April 14, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စုံ/ကော်ရဲ့ Professionalism ကိုစောင့်မျှော်နေတဲ့ ရိုဟင်ဂျာပြည်သူများ




အယ်ဒီတာ့အာဘော်
RB News
24.2.2014

ဖေဖော်ဝါရီလ ၆ ရက်နေ့က လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ တွေ့ဆုံပြီး နောက်ပိုင်း ထွက်ပေါ်လာတဲ့ ရလာဒ်လို့ လူပြောများပြီး၊ ဒေါက်တာ ကျော်ရင်လှိုင်ကို အရေးပါသည့် အခန်းကဏ္ဍမှာ တာဝန် ပေးထားတဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဒုချီရားတန်း ကျေးရွာကို သွားရောက် ခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာ များကို တွေ့ဆုံ စစ်ဆေး မေးမြန်းခဲ့ ပါတယ်။

လွန်ခဲ့တဲ့လ ကလည်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သွားပြီး ဒေသခံ ရိုဟင်ဂျာ များကို စစ်ဆေး မေးမြန်းခဲ့တယ်။ အသတ်ခံရသူ ၅၂ ဦးရဲ့ စာရင်းကို ရယူခဲ့ပေမယ့်လည်း ချက်ချင်း ဆိုသလို ဦးစစ်မြိုင်က မီဒီယာများကို လိမ်ညာ ပြောခဲ့တဲ့ အပြင် ကျည်ဆံမိုး ရွာသွန်းပေးနိုင်ခဲ့ပြီး၊ အသက်ပေါင်း များစွာကို နာရီပိုင်းအတွင်း သတ်ဖြတ်နိုင်ခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကို ခေတ်မှီ လက်နက်တွေနဲ့ လဲလှယ် ပေးသင့်တယ်လို့ အစီရင်ခံခဲ့တယ်။ အဲဒီလို ပြောဆိုခြင်းက နောက်ထပ် အသက်ပေါင်း များစွာကို လျင်မြန်စွာ သတ်ဖြတ်နိုင်ဖို့ လက်နက် လဲလှယ်ပေး ပါလို့ တောင်းဆိုတာနဲ့ အလား သဏ္ဍန်တူ နေပါတယ်။ လူ့အခွင့်အရေး ကော်မရှင်လို့ အမည်ကောင်းကို တပ်ထား ပေမယ့်လည်း ရိုဟင်ဂျာကို ဘင်္ဂလီလို့ သမုတ်ခဲ့ခြင်းသည် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က လူ့အခွင့်အရေးကို နားလည်မှု လုံးဝ (လုံးဝ) မရှိဘူး ဆိုတာကို ဖော်ထုတ် ပြခဲ့တာ ဖြစ်ပါတယ်။

စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့ပြီးတဲ့ နောက်မှာ ကျွန်တော်တို့ လေ့လာ စုံစမ်း သိရှိရ သလောက် ဥက္ကဌ ဖြစ်သူ ဒေါက်တာ သာလှရွှေက သမာသမတ်ကျသူ တစ်ဦး ဖြစ်ပေမယ့် အဖွဲ့ထဲမှာ အတွင်းရေးမှူး အဖြစ် ဒေါက်တာ ကျော်ရင်လှိုင် ပါဝင်လာခြင်းက မောင်တောမြို့နယ် ဒေသခံ အားလုံးရဲ့ မျှော်လင့်ချက် အလုံးစုံကို ဖျက်ဆီး ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးနဲ့ ကမန်လူမျိုးများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲမှာ ဒေါက်တာကျော်ရင်လှိုင် ဘာလဲဆိုတာ ကျွန်တော်တို့ အားလုံးသေချာ သိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က ပြဿနာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကို အသေအချာ လေ့လာခဲ့တဲ့ ပါမောက္ခ ကင်တားနားက အဲဒီလို ထပ်လုပ်ဦးမယ် ဆိုတာ သေချာသိနေတဲ့ အပြင် ယခု စုံစမ်းစစ်ဆေးရေး ကော်မရှင်က သမ္မတက ဖွဲ့စည်းပေးထားတာ ဖြစ်တာကြောင့် လွတ်လပ်မှု မရှိတဲ့အတွက် ထွက်လာတဲ့ ရလာဒ်ကို ကြည့်ပြီး နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင် အတွက် တောင်းဆိုရလိမ့်မယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ အခုလည်း ဒေါက်တာကျော်ရင်လှိုင်နဲ့ မြန်မာ့ ရုပ်မြင်သံကြား တို့ရဲ့ မေးမြန်းခန်းအရ လိမ်ညာ ဖုံးကွယ်တဲ့ အစီရင်ခံစာ တစ်စောင် ထွက်လာဖို့ ရှိတယ်လို့သာ ကျွန်တော်တို့ ခန့်မှန်းမိပါတယ်။

သို့ပေမယ့် ဒေါက်တာကျော်ရင်လှိုင်နဲ့ အဖွဲ့ကို သိစေချင်ပါတယ်။ စုံစမ်း စစ်ဆေးရေး ကော်မရှင်နဲ့ ဒေသခံ ရိုဟင်ဂျာတွေ တွေ့ဆုံပြီး မေးမြန်းခဲ့တဲ့ အသံဖိုင် အပြည့်အစုံ ကျွန်တော်တို့ RB – Rohingya Blogger မှာ ရှိနေပါတယ်။ အဲဒီ အသံဖိုင်တွေကို စိတ်ဝင်စားသူတိုင်း နားထောင်နိုင်ဖို့ တင်ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် ယုတ်မာ ကောက်ကျစ်တဲ့ ဒေသဆိုင်ရာ အာဏာပိုင် များကြောင့် ကျွန်တော်တို့ အနေနဲ့ ကာယကံရှင်များရဲ့ လုံခြုံရေးကို စိုးရိမ်လို့ မတင်တော့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ စုံစမ်း စစ်ဆေးရေး ကော်မရှင် ကိုယ်တိုင် ဓါးခုတ် ဒဏ်ရာ ရခဲ့တဲ့သူကို မောင်တော ပြည်သူ့ ဆေးရုံမှာ ဆေးကုသဖို့ တင်ပေးခဲ့ပေမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မိသားစုကို ပြန်အပ်သယောင် ဓါတ်ပုံ ရိုက်ပြီးမှ ရဲတွေက ဖမ်းဆီး ခေါ်ဆောင် သွားပါတယ်။ အခုအချိန်ထိ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာ မသိရသလို၊ ဖမ်းဆီးခံရသူရဲ့ အသက် အန္တရာယ်ကိုလည်း ဘယ်သူ့မှ အာမခံလို့ မရပါဘူး။ တကယ်လို့ အသံဖိုင်မှာ ပါတဲ့ သူများလည်း ယခုလို ဖြစ်ခဲ့ရင် ဆိုတာကို တွေးတောပြီး ကျွန်တော်တို့အနေနဲ့ အသံဖိုင်တွေ မတင်ဖို့ ဆုံးဖြတ်ခဲ့ရတာပါ။

စုံစမ်း စစ်ဆေးရေး ကော်မရှင် အနေနဲ့ သေနတ် ဒဏ်ရာရသူ၊ ဓါးခုတ်ခံရသူ၊ သွေးစွန်းနေတဲ့ နံရံတွေ၊ တုတ်နဲ့ ရိုက်ခံရတဲ့ ဒဏ်ရာတွေ အားလုံး မြင်ဖူးခဲ့ပြီးပါပြီ။ ခိုင်လုံတဲ့ အထောက်အထား ပေါင်းများစွာကို မသိကျိုးကျွန်ပြုပြီး အစိုးရ အလိုကျ လိမ်ညာထားတဲ့ အစီရင်ခံစာ ထုတ်ပေးမယ် ဆိုရင်လည်း ထုတ်ပေးနိုင်ပါတယ်။

သို့ပေမယ့် ရိုဟင်ဂျာလူမျိုးများ အတွက် ရပ်တည်နေတဲ့ ကျွန်တော်တို့ RB – Rohingya Blogger ကတော့ ရရှိထားတဲ့ အသံဖိုင်တွေနဲ့ ငြိမ်ခံနေမယ်လို့ မထင်ပါနဲ့လို့ အသိပေးချင်ပါတယ်။ စစ်ဆေး မေးမြန်းထားတဲ့ အသံတွေနဲ့ ဘာတွေလုပ်လို့ရသလဲ ဆိုတာ Professional တစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်ရင်လှိုင် နားလည်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီတော့ ဒေါက်တာကျော်ရင်လှိုင်ရဲ့ Professionalism ကဘာလဲဆိုတာကို သိရဖို့ ရိုဟင်ဂျာပြည်သူများက စောင့်မျှော်နေပါကြောင်း ..

RB – Rohingya Blogger ၀ိုင်းတော်သားများ

Comment ရေးရန်

Pages 22123456 »
Rohingya Exodus