March 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ဥဒေါင်းနှင့် သရေကုန်တန်း ကျေးရွာများတွင် အဆမတန် ငွေညှစ်



MYARF
RB News
23.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာနှင့် သရေကုန်တန်း ကျေးရွာများတွင် ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် အဆမတန် ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့နှင့် (၁၉) ရက်နေ့များတွင် မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြအောင်နှင့် ရုံးစာရေး တို့သည် ၎င်းကျေးရွာတွင် ဆွဲ၊တင်၊စစ် အဖွဲ့မလာမှီ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ရမည့်သူများ လာရောက်၍ စာရင်းပေးသွင်း၍ ကြေညာခဲ့သည်။ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက် လိုသော မိသားစုများ လာရောက်၍ စာရေးပေးသွင်းသည့် အခါ အုပ်ချုပ်ရေးမှူး ဦးမြအောင်နှင့် ရုံးစာရေး တို့က ပယ်ဖျက်ခဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် ၃ သောင်းစီ ကောက်ခံခဲ့သည်။ ဆွဲ၊တင်၊စစ် အဖွဲ့ လာရောက်သောအခါ ကနဦး ကြိုတင် ငွေပေးသွင်းပြီးသူ များထံမှ ထပ်မံ၍ ငွေကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ သေဆုံး ပယ်ဖျက် ၁၅၀၀၀/- ကျပ်၊ နိုင်ငံခြားထွက် ၂၀၀၀၀/- ကျပ်၊ မွေးတိုး ၅၀၀၀/- ကျပ်၊ အခြား ပယ်ဖျက် ၄၅၀၀၀ မှ ၅၀၀၀၀/- ကျပ်၊ အပြောင်းအရွှေ့ ၄၀၀၀၀/- ကျပ်၊ ဆွဲ၊တင်၊စစ် အဖွဲ့ စားသုံးစရိတ် ၁၀၀၀/- ကျပ် ကျစီ ကောက်ခံလျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

ဤကဲ့သို့ အုပ်ချုပ်ရေးမှူးက အဆမတန် ငွေကြေး ကောက်ခံမှုနှင့် ပတ်သက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဒေသခံများက အကြိမ်ကြိမ် တိုင်ကြားသော်လည်း မသိဟန်ဆောင် နေလျက် ရှိသည်ဟု သိရသည်။

မောင်တော မြို့နယ် တောင်ပိုင်း သရေကုန်တုန်း ကျေးရွာတွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုက်ဆဲလ်က မွေးတိုး ၅၀၀၀/- ကျပ်၊ ပယ်ဖျက် ၅၀၀၀/- ကျပ်စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောသည်။ အိမ်ထောင်စု တစ်စုမှ အခြား အိမ်ထောင်စုသို့ ပြောင်းရွှေ့ခွင့်ကို ပိတ်ပင်ထားသည်ဟု ဆိုသည်။

ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များအား ငွေကောက်ခံစေပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့က ဝေစုခွဲလျက် ရှိခြင်းကြောင့် ဒေသခံများ၏ တိုင်ကြားချက်များကို ဥပက္ခောပြုလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus