နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျီးကန်းပြင်တွင် မီးရှို့ရန် ၀င်လာသည့် ရခိုင်အစွန်းရောက် အုပ်စု ထွက်ပြေး လွတ်မြောက်သွား



RB News
17.3.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ ၀ပိတ်ကျေးရွာတွင် အကြမ်းဖက် မီးရှို့ရန် ၀င်ရောက်လာသည့် ရခိုင်အစွန်းရောက် အုပ်စု တစ်စုကို ဒေသခံ ရိုဟင်ဂျာများက လိုက်လံ ဖမ်းဆီးရာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိပါသည်။

ယနေ့ ည ၇ နာရီခန့်က မောင်တောမြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အုပ်စု၊ ၀ပိတ်ကျေးရွာတွင် အကြမ်းဖက် မီးရှို့ရန် ရခိုင် အစွန်းရောက် အုပ်စု တစ်စု ၀င်ရောက်ခဲ့သည်။ အဆိုပါ အုပ်စုကို ဒေသခံ ရိုဟင်ဂျာ ရွာသားများက တွေ့ရှိ သွားပြီး လိုက်လံ ဖမ်းဆီးရာ တောထဲသို့ ၀င်ရောက်၍ ထွက်ပြေး လွတ်မြောက် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ဝပိတ်ကျေးရွာ အနီးတွင် ရဲကင်း စခန်းရှိပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက ရဲကင်း စခန်းသို့ သတင်းပို့ တိုင်ကြား ထားကြောင်း သိရှိရပါသည်။ ယခုအခါ ရဲများက ကျီးကန်းပြင် ကျေးရွာ အုပ်စုနှင့် ရခိုင် နတလ ရွာများတွင် လှည့်ကင်း လှည့်၍ လုံခြုံရေး တာဝန်ယူ ပေးထားသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ရခိုင် အစွန်းရောက် အဖွဲ့ဝင်များသည် ဓါးရှည်များ၊ ဓါတ်ဆီပုံးများ ကိုင်ဆောင် ထားသည်ဟု မျက်မြင် သက်သေများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus