နောက်ဆုံးသတင်း/ဆောင်းပါးများ

ကွမ်းယာဆိုင်တွင် ထိုင်နေသူ ၃ ဦးကို ဘင်္ဂလား ဆင်းမ်ကဒ် ရှိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်



MYARF
RB News
16.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (နယ်မြေ ၅) မှ နယ်ခြားစောင့်ရဲ (၈) ဦးသည် နိုဝင်ဘာလ (၁၂) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ငါးစကြူး ကျေးရွာအုပ်စု နီးယာရ်ဘိလ်ရွာသို့ သွားရောက်ပြီး၊ ကွမ်းယာဆိုင်တွင် ထိုင်၍ ကွမ်းစားနေသော မော်လ၀ီ အီနုစ်၊ မော်လ၀ီ မာမန်ဆီဒိခ်နှင့် ဦးယာစီးန် တို့ကို စစ်ဆေးပြီး MPT ဖုန်းများသာ တွေ့ရှိသော်လည်း ရဲများက MPT ဖုန်းများထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ်များ တွေ့ရှိသည်ဟု လုပ်ကြံ၍ တစ်ဦးထံမှ ငွေကျပ် သုံးသိန်းစီ ညှစ်ခဲ့သည်။ 

လုပ်ကြံ စွပ်စွဲပြီး ငွေညှစ်ခံရသူ (၃) ဦးသည် ငွေကျပ် ၃ သိန်းကိုသာ လက်ငင်း ပေးနိုင်ခဲ့ပြီး ကျန်သည့် ၆ သိန်း အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးက တာဝန်ယူသည်ဟု ပြောကြားမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus