နောက်ဆုံးသတင်း/ဆောင်းပါးများ

လက်ထပ်ခွင့် ရရန် ငွေကျပ် ၂ သိန်းနီးပါး ကုန်ကျလျက်ရှိ

ဇေယျာသူ
RB News
3.1.2014

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ မောင်တော ခရိုင် အတွင်း နေထိုင် ကြသော ဒေသခံ ရိုဟင်ဂျာ လူမျိုး များ လက်ထပ်ခွင့် ရရှိရန် အတွက် အလွန် ခက်ခဲလျက် ရှိပြီး ငွေကျပ် ၂ သိန်း နီးပါး ကုန်ကျလျက် ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ယခင်က တရားဝင် ဓါးပြ လိုင်စင်ရ ကဲ့သို့ ငွေညှစ် ခဲ့သော နစကကို ၂၀၁၃ ဇူလိုင်လ ၁၂ ရက်နေ့က ဖျက် သိမ်း ခဲ့ပြီး၊ လက်ထပ်ခွင့် ကိစ္စ များကို မြို့နယ် အုပ်ချုပ် ရေးမှူး များအား တာဝန် ပေးခဲ့သည်။ မြို့နယ် အုပ်ချုပ် ရေးမှူး များက လက်ထပ်ခွင့် ရရှိရေး အတွက် ငွေပေး ရန်မလိုဟု ပြောဆို ခဲ့သော်လည်း၊ ရပ် ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး များက ခေါင်းစဉ် အမျိုးမျိုး တပ်၍ ငွေညှစ် လျက်ရှိပြီး၊ မြို့နယ် အုပ်ချုပ် ရေးမှူး များကလည်း အရေးယူ တားမြစ်ခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။ 

မြန်မာ နိုင်ငံတွင် လက်ထပ်ခွင့် ရရန် လျှောက်လွှာ တင်ရခြင်းမှာ ရိုဟင်ဂျာ လူမျိုး တစ်မျိုး တည်း သာ ဖြစ် သည်။ 

ယခု အခါ လက်ထပ်ခွင့် ရရန် အတွက် -

(၁) မြို့နယ် အုပ်ချုပ် ရေးမှူး ထံမှ အမှုတွဲ ယူခ - ၅ သောင်း
(၂) ကိုယ်ဝန် ရှိ/မရှိ ဆရာဝန် ထောက်ခံချက် ယူခ - ၂ သောင်း
(၃) ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး တံဆိပ်တုံး ထုခ - ၄ သောင်း
(၄) မကဖ (ကြားစခန်းနှင့် နယ်မြေ စခန်းများ၏ အသက်ပြည့် ထောက်ခံချက်) - ၅ သောင်း
(၅) အမှုတွဲ မိတ္တူခ - ၁ သောင်း 
(၆) သတို့သား၊ သတို့သမီး စုံတွဲ ဓါတ်ပုံ ရိုက်ခ - ၅ ထောင် -- ကုန်ကျလျက် ရှိသည်။

ယခု ကဲ့သို့ ပေးဆောင် ရခြင်းမှာ ငွေညှစ် ခံရခြင်းသာ ဖြစ်ပြီး၊ နိုင်ငံတော် အစိုးရမှ ထိုကဲ့သို့ ပေးရန် သတ်မှတ် ထားခြင်း မရှိကြောင်း ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus