ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး များကို အုပ်စု တာဝန်ခံ များဟု ရာထူး ပြောင်းလဲ
RB News
3.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော ခရိုင်၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ် များရှိ၊ ရပ် ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး များကို အုပ်စု တာဝန်ခံ များအဖြစ် ရာထူး ပြောင်း လဲ ပေး လိုက် ပြီး၊ ထိုသို့ ရာထူး ပြောင်းလဲခြင်းကို ရိုဟင်ဂျာ အုပ်ချုပ် ရေးမှူး များကိုသာ ပြုလုပ်ပြီး၊ ရခိုင် အုပ်ချုပ် ရေး မှူး များကို ယခင် အတိုင်း အုပ်ချုပ် ရေးမှူး များအဖြစ် ဆက်လက် ထားရှိကြောင်း သတင်း ရရှိ ပါသည်။
ဇန်န၀ါရီလ (၁) ရက်နေ့တွင် မောင်တော ခရိုင်၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ် များရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး များကို ခရိုင် အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်စိုးနှင့် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကြည်စန်း တို့မှ အစည်း အဝေး ခေါ်ယူ၍ ရိုဟင်ဂျာ လူမျိုး ကျေးရွာ အုပ်စုနှင့် ရပ်ကွက် အုပ်ချုပ် ရေးမှူး များ၏ရုံး တံဆိပ်တုံး များကို သိမ်းဆည်းပြီး ရပ်ကွက်၊ ကျေးရွာ အုပ်စု တာဝန်ခံ များဟု ရာထူး ပြောင်းလဲ ခေါ်ဝေါ်ရန် သတ်မှတ် ခဲ့ကြောင်း သိရှိ ရပါသည်။
ရခိုင် လူမျိုး ကျေးရွာ အုပ်စု၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး များကို ယခင် ရာထူး အတိုင်း ထားရှိပြီး၊ ရိုဟင်ဂျာ လူမျိုး ကျေးရွာ အုပ်စု၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး များကိုသာ ကျေးရွာ အုပ်စု၊ ရပ်ကွက် တာဝန်ခံ များ ဟု ပြောင်းလဲ သတ်မှတ် လိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ကျေးရွာ အုပ်စု၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး များကို တံဆိပ်တုံး အသစ် ပေးရာတွင်လည်း ငွေကျပ် ၁၅၀၀၀ စီ ကောက်ခံ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ မောင်တော ခရိုင် အတွင်း ရပ်ကွက်၊ ကျေးရွာ အုပ်စု ၁၀၉ ခု ရှိပြီး တံဆိပ်တုံး အ တွက်ဟု ဆိုကာ ငွေကျပ် ၁၆၃၅၀၀၀ ကို ခရိုင် အုပ်ချုပ် ရေးမှူး ရုံးမှ ရယူ ခဲ့သည်။
ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး တစ်ဦးက ခရိုင် အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်စိုးအား ရာထူး အ မည် ပြောင်းလဲ ရခြင်းနှင့် မေးမြန်းရာ “အထက် အမိန့် အရ ငါတို့ လုပ်တာ” ဟု ဖြေကြား ခဲ့သည်။ ခရိုင် အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်စိုးနှင့် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကြည်စန်း တို့သည် ရိုဟင်ဂျာ လူမျိုး အုပ် ချုပ် ရေးမှူး များကို အမြဲ တစေ ဆူပူ ကြိမ်းမောင်း ဆဲဆိုကြောင်း အမည် မဖော်လိုသည့် အုပ်ချုပ် ရေးမှူး တစ်ဦးက ပြောပါသည်။ ၂၀၁၃ ခုနှစ်တွင် ကျေးရွာ အုပ်စု၊ ရပ်ကွက် အသီးသီး၌ အုပ်ချုပ် ရေးမှူး များခန့် အပ် တာဝန် ပေးရာတွင်လည်း ဖွဲ့စည်းပုံ စည်းမျဉ်းကို ဆန့်ကျင်၍ ပ-အုပ်ချုပ် ရေးမှူးနှင့် ဒု-အုပ်ချုပ် ရေးမှူး များအဖြစ် ခန့်အပ် ခဲ့သည်။
ရပ်မိရပ်ဖများ ကပေးခဲ့ ရသည့် တံဆိပ်ဖိုး ၁၅၀၀၀ ကျပ် အစား ကျေးရွာ၊ ရပ်ကွက် များမှ ငွေကျပ် တစ်သိန်း ငါးသောင်း မကပြန်လည် ကောက်ခံဖွယ် ရှိသည်ဟု သုံးသပ် နေကြသည်။ ယခုကဲ့သို့ရိုဟင်ဂျာ လူမျိုး အုပ်ချုပ်ရေးမှူးများကို သီးသန့် ရာထူးအမည်ပြောင်းလဲပေး လိုက်ခြင်းသည် ရိုဟင်ဂျာ လူမျိုး များကို ရပ်ကွက်အဆင့် တွင် ပင်ရာထူး မပေး ချင် တော့သောကြောင့် ဖြစ်သည် ဟုဒေသ ခံများ ကဝေ ဖန် ပြော ဆိုလျက်ရှိသည်။