နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲများက MPT GSM ဖုန်းတွင် ဘင်္ဂလား SIM ထည့်၍ အမှုဆင် ဖမ်းပြီး ငွေညှစ်

ဇေယျာသူ
RB News
6.1.2014

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အမည် မသိ ရဲတပ်ဖွဲ့ဝင် ၄ ဦးက စစ်ဆေးရန် ရှိသည်ဟု ပြောဆို ရှာဖွေ၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တရားဝင် ထုတ်ပေး ထားသည့် ဂျီအက်စ်အမ် ဖုန်းတွင် ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှာ ဆင်းမ်ကဒ် ထည့်၍ အမှုဆင် ဖမ်း ဆီးပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

ဇန်န၀ါရီလ (၃) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ကင်းတောင် ကျေးရွာမှ ဦးအာ ဘူ တာရ် (ဘ) ဦးကာလူ သည် ဆိုင်ကယ်ဖြင့် ဘူးသီးတောင် မြို့မ ဈေးသို့ ဈေးဝယ်ရန် သွားစဉ် လမ်းတွင် အမည်မသိ ရဲတပ်ဖွဲ့ဝင် ၄ ဦးက ဆိုင်ကယ်ကို တား၍ စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ဦးအာဘူတာရ် ၏ မြန် မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တရားဝင် ထုတ်ပေး ထားသည့် ဂျီအက်စ်အမ် လက်ကိုင်ဖုန်းတွင် ရဲများက ဘင်္ဂလား ဒေ့ရှ် နိုင်ငံထုတ် ဆင်းမ်ကဒ် ထည့်၍ အမှုဆင် ဖမ်းဆီး၍ ကင်းတောင် ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ရဲများက ဦးအာဘူတာရ်အား ငွေမပေးလျှင် တရားမ၀င် ဘင်္ဂလား ဖုန်းကိုင်နေသည်ဟု တရားစွဲ ၍ ထောင် ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း သုံးသောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ ဦးအာဘူတာရ်မှ မတရားသဖြင့် ထောင်ချ ခံရမည်ကို စိုးရိမ်၍ ရဲများ တောင်း သည့် ငွေ ကို ပေးပြီး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သိရှိ ရပါသည်။ 

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တရားဝင် ထုတ်ပေး ထားသည့် ဂျီအက်စ်အမ် ဖုန်းများကို မြို့နယ် အုပ် ချုပ် ရေးမှူး၊ တပ်မမှူး၊ ရဲတပ်ဖွဲ့မှူး များက ဒေသခံ များကို တစ်လလျှင် ငွေကျပ် နှစ်သိန်းဖြင့် ငှားရမ်း ထားခြင်း ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus