နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူနှင့် ဘင်္ဘောကွေ့ ကျေးရွာများတွင် အတင်းအဓမ္မ ခိုင်းစေမှုများ ပြုလုပ်လျက်ရှိ



Rohingya Eye
RB News
17.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ကျောက်ပန္ဒူ ကျေးရွာအုပ်စုတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း (၂) ခု၊ တပ်မတော် စစ်စခန်း (၁) ခု ရှိသည်။ ယင်း ကျေးရွာအုပ်စုတွင် အိမ်ခြေ (၈၀၀) ကျော်ရှိပြီး၊ လူဦးရေအားဖြင့် (၉၇၀၀) ကျော် ရှိကြောင်း သိရှိရသည်။ 

ယခုအခါ ရွာအတွင်းရှိ အိမ်ခြေများမှ တစ်လလျှင် နှစ်ကြိမ်ကျ အတင်းအဓမ္မ လုပ်အားပေးနေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

တပ်မတော် စစ်စခန်းတွင် နေ့စဉ် လူ (၃) ဦးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း (၂) ခုတွင် နေ့စဉ် လူ (၅) ဦးစီ နံနက် (၆) နာရီမှ ည (၆) နာရီထိ အတင်းအဓမ္မ လုပ်အားပေး နေရသည်ဟု ဆိုသည်။ တံမြက်စည်းလှည်းခြင်း၊ ရေလောင်းခြင်း၊ ထမင်းချက်ခြင်း၊ အ၀တ်လျှော်ခြင်း၊ အခြား အထွေထွေများ အားလုံးကို နေ့စဉ် ၁၂ နာရီကြာ အဆက်မပြတ် လုပ်ပေးနေရသည်ဟု ဒေသခံများက ပြောပါသည်။ 

ဘင်္ဘောကွေ့ ကျေးရွာတွင် အလားတူ အတင်းအဓမ္မ ခိုင်းစေမှုများ ရှိနေသည်ဟု စုံစမ်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus