နောက်ဆုံးသတင်း/ဆောင်းပါးများ

ပုံစံ (၄) ဖြင့် ခရီးသွားလျှင်လည်း ဌာနပေါင်းစုံဂိတ်၌ ငွေပေးရ

သီဟ
RB News
6.1.2014

ဘူးသီးတောင် ။ ။ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်ရှိ စရဖ ဂိတ်ကို ဌာနပေါင်းစုံ ဂိတ်ဟု အမည် ပြောင်းလိုက်ပြီး၊ ပုံစံ ၄ ဖြင့် ခရီးသွားလာ သူများထံမှ ငွေတောင်းခံ လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

၁၉၉၀ ပြည့်နှစ် မတိုင်မှီက ရခိုင် ပြည်နယ် မြောက်ပိုင်းရှိ ဒေသခံ ရိုဟင်ဂျာ လူမျိုး များသည် အမျိုးသား မှတ်ပုံတင် များကိုင်ဆောင်ပြီး လွတ်လပ်စွာ ခရီးသွားလာ ခွင့်ရှိ ခဲ့သော်လည်း နစက ဖွဲ့စည်းပြီး နောက်တွင် အမျိုးသား မှတ်ပုံတင် ကဒ်ပြားများ သိမ်းဆည်း၍ ယာယီ နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ထုတ်ပေးပြီး၊ ခရီးသွား လာရာတွင် ပုံစံ (၄) ရယူရန် အမိန့် ထုတ်ပြန် ခဲ့သည်။ ပုံစံ (၄) ရယူ ရာတွင်လည်း ဒေသ ဆိုင်ရာ အာဏာပိုင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူးများ တောင်းသည့် ငွေကို ပေးနေ ရသည်။ 

ထို့အပြင် ယခု ဘူးသီးတောင်မြို့နယ်ရှိ စရဖ ဂိတ်ကို ဌာနပေါင်းစုံ ဂိတ်ဟုမြို့နယ် အုပ်ချုပ်ရေးမှူး ဦး သန်းရွှေ၏ အမိန့်ဖြင့်ပြောင်း လဲလိုက်ပြီး၊ ပုံစံ(၄)ဖြင့် ခရီးသွားလာ သူများထံ မှငွေကျပ် ၁၀၀၀ စီတောင်း ယူ နေ သည်ဟု ဒေ သ ခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

“ရဲတွေနဲ့ လ၀က တွေက ကားပေါ်က ဘင်္ဂလီ ကုလား တွေဆင်းကြ၊ ရခိုင်တွေ ဆင်းစရာ မလိုဘူး၊ ဒီဂိတ်က ဘင်္ဂလီ ကုလား တွေအတွက်သာ ဖြစ်တယ်။ ဗုဒ္ဓ ဘာသာဝင် တွေအတွက် မဟုတ်ဘူး - လို့ ပြောဆိုပြီး ကျွန်တော်တို့ ရိုဟင်ဂျာ လူမျိုး တွေကို ဆင်းခိုင်းတယ်။ ပုံစံ(၄) ပါရင်လည်း ငွေ ၁၀၀၀ ပေးရတယ်။ ပုံစံ (၄) မပါရင်တော့ ဖမ်းပြီး တရားစွဲတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ 

စစ်အစိုးရ လက်ထက်တွင် ပုံစံ (၄) ဖြင့် ခရီးသွားလာခွင့်ကို တစ်လ အထိ ခွင့်ပြု ခဲ့သော်လည်း ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် (၇) ရက်သာ ခွင့်ပြုကြောင်း သိရှိ ရပါသည်။ ပုံစံ (၄) သက်တမ်း ကုန်ဆုံးပြီး ခရီးလွန် နေပါက ငွေကျပ် တစ်သိန်းမှ နှစ်သိန်းထိ ပေးရကြောင်း ဒေသခံ များက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus