နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုရဲအုပ် မြတ်ထွေး၏ မတရား ငွေညှစ် နေမှုများကို တိုင်သော်လည်း အရေးမယူ

ဇေယျာသူ
RB News
3.1.2014

ဘူးသီးတောင် ။ ။ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ မြို့နယ် ရဲစခန်းမှ ဒု-စခန်းမှူး ဒုရဲအုပ် မြတ်ထွေး သည် ဒေသခံ ရိုဟင်ဂျာ များကို မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်ကို အထက် အာဏာ ပိုင် များထံ တိုင်ကြား သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည့် အပြင် လွန်ခဲ့သည့် ရက်ပိုင်း ကလည်း ဒေသခံ ၁၀ ဦး ထံမှ ငွေကျပ် ၉ သိန်းခန့် ညှစ်ယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

၂၀၁၃ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဒုရဲအုပ် မြတ်ထွေးသည် ဘူးသီးတောင် မြို့နယ်၊ ဖိုးညိုလိပ်၊ ဆေးအိုးကျ၊ ကျောက်ရံ ကျေးရွာ အုပ်စု များသို့ တရားခံများ ဖမ်းဆီးရန် အတွက် ဆိုကာ ၀င်ရောက် ခဲ့ပြီး၊ ဒေသခံ ၁၀ ဦးကို မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။

ထိုကဲ့သို့ ဒုရဲအုပ် မြတ်ထွေးမှ ငွေညှစ်ခြင်းနှင့် ပတ်သက်၍ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး များကို အကြိမ်ကြိမ် တိုင်တန်း ခဲ့သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည့် အပြင်၊ တိုင်တန်းသူ များကို ဒုရဲအုပ် မြတ်ထွေးက အမှုဆင်၍ ဖမ်းဆီးပြီး မြို့နယ် တရားသူကြီးနှင့် ပူးပေါင်း၍ ထောင်ချ သည့် ပြု လုပ် ခြင်း များ ရှိကြောင်း ဒေသခံ များမှ ပြောပါသည်။ 

ငွေညှစ်ခံရသည့် ဒေသခံ ၁၀ ဦးမှာ -

(၁) ဦးဂျလိလ် (ဘ) ဦးအီဆုပ်၊ ဆေးအိုးကျ (ပေးရသည့်ငွေ ၃ သိန်း)
(၂) ဦးနူရ်အာမတ် (ဘ) ဦးဟာရှိမ်း၊ ဖိုးညိုလိပ် (ပေးရသည့်ငွေ ၃ သောင်း)
(၃) ဦးမာနူရ် (ဘ) ဦးအီနူစ်၊ ဖိုးညိုလိပ် (ပေးရသည့်ငွေ ၃ သောင်း)
(၄) ဦးကာမာလ်ဒိန် (ဘ) ဦးရှဘိရ်၊ ဖိုးညိုလိပ် (ပေးရသည့်ငွေ ၃ သောင်း)
(၅) ဦးအာရ်ဖတ် အာမတ် (ဘ) ဦးဆုလ်တာန်၊ ဖိုးညိုလိပ် (ပေးရသည့်ငွေ ၃ သောင်း)
(၆) ဦးလှစိန် (ဘ) ဦးမဂူလ်အလီ၊ ဖိုးညိုလိပ် (ပေးရသည့်ငွေ ၃ သောင်း)
(၇) ဦးနူရ်အာမတ် (ဘ) ဦးအမီးရ်ဟူစိန်း၊ ကျောက်ရံ (ပေးရသည့်ငွေ ၁ သိန်း ၂ သောင်း)
(၈) ဦးမာမတ် ဆီဒီးခ် (ဘ) ဦးအဒူဟာကီမ်း၊ ကျောက်ရံ (ပေးရသည့်ငွေ ၂ သိန်း)
(၉) ဦးရှမ်ရှူ (ဘ) ဦးအီနာမိန်၊ ကျောက်ရံ (ပေးရသည့်ငွေ ၅ သောင်း)
(၁၀) ဦးနဘီဟူစိန်း (ဘ) ဦးအလီဟူစိန်း၊ ကျောက်ရံ (ပေးရသည့်ငွေ ၇ သောင်း) -- တို့ဖြစ်ပါသည်။


Comment ရေးရန်

Rohingya Exodus