April 16, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မလေးရှားရောက် ကန်သမ္မတ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ



21.11.2015

ဆီးရီးယား ဒုက္ခသည်တွေကို ပိုပြီး လက်ခံသွားဖို့ သမ္မတ အိုဘားမား ဆက်လက် လုပ်ဆောင်နေတဲ့ တချိန်မှာပဲ အကြမ်းဖက်မှု ဆင်းရဲမွဲတေမှု တွေကြောင့် နေရပ် စွန့်ခွာပြီး မလေးရှားနိုင်ငံကို ရောက် လာကြတဲ့ ကလေးငယ်တွေကို သမ္မတ အိုဘားမား သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဒေသတွင်း ထိပ်သီးညီလာခံတက်ရောက်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော် ကို ရောက်နေတဲ့ သမ္မတအိုဘားမားက Dignity for Children ဖေါင်ဒေးရှင်း ဒုက္ခသည် စခန်းမှာရှိတဲ့ ကလေးတွေကို စနေ ဒီကနေ့မှာ သွားရောက်တွေ့ဆုံ တာဖြစ်ပြီး အဲဒီထဲက ကလေးတချို့ဟာ အမေရိကန် ပြည်ထောင်စုကို လာရောက် အခြေချမယ့် သူတွေဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ကြေကွဲစရာ ဘေးဒုက္ခကြုံနေရသူတွေပေါ် ကမ္ဘာ့နိုင်ငံတွေက အာရုံစိုက်နေ ကြပေမယ့်လဲ စစ်ဘေးဒဏ်ခံနေရတဲ့ ကမ္ဘာ့ အခြားဒေသက သန်းပေါင်း များစွာသော ဒုက္ခသည်အရေးကိုလဲ မေ့မထားဘူးလို့ သမ္မတအို ဘားမားက ပြောပါတယ်။

ဒုက္ခသည်စခန်းက ကလေးအများစုဟာ ရိုဟင်ဂျာ မူဆလင်တွေဖြစ်ကြပြီး အကြမ်းဖက် ဖိနှိပ်ဆက်ဆံမှုတွေကြုံခဲ့ပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ပြေး လာကြ သူတွေဖြစ်ပါတယ်။ ဒုက္ခသည် စခန်းထဲ သွားရောက်တွေ့ဆုံချိန်မှာ သူတွေ့ ခဲ့ရတဲ့ ကလေးတွေဟာ အမေရိကန်ကလေးတွေ လိုပဲ ပုံဆွဲနေတာ သချာင်္တွက်နေ တာကို သူမြင်ခဲ့ရကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။

“ ဒီလို ကလေးတွေ ကို ကြောက်ရွံ့စရာလို့ သဘောထားနေကြတာ ၊ သူတို့ရဲ့ ဒုက္ခတွေကို နိုင်ငံရေးအရ မျက်ကွယ်ပြုဖို့ ကြိုးစားနေကြတာတွေက ကျနော်တို့ အမေရိကန် လူတွေ တန်ဖိုးထားတဲ့ အရာတွေနဲ့ မကိုက်ညီဘူးလို့ ” သမ္မတ အိုဘားမားက ထပ်လောင်းပြောဆို ပါတယ်။

ဆီးရီးယားစစ်ဘေးဒုက္ခသည် တစ်သောင်းကို လက်ခံမယ့် သမ္မတရဲ့အစီအစဉ်ကို အမေရိကန်မှာ ကန့်ကွက်မှုရှိနေချိန်မှာပဲ ခုလို သမ္မတက ဒုက္ခသည်စခန်းကို သွားရောက် ခဲ့တဲ့အတွက် ဒီဒုက္ခသည် ပြဿနာကြီးကို မီးမောင်းထိုးပြ လိုက်ရာ ရောက်စေ ပါတယ်။ ဆီးရီးယားမှာ ပြည်တွင်းစစ် ဖြစ်ခဲ့ချိန်ကစလို့ ဆီးရီးယားဒုက္ခသည် နှစ်ထောင်လောက်ကို အမေရိကန်နိုင်ငံက လက်ခံခဲ့ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus