နောက်ဆုံးသတင်း/ဆောင်းပါးများ

ငွေကျပ် သိန်း (၃၈၀) တန်ဘိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြားများနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ



6.1.2013

နေပြည်တော် ။ ။ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ ည ၉ နာရီခွဲ အချိန် ရခိုင် ပြည်နယ်၊ အမှတ် (၄၇) မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (စစ်တွေ) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ သည် မောင်တောမြို့၊ (၃) မိုင် စစ်ဆေးရေး စခန်းတွင် ဘူးသီးတောင်မှ မောင်တောသို့ မောင်းနှင် လာ သည့် 5F-xxxx ဟိုင်းလတ် အဖြူရောင် ခရီးသည် တင်ယာဉ်အား ရပ်တန့် ရှာဖွေ စစ်ဆေး ခဲ့သည်။ ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသော မောင်တောမြို့၊ မြို့သူကြီး ကျေးရွာအုပ် စု၊ ဝေသာ လီ ကျေး ရွာနေ သန္တာဖြူ (ခ) မအေးညို (၄၆) နှစ် ကိုင်ဆောင် ထားသည့် အနက်ရောင် ခရီးဆောင် လက် ဆွဲအိတ် အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား (၁၉၀၀၀) ပြား၊ တန်ဘိုး ငွေကျပ် သိန်း (၃၈၀) အား တွေ့ရှိ သိမ်းဆည်း ရမိ ခဲ့သည်။ 

စစ်ဆေးချက်အရအဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအားတစ်ရွာတည်းနေညိုသိန်းမောင်(၄၈)နှစ်ကစစ်တွေ မှမောင်တောသို့ငွေကျပ် (၂)သိန်းဖြင့် ပို့ဆောင်ခိုင်း၍ သယ်ဆောင်လာ ခြင်းဖြစ်ကြောင်း သိရှိ ရသဖြင့် သွားရောက် ရှာဖွေ ဖမ်းဆီးရာ ညိုသိန်းမောင်အား ၎င်း၏ နေအိမ်မှ ဖမ်းဆီး ရမိ ခဲ့သည်။ ထို့နောက် နေ အိမ်အား ဆက်လက် ရှာဖွေရာ မူးယစ် ဆေးဝါး တစ်စုံ တစ်ရာ ရှာဖွေ တွေ့ရှိခြင်း မရှိဘဲ နေ အိမ် အပေါ် ထပ် အိပ်ခန်း အတွင်းမှ (၉) လုံးကျည်ဖြင့် ပစ်ခတ်ရသည့် လုပ်သေနတ် (၃) လက်၊ (၉) လုံး ကျည် ၅ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံး တို့အား သိမ်းဆည်း ရမိ ခဲ့သောကြောင့် သန္တာဖြူ (ခ) မအေး ညိုနှင့် ညိုသိန်းမောင်တို့ ၂ ဦးအား မောင်တော မြို့မ ရဲစခန်း မယ (ပ) ၁/၂၀၁၄၊ မူးယစ် ဆေးဝါးနှင့် စိတ် ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉ (က) /၂၁ဖြင့်လည်းကောင်း၊ ညို သိန်းမောင်အားမောင်တော မြို့မ ရဲစခန်း (ပ) ၆/၂၀၁၄၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။

Comment ရေးရန်

Rohingya Exodus