နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးခူရမှ နယ်ခြားစောင့်ရဲ များက ဆိုင်ထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထား၍ လုပ်ကြံ ဖမ်းဆီး ငွေညှစ်



MYARF
RB News
4.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးခူးရ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၉) ဦးသည် စက်တင်ဘာလ (၂၃) ရက်နေ့ ည ၈ နာရီ အချိန်တွင် ငါးစကြူး ကျေးရွာအုပ်စု၊ နိယာရ်ဘိလ်ရွာ ဦးနူရ်မာမတ်နှင့် အတူ နိယာရ်ဘိလ်ရွာသို့ သွားရောက်ပြီး ဦးဆာလေအာမတ်၏ သားဖြစ်သူ ဦးအီနုစ်၏ ဆိုင်ထဲသို့ ၀င်ရောက် စစ်ဆေးခဲ့သည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နယ်ခြားစောင့်ရဲ တစ်ဦးက ဆိုင်ထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် တစ်ကဒ် ထည့်သွင်းပေးကာ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ 

နယ်ခြားစောင့်ရဲက ဘင်္ဂလား ဆင်းမ်ကဒ် ထားနေသည်ကို ဈေးဝယ်ရန်လာသည့် ဦးအာဘူဂျော်နောတ် ဆိုသူက မြင်၍ နယ်ခြားစောင့်ရဲက ထားခြင်း ဖြစ်သည်ဟု ၀င်ရောက် ပြောဆိုသဖြင့် နယ်ခြားစောင့်ရဲများက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ 

ထို့နောက် ဆိုင်ရှင်ဖြစ်သူ ဦးအီနုစ်ကို ငါးခူရ စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ချုပ်နှောင် ထားခဲ့သည်။ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် ငွေကျပ် ၆ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus