဘ) ဦးဒိလ်မာမတ် (ပေးရသည့်ငွေ ကျပ် ၂ သိန်း)
(၆) ဦးဘာဆဲရ် (ဘ) ဦးအာမိရ်ဟမ်ဇာ (ပေးရသည့်ငွေ ကျပ် ၄ သောင်း)
(၇) ဦးအာမိရ်ဟူစိန်း (ဘ) ဦးမောက်တူလ် ဟူစိန်း (ပေးရသည့်ငွေ ကျပ် ၅ သောင်း)
(၈) ဦးဂူရာဆန် (ဘ) ဦးမာမတ်ဟူစိန်း (ပေးရသည့်ငွေ ကျပ် ၅သောင်း) -- တို့ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus