နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒေသခံ တစ်ဦး၏ ဖုန်းတွင် နယ်ခြားစောင့်ရဲများက ဘင်္ဂလားဆင်းမ် ထည့်ပြီး ဖမ်းဆီး ငွေညှစ်



Rohingya Eye
RB News
25.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တော မြို့နယ် မြောက်ပိုင်း မင်္ဂလာကြီး ကျေးရွာမှ ဒေသခံ လူငယ် တစ်ဦး၏ ဖုန်းတွင် နယ်ခြားစောင့် ရဲများက ဘင်္ဂလား ဆင်းမ်ထည့်၍ ဖမ်းဆီးပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ည ၉း၂၀ နာရီ အချိန်တွင် မောင်တော မြို့နယ် မြောက်ပိုင်း မင်္ဂလာကြီး ကျေးရွာ (ဖေရာန်ဖူရူ) မှ အီမာန်ဟူဆောင်း (ဘ) ဦးအုလ္လာမျာ (အသက် ၂၀ နှစ်) သည် ၎င်း၏ နေအိမ်ရှေ့တွင် ဖုန်းဖြင့် စကားပြောနေစဉ် ကင်းလှည့်နေသည့် ကျောက်လှေကား ကျေးရွာ (အမှတ် ၆ နယ်မြေ) အခြေစိုက် နယ်ခြားစောင့် ရဲများနှင့် တပ်မတော်သားများ ရောက်ရှိလာပြီး ၎င်းကို ရှာဖွေ စစ်ဆေးခဲ့သည်။ ထို့နောက် အဆိုပါ လူငယ်၏ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကဒ်ဖြင့် သုံးသည့် ဂျီအက်စ်အမ် ဖုန်းကို သိမ်းဆည်း၍ နယ်ခြားစောင့် ရဲများက ဘင်္ဂလား ဆင်းမ်ကဒ် လဲထည့်ပြီး ဘင်္ဂလား ဖုန်းသုံးနေသည်ဟု လုပ်ကြံ စွပ်စွဲကာ ဖမ်းဆီးခဲ့သည်။ လုံခြုံရေး တာဝန်ဖြင့် ရောက်ရှိလာသည့် နယ်ခြားစောင့် ရဲများနှင့် တပ်မတော်သား များက ငွေကျပ် ၄ သိန်း ၅ သောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

“အဲဒီ လုံခြုံရေး တပ်ဖွဲ့တွေက ရွာထဲကို ၀င်ပြီး မကြာခဏ အနှောက် အယှက် ပေးလေ့ ရှိတယ်။ သူတို့မှာ ပါလာတဲ့ ဘင်္ဂလား ဆင်းမ်တွေကို ရွာသားတွေရဲ့ ဖုန်းထဲ ထည့်ပြီး ဘင်္ဂလား ဖုန်းမိတယ် ဆိုပြီး မကြာခဏ ဖမ်းပြီး ငွေညှစ်လေ့ ရှိတယ်။ သူတို့ ကိုယ်တိုင်ကျတော့ ဘင်္ဂလားဖုန်း သုံးနေကြတယ်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဂျီအက်စ်အမ် သုံးတဲ့ ရွာသားတွေကို ဘင်္ဂလားဖုန်း သုံးတယ်ဆိုပြီး ငွေညှစ်နေတယ်။ အထက် အာဏာပိုင်တွေကို တိုင်လည်း ဘယ်တုန်းကမှ အရေးမယူဘူး” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus