နောက်ဆုံးသတင်း/ဆောင်းပါးများ

ဓါတ်ဆီဆိုင်၊ စားကုန်ဆိုင် ပိုင်ရှင်များ ထံမှ နယ်ခြားစောင့်ရဲ များက ငွေညှစ်



Rohingya Eye
RB News
26.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ဇင်ပိုင်ညှာကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဓါတ်ဆီဆိုင်များမှ နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းက စက်တင်ဘာလ (၁၄) ရက်နေ့မှ စ၍ လစဉ်ကြေး အတင်း အဓမ္မ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

အတင်း အဓမ္မ လစဉ်ကြေး ၁၅၀၀၀/- ကျပ် ပေးရသူများမှာ -- (၁) နူရူလ်ဟောက် (ဘ) ဦးနူရ်ရာမတ် (အသက် ၂၅ နှစ်)၊ (၂) ဦးမိုဟာမတ်အာခ်ဘောရ် (ဘ) ဦးနူရ်ရာမတ် (အသက် ၄၅ နှစ်)၊ (၃) မိုဟာမတ်အီလီယာစ် (ဘ) ဦးနူရ်ဟူဆိန်း (အသက် ၂၄ နှစ်) နှင့် (၄) အီဗြာဟိမ်း (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၇ နှစ်) တို့ဖြစ်သည်။ 

စက်တင်ဘာလ (၇) ရက်နေ့က မောင်နှမ ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် စားကုန်ဆိုင်များတွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ လာသည့် ပစ္စည်းများ ရောင်းချနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ မောင်နှမ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများက ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးမာမတ်ဆီဒီးခ် (ဘ) ဦးရှားအာလောမ် (အသက် ၄၅ နှစ်) - ညှစ်ခံရငွေ ၃၅၀၀၀/- ကျပ်
(၂) ဦးအဘူဆီဒီးခ် (ဘ) ဦးဟာဘီဘူရာမန် (အသက် ၃၄ နှစ်) - ညှစ်ခံရငွေ ၄၅၀၀၀/- ကျပ်
(၃) ဦးမုစ်တာဖာအာမတ် (ဘ) ဦးဟာဘီဘူရာမန် (အသက် ၃၈ နှစ်) - ညှစ်ခံရငွေ ၃၅၀၀၀/- ကျပ်
(၄) ဦးဆွေယာဒ်ဒူလ်အစ္စလာမ် (ဘ) ဦးဂူရာမျာ (အသက် ၃၅ နှစ်) - ညှစ်ခံရငွေ ၁၀၀၀၀/- ကျပ် -- တို့ဖြစ်သည်။

စက်တင်ဘာလ (၈) ရက်နေ့တွင် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ါးပိတ်ရွာမှ ဆိုင်ရှင်များ ဖြစ်သူ မာမတ်တာဟဲရ် (ဘ) ဦးရှာကဲရ် (အသက် ၂၂ နှစ်) နှင့် ဦးအာမန်အူလ္လာ (ဘ) ဦးအီမာန်ဟူဆောင်း (အသက် ၂၄ နှစ်) တို့ သုံးနေသည့် MPT ဖုန်းကို ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများက ယူ၍ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်ပေးပြီး ဘင်္ဂလားဖုန်း သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus