နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ရင်း ၅၃၇ မှ ဗိုလ်ကြီးမျိုးသန်းက ဒေသခံ ၃ ဦးကို ရိုက်နှက်၍ ငွေညှစ်



RB News
30.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဝေသာလီ ကင်းစခန်းမှူး၊ တပ်ရင်း ၅၃၇ မှ ဗိုလ်ကြီးမျိုးသန်းသည် ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၂၇) ရက်နေ့ နံနက် (၇) နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း အောင်ဇံ ကျေးရွာအုပ်စု၊ ကြောင်တူရွာမှ ဦးဒိလ်ဒါရ်ဟူစိန်း (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၃၂ နှစ်)၊ ဦးမာမတ်ကာလူ (ဘ) ဦးဆွေတာလမ် (အသက် ၂၈ နှစ်) နှင့် ဦးအာဘူရှာမား (ဘ) ဦးအဒူရာမန် (အသက် ၃၆ နှစ်) တို့ကို အမှတ် (၂) နယ်မြေ အပိုင် ဝေသာလီ ကင်းစခန်းမှူး၊ တပ်ရင်း ၅၃၇ မှ ဗိုလ်ကြီးမျိုးသန်းက ဖမ်းဆီး၍ ခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးခံရသူ (၃) ဦးကို ဗိုလ်ကြီးမျိုးသန်းက တဖက်နိုင်ငံမှ ပစ္စည်းများ တရားမ၀င် ရောင်းဝယ် ဖောက်ကားနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက်ခဲ့ပြီး ညနေ (၆) နာရီ အချိန်တွင် ငွေကျပ် တစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ဖမ်းဆီး ငွေညှစ်ခံရသူ (၃) ဦးကို ဗိုလ်ကြီးမျိုးသန်းက အစပိုင်းတွင် ရာအိမ်မှူး ဖြစ်သူ ဦးနူရ်အာလမ်မှ တဆင့် ခေါ်ခိုင်းခဲ့ရာ၊ ရာအိမ်မှူး ဖြစ်သူက ခေါ်ပေးရန် ငြင်းဆန်သဖြင့် လူမဆန်စွာ ရိုက်နှက်ခဲ့ရာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus