March 14, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

လောင်းဒုံ၊ စေတီပြင်မှ နယ်ခြားစောင့်ရဲ များက ဒေသခံများကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်



MYARF
RB News
17.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ (စေတီပြင်) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ကြိမ်ချောင်းဈေးမှ ဈေးသည် တစ်ဦးထံမှ ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

အမှတ် (၅) နယ်မြေ ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းအပိုင်၊ လောင်းဒုံ (စေတီပြင်) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ကင်းလှည့်နေသည့် နယ်ခြားစောင့်ရဲ များက ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် ကြိမ်ချောင်းဈေးရှိ မိမိ၏ ဆိုင်ခန်းသို့ ညအိပ်ရန် သွားနေသည့် အာယားစ် (ဘ) ဦးဂေါ်ဖော်ရ် (အသက် ၂၃ နှစ်) ကို စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် MPT ဆင်းမ်ကဒ် ပါရှိသည့် စမတ်ဖုန်း တစ်လုံး တွေ့ရှိသဖြင့် အမျိုးမျိုး လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်ပြီး ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

အလားတူ တစ်ချိန်တည်းမှာပင် စပယ်ကုံးကျေးရွာမှ အမည်မသိ လူငယ်တစ်ဦးသည် ကြိမ်ချောင်းဈေးမှ နေအိမ်သို့ ပြန်လာနေစဉ် အဆိုပါ နယ်ခြားစောင့်ရဲ များက စစ်ဆေးပြီး၊ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိသဖြင့် လူငယ်၏ အင်္ကျီအိတ်ထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးပြီး လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် (၂) သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ဖေဖော်ဝါရီလ (၅) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် စေတီပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် (၄) ဦးသည် ငါးစကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာမှ ဦးဆွေတာလောမ်နှင့် ဦးဆွေယာဒ်မိုဟာမတ် တို့၏ နေအိမ်များသို့ ဘင်္ဂလားဖုန်း ရှာဖွေရန်ဟု ဆိုကာ နေအိမ်ထဲသို့ အတင်း ၀င်ရောက်ပြီး အမျိုးသမီး နှစ်ဦးကို လူမဆန်စွာ မုဒိန်းကျင့်ခဲ့သည်။ အဆိုပါ မုဒိန်းမှုနှင့် ပတ်သက်ပြီး ငါးခူရ နယ်မြေ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးကို ရပ်ရွာလူကြီးများက နည်းမျိုးစုံဖြင့် တိုင်တန်းခဲ့သော်လည်း တပ်ရင်းမှူးက ကမ္ဘာ့အလယ်တွင် နိုင်ငံ သိက္ခာကျဆင်းစေမည့် လုပ်ရပ်မျိုး ကျူးလွန်ခဲ့သည့် လက်အောက်ခံ တပ်ဖွဲ့ဝင်များကို မည်သို့မျှ အရေးမယူဘဲ မသိဟန်ဆောင် နေကြောင်း ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus