April 02, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

MSF ရုံးကို အကြမ်းဖက်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းနေကြ




Hla
RB News
23.2.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဟော်လန်နိုင်ငံမှ AZG ဟုခေါ်သည့် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ MSF အားထွက်သွားရန် ရခိုင်အစွန်းရောက် များက စတုတ္တအကြိမ်မြောက် ဆန္ဒပြခဲ့ပြီးနောက် ဒေသခံများက MSF ရုံးကို အကြမ်းဖက်နိုင်သည့် အနေအထားတွင် ရှိနေသည်ဟု ခန့်မှန်းနေကြကြောင်း သတင်းရရှိပါသည်။

MSF သည် ရခိုင်ပြည်နယ်တွင် အခြေစိုက်၍ လူမျိုး၊ ဘာသာ မခွဲခြားဘဲ အခမဲ့ ကျန်းမာရေး ၀န်ဆောင်မှုများ ပေးနေသည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော် ရှိနေပြီ ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ / အေအိုင်ဒီအက်စ်နှင့် တီဘီရောဂါများ အတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ ပြုလုပ်ပေးနေသည့် အန်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း လူနာ ငါးသိန်းခန့် အထိ ကုသပေးလျက်ရှိပြီး၊ ၂၀၀၅ ခုနှစ်မှ စ၍ ရခိုင်ပြည်နယ်တွင်း ငှက်ဖျား ရောဂါသည် ၁၂ သိန်းကျော်ကို ကုသပေးခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်ရှိ MSF ရုံးရှေ့တွင် ရခိုင်အစွန်းရောက် ၃၀၀ ကျော် စုဝေး၍ MSF အဖွဲ့ကို ရခိုင်ပြည်နယ်မှ အမြန်ဆုံး ထွက်ခွာသွားရန် စတုတ္တအကြိမ်မြောက် စုရုံး ဆန္ဒပြခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲသို့ ထိုင်းနယ်စပ် အခြေစိုက် ရခိုင်တပ်မတော် (Arakan Army) မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းဇံဝေလည်း တက်ရောက် ပါဝင်ခဲ့ကြောင်း ရခိုင်သတင်းဌာန များမှ ရေးသား ဖော်ပြခဲ့သည်။

ရခိုင်အရေး ကျွမ်းကျင်သူများက ယခုကဲ့သို့ ဆန္ဒပြနေခြင်းမှာ နေပြည်တော် အစိုးရ၏ ကြိုးကိုင်မှုကြောင့်သာ ဖြစ်ပြီး၊ ဆန္ဒပြသူများကိုလည်း နေ့စား အဖြစ် တစ်ဦးကို ငွေကျပ် ၃၀၀၀ စီပေးအပ်ကြောင်း ဒေသခံများမှ RB News သို့ပြောပါသည်။ MSF သည် နိုင်ငံတော်အစိုးရမှ မဖြည့်ဆည်း ပေးနိုင်သည့် ကျန်းမာရေး ကဏ္ဍကို စေတနာဖြင့် လာရောက်၍ ဖြည့်ဆည်း ပေးနေခြင်းသာ ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ထိ မည်သည့် ပြဿနာ တစ်စုံတစ်ရာမှ မရှိခဲ့သော်လည်း၊ လွန်ခဲ့သည့်လက မောင်တောမြို့နယ် ဒုချီရားတန်းတွင် ဖြစ်ပွားခဲ့သည့် ပြဿနာတွင် MSF မှ ဒဏ်ရာရရှိသူ ၂၂ ဦးကို ဆေးကုသ ပေးခဲ့မှုကို ထုတ်ဖော် ပြောကြားခဲ့ခြင်းကြောင့် နေပြည်တော် အစိုးရမှ ယခုကဲ့သို့ ကြိုးကိုင်၍ ရခိုင်ပြည်နယ် အတွင်းမှ မောင်းထုတ်ရန် စီစဉ်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော် အစိုးရမှ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ပေးထားသော်လည်း နေပြည်တော် အစိုးရ၏ သဘော အလိုမကျသည့် သပိတ်စခန်းများ၊ ဆန္ဒဖော်ထုတ်မှုများကို အစိုးရ ကိုယ်တိုင် ကန့်သတ်လေ့ရှိသည်။ ရခိုင်ပြည်နယ်တွင် မင်းမဲ့စရိုက် ဆန်ဆန် ပြုလုပ်သော်ငြားလည်း အစိုးရကိုယ်တိုင် ပါဝင်ပတ်သက် နေမှုကြောင့် ယခုကဲ့သို့ နိုင်ငံတကာ ရှေ့မှောက်တွင် မျက်နှာငယ် စရာများကိုလည်း ခွင့်ပြုထားခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဖြစ်ပေါ်နေသည် များကို နေပြည်တော် အစိုးရက မထိန်းသိမ်းဘဲ လွှတ်ထားမည် ဆိုပါက MSF ရုံးကို အကြမ်းဖက်မည့် အနေအထားတွင် ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ယခုကဲ့သို့ ဆန္ဒပြမှုများနှင့် ပတ်သက်၍ MSF တာဝန်ခံများက ကြုံတွေ့နေရသည့် အတွက် စိတ်မကောင်း ဖြစ်မိသော်လည်း အစိုးရ အနေဖြင့် ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်မှုများ အတွက် လိုအပ်နေသရွေ့ ရခိုင်ပြည်နယ်တွင်းမှ ထွက်ခွာသွားမည် မဟုတ်ကြောင်း သတင်း မီဒီယာများကို ပြောကြားခဲ့သည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus