DHRP နှင့် NDPP ပါတီနှစ်ခု ရခိုင်အရေးနှင့် ပတ်သက်၍ ပူးတွဲကြေညာချက် ထုတ်ပြန်
RB News
30.7.2013
ရန်ကုန် ။ ။ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံရေး ပါတီ နှစ်ခု ဖြစ်သည့် ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီ (DHRP) နှင့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ (NDPP) တို့မှ ဇူလိုင်လ (၂၁) ရက်နေ့ တွင် ဘာသာ ပေါင်းစုံ အဖွဲ့ များနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တို့တွေ့ဆုံပွဲတွင် ပြောကြား ခဲ့သည် များနှင့် ပတ်သက်၍ ပူးတွဲ ကြေညာချက် တစ်စောင်ကို ဇူလိုင်လ (၂၈) ရက်နေ့က ထုတ်ပြန် လိုက်သည်။
အဆိုပါ ကြေညာချက်တွင် ပါတီနှစ်ခုမှ နိုင်ငံတော် သမ္မတ၏ လမ်းညွန်ချက် များကို အပြည့်အ၀ ထောက်ခံ ထားသည်ကို တွေ့ရှိ ရသည်။ သို့သော်လည်း လ၀က ၀န်ကြီး ဦးခင်ရီ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၊ မြန်မာ နိုင်ငံ လူ့အခွင့် အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမြနှင့် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင် တို့၏ ပြောကြား ချက်များကို ကန့်ကွက် ပယ်ချ လိုက်သည်။
ကြေညာချက် အပြည့်အစုံကို အောက်တွင် ဖတ်ရှု နိုင်ပါသည်။