March 14, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

နတလ ရွာသား တစ်ဦးက ၉ နှစ်သမီးကို ဓါးဖြင့်ခုတ်၊ ဒေသခံ အချို့ ငွေညှစ်ခံရ



MYARF
RB News
21.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ အုပ်စုတွင် န.တ.လ ရွာသား တစ်ဦးက ၉ နှစ်သမီး တစ်ဦးကို ဓါးဖြင့် ခုတ်ခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေညှစ်ခြင်းနှင့် မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာတွင် ရွာသားများကို ကင်းစောင့်ရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ ရိုက်နှက်၍ ငွေညှစ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့ သောကြာနေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ အုပ်စု၊ နူရူလ္လာရွာတွင် အမျိုးသားများ အားလုံး ၀တ်ပြုနေစဉ် ဦးရှောမ်ရှု၏ သမီး ဖြစ်သူ ၉ နှစ် အရွယ် မရေဟာနားသည် ခရေမြိုင် န.တ.လ ကျေးရွာ အနီး ချောင်း၏ တဖက်ကမ်းတွင် စိုက်ခင်း စောင့်နေစဉ် ခရေမြိုင် န.တ.လ ရွာမှ ရွာသား တစ်ဦး ရောက်ရှိလာပြီး အကြောင်းမဲ့ ဓါးဖြင့် ခုတ်၍ ထွက်ပြေး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဓါးဖြင့် ခုတ်ခံရမှုကြောင့် မိန်းကလေး၏ ဦးခေါင်းမှာ တစ်လက်မ ကျော်ကျော် ကွဲသွားခဲ့ပြီး၊ နေအိမ်သို့ အပြေးအလွှား ရောက်ရှိ လာပြီးနောက် ကျေးရွာ တာဝန်ခံ ဦးအီနုစ်ကို တိုင်တန်း၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဘထွန်းနှင့် ၎င်း၏ တပည့်များ ဖြစ်သော ဦးအာမိရ်အလီ (ဖော်အီရာဖာရာ)၊ ဦးအီနုစ် (နူရူလ္လာရွာ)၊ ဦးအဒူရော်ဟိမ်း (နူရူလ္လာရွာ) နှင့် ဦးဆော်လိမ် (ဘဂုံးနားရွာ) တို့ပူးပေါင်း၍ နူရူလ္လာရွာမှ ဦးဂျီယိုရာမန် (ဘ) ဦးမိုဟာမတ်ကာဆိမ်းက ဘဂုံးနားရွာတွင် လူတစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်မိခဲ့သည်ကို အကြောင်းပြ၍ ဂေါ်ဒူသာရ တံတား စခန်းမှ ရဲမှူး ငြိမ်းချမ်းအေးက ဖမ်းဆီးရန် ရှာဖွေသဖြင့် ၎င်းအား ပေးရန်ဆိုကာ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် နူရူလ္လာရွာရှိ ဦးအီနုစ် အိမ်သို့ ဆင့်ခေါ်၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် အဆိုပါ ငါးဦးသည် ဘဂုံးနား ကျေးရွာ အုပ်စု အတွင်းရှိ အခြားသော ဒေသခံ ရွာသားများကိုလည်း အမျိုးမျိုး အကြောင်းပြ ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညသန်းခေါင်ယံ ၁၂ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများနှင့် ၎င်းတို့၏ ပွဲစား ဖြစ်သူ ဦးလေးဒူ တို့သည် ၎င်းကျေးရွာရှိ ဦးအာဘူလ်ဟူစိန်း (ဘ) ဦးနူရ်ဘော်ရှော်ရ်နှင့် ဦးဘော်ဒလူး (ဘ) ဦးအဒူဆော်လမ် တို့၏ နေအိမ်များသို့ သွားရောက်ပြီး ကင်းစောင့်ရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ စခန်းသို့ ခေါ်ဆောင်သွားပြီး ရိုက်နှက်၍ ငွေကျပ် နှစ်သောင်း ငါးထောင်စီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus