နောက်ဆုံးသတင်း/ဆောင်းပါးများ

၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦးကို ရခိုင် အစွန်းရောက် တစ်ဦးက လူမဆန်စွာ ရိုက်နှက်



Rohingya Eye
RB News
9.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံးကျေးရွာ အုပ်စု၊ ကြာကန်းရွာမှ အသက် (၁၂) နှစ်အရွယ် ကလေးငယ် တစ်ဦးကို ရခိုင်အစွန်းရောက် တစ်ဦးက လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၇) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မောင်တောမြို့နယ်၊ လောင်းဒုံး ကျေးရွာ အုပ်စု၊ ကြာကန်းရွာမှ အသက် (၁၂) နှစ်အရွယ် ကလေးငယ် တစ်ဦးသည် ထင်းများကို တွန်းလှည်းပေါ်တွင် တင်၍ ဒုတန်းရွာသို့ သွားရောက်ပြီး ရောင်းချခဲ့ရာ အပြန်လမ်းတွင် ဆင်သေပြင်ရွာ၏ အနောက်ဘက် န.တ.လ ရွာအနီးရှိ ရေကန် တစ်ကန် ရှေ့တွင် ရခိုင်အစွန်းရောက် တစ်ဦး မောင်းနှင် လာသည့် ဟိုင်းလပ်ကားနှင့် အနည်းငယ် ပွတ်မိခဲ့သည်။ ဟိုင်းလပ် မောင်းသူက ကားပေါ်မှ ဆင်းလာပြီး အဆိုပါ ကလေးငယ်ကို လူမဆန်စွာ ရိုက်နှက်ပြီးနောက် ကားပေါ်တင်၍ မောင်တောမြို့သို့ ခေါ်ဆောင် သွားခဲ့သည်။

ကလေးငယ် ပြန်ရောက်မည့် အချိန်တွင် ရောက်မလာ သဖြင့် ရွာမှ လူကြီး တစ်ဦးက ကြိမ်ချောင်း ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ရဲစခန်းသို့ အကြောင်းကြားပြီး နောက် ညနေ ၄ နာရီခန့်တွင် အဆိုပါကလေးကို ကားသမားက လာရောက် အပ်နှံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကလေးငယ်ကို ရိုက်နှက် ထားသည့် အတွက် ခန္ဓာကိုယ် အတွင်း၊ အတွင်း ဒဏ်ရာ ပြင်းထန်စွာ ရရှိသည်ဟု ယူဆရပြီး၊ စကားပြောရာတွင်လည်း ယခင်ကဲ့သို့ ကြည်လင် ပြတ်သားစွာ ပြောဆိုနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ရခိုင် အစွန်းရောက်က ငွေကြေး ပေးလျော်ခြင်းလည်း မရှိသလို တောင်းပန်ခြင်းလည်း မရှိကြောင်း၊ အာဏာပိုင်များကလည်း အရေးယူခြင်း၊ သတိပေးခြင်း မပြုလုပ် ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ထိုကဲ့သို့ ဖြစ်စဉ်မျိုးကို ရိုဟင်ဂျာ တစ်ဦးက ကျူးလွန်ပါက အမြင့်ဆုံး ပြစ်ဒဏ်ကိုပင် ကျော်လွန်၍ အပြစ်ပေးမည်မှာ ဧကန်မလွဲဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus