နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျွဲများ ၀ယ်ယူလာသူနှင့် အလုပ်သမား များကို ရေတပ်က ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်



MYARF
RB News
1.1.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာမှ ဦးအာရောဖ်အုလ္လာ (ဘ) ဦးဖာကီးသည် ညောင်ချောင်း သားသတ် လိုင်စင်သမား ထံမှ ခွင့်ပြုချက် ရယူပြီး၊ ရသေ့တောင် မြို့နယ်၊ သမီးလှ ကျေးရွာသို့ သွားရောက်ပြီး ကျွဲ (၂၁) ကောင် ၀ယ်ယူ၍ စက်လှေနှစ်စီးနှင့် အလုပ်သမား (၇) ယောက် ငှားပြီး သယ်ယူလာစဉ် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း သေကံခွဆုံ ကျေးရွာသို့ ရောက်သည့်အခါ သေကံခွဆုံ ကျေးရွာ အပြင်ဘက် မြစ်ရှိ ရေတပ်စခန်းမှ တပ်ဖွဲ့ဝင်များက ကျွဲများ တင်ဆောင်လာသော စက်လှေနှစ်စီးကို ရပ်တန့်ခိုင်းပြီး ကျွဲများ ပိုင်ရှင် ဦးအာရောဖ်အုလ္လာနှင့် အလုပ်သမား (၇) ယောက်ကို ကြိုးများဖြင့် ချည်နှောင်ကာ လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် သိန်း (၂၀) ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ရေတပ်မှ တပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုများကြောင့် ဦးအာရောဖ်အုလ္လာနှင့် အလုပ်သမား (၇) ယောက်တို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

Comment ရေးရန်

Rohingya Exodus