နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုရဲအုပ်မိုးသူက ဆိုင်ကယ် အငှားလိုက်သူ များထံမှ လစဉ်ကြေး ကောက်ခံလျက်ရှိ



MYARF
RB News
15.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တမန်းသား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး ဒုရဲအုပ်မိုးသူက ဒေသခံ ရိုဟင်ဂျာများ ထံမှ နေ့စဉ်နှင့် အမျှ မတရားသော နည်းဖြင့် ငွေညှစ်နေသည့် အပြင်၊ ချုပ်မိန့်နှင့် ပစ်မိန့် နှစ်ခုလုံးကို ပိုင်သည်၊ ကုလားများကို သတ်နိုင်လျှင် ရာထူးတိုးသည်ဟု ကြုံးဝါး ပြောဆို၍ အမျိုးမျိုး ဆဲဆို ခြိမ်းခြောက်ကာ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

နိုဝင်ဘာလ (၁၂) ရက်နေ့တွင် လောင်းဒုံ ကျေးရွာ အုပ်စု၊ မျှာဇင်ရွာမှ စက်ဘီးဖြင့် ရွာလည်၍ ရေခဲမုန့် ရောင်းသော ဦးရှားအာလောမ် (ဘ) ဦးခေါ်ဘိရ်အာမတ်က စခန်းရှေ့မှ ဖြတ်သွားနေစဉ် စခန်းဂိတ်ဝတွင် ကင်းစောင့်နေသာ နယ်ခြားစောင့်ရဲက ခေါ်ယူ စစ်ဆေးပြီး မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ရေခဲမုန့် သေတ္တာထဲမှ ရေခဲချောင်း ၅ ချောင်းကို အတင်း အဓမ္မ လုယူခဲ့သည်။ 

ဆင်းရဲသား ဖြစ်သည့် ဦးရှားအာလောမ်က အလွန်ဆင်းရဲသူ ဖြစ်၍ ရေခဲချောင်း ငါးချောင်း အလကား မပေးနိုင်သောကြောင့် ငွေတောင်းရာ၊ အဆိုပါ နယ်ခြားစောင့်ရဲက ရေခဲချောင်းဖိုးဟု ဆိုကာ ပါးနှစ်ချက် ရိုက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

လွန်ခဲ့သည့် အပတ်က ဒုရဲအုပ်မိုးသူသည် နယ်မြေ (၂) အပိုင် ကျေးရွာများရှိ ဆိုင်ကယ် အငှားပြေးဆွဲသူ များကို ခေါ်ယူ တွေ့ဆုံ၍ စခန်း ရန်ပုံငွေ အတွက်ဟု ဆိုကာ ဆိုင်ကယ် တစ်စီးလျှင် လစဉ် ငွေကျပ် ၂၀၀၀ စီ ပေးသွင်းရမည်ဟု အမိန့် ထုတ်ပြန်ခြံသည်။ အဆိုပါ အမိန့် ထုတ်ပြန်ပြီးနောက် နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ဆိုင်ကယ် အငှား ပြေးဆွဲသူ ၂၀ ဦး ထံမှ နိုဝင်ဘာလ အတွက်ဟု ဆိုကာ ငွေကျပ် ၂၀၀၀ စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus