နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ များ၏ အကြမ်းဖက်မှု ခံရသူက ရဲမှူးက ဆေးကုစရိတ် ပေးမည် ပြောသော်လည်း မပေးသေး



Rohingya Eye
RB News
28.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် နော်ယာဖာရာရွာသို့ သွားရောက်၍ ကျောင်းတစ်ကျောင်း ရှေ့တွင် မတ်တပ်ရပ် နေသည့် မော်လ၀ီ နူရ်အာလောမ် (ဘ) ဦးဟာလာမျာ (အသက် ၃၅ နှစ်) အား အကြောင်းမဲ့ လက်သီးဖြင့် ထိုးကြိတ်၊ ခြေထောက်ဖြင့် ကန်ကျောက်ကာ အကြမ်းဖက် ခဲ့သဖြင့် သွေးများ အန်ထွက်ကာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး၊ ယခုအချိန်ထိ နာမကျန်း ဖြစ်ကာ ဆေးဝါးကုသမှု ခံယူရနေသည်။ 

အကြမ်းဖက်ခံရသူ မော်လ၀ီ နူရ်အာလောမ် ထံသို့ ဂေါ်ဒူသာရ တံတား ကင်းစခန်း တာဝန်ခံ ရဲမှူး ငြိမ်းချမ်းအောင် ရောက်ရှိလာပြီး ဆေးကုသ စရိတ် ငွေကျပ် ၅ သောင်း ပေးမည်ဟု ကတိပေးခဲ့သော်လည်း ယခု အချိန်ထိ ငွေကြေး တစ်စုံတစ်ရာ ပေးခြင်း မရှိဘဲ၊ မော်လ၀ီ နူရ်အာလောမ်က ၎င်း၏ ငွေဖြင့် ဆေးကုနေရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

“ဒီလအတွင်းမှာ နယ်ခြားစောင့်ရဲ တွေက အကြမ်းဖက်တဲ့ ပုံစံနဲ့ တိုက်ခိုက်လာတာက နောက်ထပ် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားအောင် အစိုးရ ကိုယ်တိုင် စနစ်တကျ စီမံချက်နဲ့ ကြိုးစားနေတာကို တွေ့ရတယ်” ဟု ရပ်မိရပ်ဖ တစ်ဦးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus