နောက်ဆုံးသတင်း/ဆောင်းပါးများ
အချိန်​မလွန်​ခင်​ နိုးထပါ
(ဓါတ်ပုံ - Reuters)
အချိန်​မလွန်​ခင်​ နိုးထပါ 
ယျာတင် (MYARF)
RB ကဗျာ
7.10.2015
အိုး ... အာရ်ခါန်မြေဖွား မျိုးရိုဟင်ဂျာ 
သင်​သည်​ မြန်မာ့ တိုင်းရင်းသား 
သင်​သည်​ မြန်​မာ့ နိုင်​ငံသား 
သင့်​သမိုင်းသည်​ ခိုင်​မာလှ၏။ 
သို့ဖြစ်သော်လည်း 
သင်ဖွားရာ​မြေ သင်၏မြေကို 
သင့်မြေဟူ၍ ပြောခွင့်မဲ့၏။ 
ချိုးဖောက်မှုနှင့် ကြုံနေရ၏။ 
သင်၏အသွား အလာများလည်း 
ပိတ်ပင်ထားမြစ် ခံနေရ၏။ 
သင်၏စာပေ ထုံတမ်းဓလေ့ 
ဖော်ကျူးခွင့်မှာ တားခံရ၏။ 
သင်ဝတ်ပြုရာ ဗလီများလည်း 
သော့ခတ်ထားခြင်း ခံနေရ၏။ 
သင်၏ထိမ်းမြား အိမ်ထောင်ပြုခွင့် 
ခက်ခဲမှုနှင့် ပြည့်နှက်လေ၏။ 
သင်၏ပညာ သင်ယူခွင့်လည်း 
ကန့်သတ်ထားခြင်း ခံနေရ၏။ 
သင်၏အမေ အဖေတို့လည်း 
ရက်​ရက်​စက်​စက်​ သတ်ခံရ၏။ 
သင်၏နေ့ရက် ဘဝသည်လည်း 
ဒုက္ခသည်ဖြစ် ဖြတ်သန်းရ၏။ 
သင်၏မျိုးဆက် သားသမီးလည်း 
ဘဝဖျက်ဆီး ခံနေရ၏။ 
သင့်​မွေးမြေပေါ် အ​ခြေတကျ 
သင်နေခွင့်လည်း အခက်ကြုံ၏။ 
သင့်​လူသားဂုဏ်​ သင်​၏သိက္ခာ 
ဘယ်​မှာပုန်း​အောင်း ​နေပါသနည်း။ 
အိုး... အာရ်ခါန်မြေဖွား မျိုးရိုဟင်ဂျာ 
တစ်​ချိန်​တစ်​ခါ ဤအ​ကြောင်းများ 
သင်​ခဏ​​လောက်​ ​တွေးဖူးသလား။ 
အို...အသင်​လူသား 
အချိန်​မလွန်​ခင်​ နိုးထပါ။့ 
Comment ရေးရန်
Rohingya Exodus